Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Phone News. Show all posts
Showing posts with label Phone News. Show all posts

Sunday, December 29, 2013

သတင်းပေါက်ကြားမှုအတွက် HTC အရာရှိ ၃ ဦး ထောင်ဒဏ် ၁၀ နှစ်ကျ ခံရဖွယ်ရှိ




နှစ်အနည်းငယ်အတွင်းမှာပဲ HTC ရဲ့  လျှို့ ဝှက်သတင်းများ ပေါက်ကြားမှု အတွက် အဓိက တရားခံ ၃ ဦးကို ရှာတွေ့ ခဲ့ပါတယ်။ ယင်း ၂ ဦးစလုံးက HTC ရဲ့  ထိပ်တန်း အရာရှိများ ဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ် ရှိကြောင်း သိရပါတယ်။

ဒီဇိုင်းဌာနမှ ဒုတိယ ဥက္ကဌ Thomas Chien, R&D ဒါရိုက်တာ Wu Hung နဲ့ စီနီယာ မန်နေဂျာ Justin Huang တို့ ဖြစ်ကြောင်း သိရ ပါတယ်။ ယင်း ၃ ဦးဟာ HTC က ဖုန်းနဲ့ ပက်သက်တဲ့၊ ကုမ္ပဏီနဲ့ ပက်သက်တဲ့ သတင်း အချက်အလက်များကို ကုမ္မဏီမှ မထုတ်ဖော်သေးခင်မှာပဲ အပြင် သို့ ရောက်အောင် ပို့ပေးသူများ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရေးကြီးသတင်း အတော်များများ ပေါက်ကြားစေခဲ့ ပါတယ်။ HTC One Max တုန်းက လက်ဗွေ စနစ် ပါမယ်ဆိုတာကို မြှုပ်ကွက်အနေနဲ့ ထားပြီး ထုတ်လုပ်ဖို့ ရည်ရွယ်ပေမယ့် စမ်းသပ် အဆင့်ကာလ မှာတင် အဲ့သတင်းက ထွက် ရှိနေခြင်း ဖြစ်ပါတယ်။ ဒ့ါအပြင် HTC ရဲ့  အတွင်းသတင်း အတော်များ များ ကိုလည်း အခြား ကုမ္မဏီများသို့ ထုတ်ဖော်ပြောကြား ထားကြောင်း စွဲချက်တင်ထား ပါတယ်။

လက်ရှိမှာ HTC မှာ ငွေကြေးအားဖြင့် အရှုံးပေါ်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး Lenovo သို့ ရောင်းချမယ်ဆိုတဲ့ ကောလ ဟာလ တောင် ထွက်ပေါ်နေ ပါတယ်။ ယင်း သတင်းကလည်း ၎င်းတို့ ၃ ဦးကပဲ ဖြစ်ကြောင်း ယုံကြည်နေကြပါတယ်။ ဒါကြောင့်မို့ HTC ဟာ ယင်းရာထူးကြီး အရာရှိ ၃ ဦးကို တရားရုံးမှာ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးသွား ဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်





မန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်း ချခဲ့သည့်၁၅၀၀ကျပ်တန်MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကိုLong Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟုသိရသည်။

“အစ်ကိုတို့က 3G စနစ်၊ဒါကို တချို့ 4G သွားလို့မရဘူးလို့ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကိုသွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူမန်နေဂျာတစ်ဦးကပြောသည်။

MEC သည်CDMA ဖုန်းလိုင်းများကိုZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့်ပြိုင်ဘက်ကုမ္ပဏီသည်ZTE ၏ နည်းပညာများမှာ ခေတ်မီခြင်းမရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေပါက နောင်တစ်ချိန်ပြင်ဆင်ရန် ခက်ခဲမည်ဟု ဝေဖန်ခဲ့ကြသည်။

MEC အနေဖြင့် ZTE သည်မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်းအဆိုပါနည်းပညာသည အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့်4G စနစ်သို့ CDMA များကူးပြောင်းနိုင်ခြင်းမရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင်၎င်းတို့အနေဖြင့်လည်းLTE စနစ်ကို ကူးပြောင်းရန်ရည်ရွယ်ပြီးဖြစ်ကြောင်း MEC ကပြောဆိုခဲ့သည်။

လက်ရှိအချိန်၌မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည်ဟု ကြေညာခဲ့ပြီးတိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေးအော်ပရေတာများသည်လည်3းG, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင် ရွက်သွားမည်ဟုထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌MEC သည်မိုဘိုင်းဖုန်းလိုင်း၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။

Credit: Internet Journal

Wednesday, December 11, 2013

- - - - - ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ - - - - -




ဖုန်းအသုံးပြုသူ တွေအနေနဲ့ မိမိဖုန်းရဲ့ Noti Bar ပေါ်မှာ အင်တာနက်ဖွင့်လိုက်တာနဲ့ အင်တာနက် သင်္ကေတလေးကို တွေ့ဖူးကြမှာပါ ။ အဲဒိ အင်တာနက် သင်္ကေတလေးတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကို သတိထားမိပါလိမ့်မယ် ( E , G , 3G , H , H+ ) စသဖြင့်ပေါ့ ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ သင်အသုံးပြုနေတဲ့ Network Operator ရဲ့ Connetion ကောင်း ၊ မကောင်း ပေါ်မူတည်ပြီး သင်္ကေတလေးတွေ အမြဲတမ်းပြောင်းလဲနေပါတယ် ။ အဲဒိ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်နဲ့ လိုင်းဆွဲအားကို ဖော်ပြပေးပါ့မယ် ။

Meaning Of ‘ G ’

G = 1G ( GPRS ) - G ဆိုရင်တော့ Connection အရမ်းညံ့ပါတယ် ။ ဘာမှလုပ်လို့မရအောင်ကို လိုင်းမကောင်းပါ ။

Meaning Of ‘ E ’

E = 2.5G ( EDGE ) - E ကတော့ အတော်အသင့်ကောင်းတဲ့ သင်္ကေတပါ ။ တစ်ခုခုကို ဒေါင်းလုတ်ဆွဲမယ်ဆိုရင်တော့ အနည်းငယ် ကြာပါလိမ့်မယ် ။

Meaning Of ‘ 3G ’

3G = 3G ( 3rd Generation ) - 3G ပေါ်နေရင်တော့ လိုင်းဆွဲအားကောင်းပါတယ် ။ အားလုံးအဆင်ပြေပြေ သုံးလို့ရတဲ့ အနေအထားပါ ။

Meaning Of ‘ H ’

H = 3.5G ( HSDPA - High Speed Download Packet Access ) - 3G ထက်ပိုပြီး ကောင်းမွန်တဲ့ Connection ပါ ။ အထူးသဖြင့် ဒေါင်းလုတ်ဆွဲဖို့ အကောင်းဆုံး သင်္ကေတ တစ်ခုပါ ။

Meaning Of ‘ H+ ’

H+ ကတော့ H ထက်အနည်းငယ်ကောင်းပြီး 4G မတိုင်ခင်တော့ Connection Symbols တွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးတော့ သင့်ရဲ့ဖုန်းဟာ ဘယ်တုန်းကမှ H ( or ) H+ မပေါ်ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ 4G System ကိုတပ်ဆင်အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။

Meaning Of ‘ 4G LTE ’

4G = Long Term Evolution ( နောက်ဆုံးပေါ် အင်တာနက် Connection လိုင်းပဲဖြစ်ပါတယ် ။ အင်တာနက်ကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် 4G စနစ်သစ်ပါ ။


ဒီသင်္ကေတတွေ အားလုံးရဲ့ ဒေါင်းလုတ်ဆွဲအားနှုန်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် ။

G = 114 Kb
E = 368 Kb
3G = 3.1 Mb
H = 14 Mb
H+ = 168 Mb
4G / LTE = 299.6 Mb

Monday, December 9, 2013

တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များ၌ အင်တာနက်စနစ်ပါ တွဲဖက်ပါဝင်

ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။ ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့ ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက် Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။ ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ၎င်းကဆက်လက်ပြော သည်။

တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံးဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်အသုံးပြုနိုင်ကြောင်း သိရသည်။

တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက် ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။

Credit to Internet Journal


Saturday, December 7, 2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း Code များမှာ...

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
တို့ဖြစ်ပါတယ်။

ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။ ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။


Tuesday, December 3, 2013

အူရီးဒူးက ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်ထားမည်

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီဖြစ်သော အူရီးဒူး (Ooredoo) က ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်သွားမည်ဟု အူရီးဒူး(မြန်မာ)၏ ပြန် ကြားရေးတာဝန်ခံ ဦးစိုးသူရက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် အူရီးဒူးမှ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်မြို့၊ ဆရာစံပလာဇာတွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင်လာရောက်လျှောက်ထားသူများထဲမှ ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးစိုးသူရက “အလုပ်အကိုင်ခေါ်ယူတဲ့ပွဲမှာ လာရောက်လျှောက်ထားကြတဲ့သူတွေကို စိစစ်ပြီး ၀န်ထမ်း ၃၀၀ လောက်ခန့် သွားဖို့ရှိတယ်။ နှစ်ပတ်အတွင်း လျှောက်ထားတဲ့သူတွေဆီကို အကြောင်းပြန်ပေး သွားမယ်”ဟု ပြောသည်။

အဆိုပါပြပွဲတွင် လာရောက်လျှောက်ထားသူ ထောင်ဂဏန်းခန့်ရှိပြီး လက်ရှိတွင် အူရီးဒူးအနေဖြင့် မြန် မာနိုင်ငံအတွက် ၀န်ထမ်း ၈၀ ကျော် ခန့်အပ်ထားပြီး ဖြစ်သည်။

ဝန်ထမ်းများခန့်အပ်ရာတွင် လက်လီအရောင်းဌာနများ၊ ကွန်ရက်ဖြန့်ကြက်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနများ၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနများအတွက် ခန့်ထားသွားမည်ဖြစ် သည်။

ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်း ၅၀၀၀ ခန့်အပ်သွားရန် ပြင်ဆင်နေပြီး ၀န်ထမ်း၏ ၉၉ ရာ ခိုင်နှုန်းအထိ မြန်မာဝန်ထမ်းထားရှိသွားမည်ဟုလည်း အူရီးဒူးက ပြောကြားထားပြီးဖြစ်သည်။

အူရီးဒူးအနေဖြင့် နက်ခ်ဝပ်တည်ဆောက်ခြင်းနှင့် နည်းပညာပိုင်းအတွက် Joint Vendor ကုမ္ပဏီများ ခန့်အပ်လုပ်ကိုင်သွားမည်ဖြစ်ကာ ယင်းအတွက် ကုမ္ပဏီငါးခုခန့်နှင့် ညှိနှိုင်းနေသည်ဟုလည်း ဦးစိုးသူ ရက ဆိုသည်။

၎င်းက “ Joint Vendor လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီလေး၊ ငါးခုလောက်နဲ့ ညှိနှိုင်းနေပြီ။ တရားဝင်ရွေး ချယ်ပြီးရင် ထုတ်ပြန်ကြေညာပေးသွားမယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ကို ပြည်တွင်းအော်ပရေတာနှစ်ခုနှင့် ပြည်ပအော်ပရေ တာ ဖြစ်သော အူရီးဒူး၊ တယ်လီနောတို့ကို ရွေးချယ်ထားပြီး လုပ်ငန်းများ တရားဝင်လုပ်ကိုင်ခြင်း မရှိ သေးပေ။

ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာလိုင်စင်ကို မကြာမီချထားပေးဖွယ်ရှိနေသည့်အတွက် လိုင် စင်ရကုမ္ပဏီများက ၀န်ထမ်းများ ခန့်ထားရေးအတွက်လည်း ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် အော်ပရေတာများအနေဖြင့် လိုင်စင်သက်တမ်း ၁၅ နှစ် အထိ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး အူရီးဒူးအနေဖြင့် ကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

အူရီးဒူးကဲ့သို့ပင် လိုင်စင်ရကုမ္ပဏီ တယ်လီနောကလည်း ၀န်ထမ်းများခန့်အပ်ရန်အတွက် Telenor Myanmar Career Seminar ကို ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆရာစံပလာဇာCo-Operative Business Centre တွင် ပြုလုပ်သွားမည်ဟု သတင်းထုတ် ပြန်ထားသည်။

Saturday, November 30, 2013

1st Mobile & Tablet Fair တပ်မတော်ခန်းမတွင် ကျင်းပမည်


(Credit-မြန်မာ့အလင်းသတင်းစာ၊)


မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသော Mobile & Tablet Fair
ကို တပ်မတော်ခန်းမတွင် ဒီဇင်ဘာ ၇ ရက်မှ ၉ရက်အထိ ကျင်းပသွားမည်
ဖြစ်ကြောင်း သိရသည်။ ၄င်းပွဲတွင် မြန်မာနိုင်ငံဈေးကွက် အတွင်းရှိ နာမည်
ကြီး ဖုန်း အမှတ်တံဆိပ်များဖြစ်ကြသော HTC,Huawei, LG,Samsung,Sing Tech, Cycle Tech, inet, JAS, ThL အစရှိသော အမှတ်တံဆိပ်များပါဝင် ပြသရောင်းချသွားမည့် အပြင် Retail Store ဆိုင်
ကြီးများဖြစ်သော Jay Mart, eCity , Sky Wave, New Fone Mart, Phone Cornet , PAPAYA, KM Mobile ,123it, Time City ,Kan Thar အစရှိသော ဆိုင်ကြီးများ ဝင်ရောက်ပြသသွားမည်ဖြစ်သည်။

GoThere Myanmar , Putet Comic App, Bagan Innovation တို့အပါအဝင် Mobile App များ လည်းဝင်ရောက်ပြသမည်ဖြစ်ပြီး VIP Mobile Training Centre နှင့် Sputnik Mobile Training Centre တို့မှ
လည်း သင်တန်းသားများ တစ်နေရာတည်း အထူးဈေးနှုန်းဖြင့် အပ်နှံ
နိုင်ရန် ဝင်ရောက်ပြသ ပေးသွားမည်ဖြစ်သည်။

အခြား အထူးအစီအစဉ်များအနေဖြင့် ဖုန်း အလဲအထပ်လုပ်လိုသူ
များ အတွက် B2HD မှ ဝန်ဆောင်မှုပေးမည် ဖြစ်ပြီး Retail Shop ဆိုင်ကြီး
များတွင်လည်း အရစ်ကျရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

အကြိုက်တွေ့

ပြပွဲလာရောက်သူများအနေဖြင့် ပစ္စည်းများ လေ့လာကြည့်ရှုဝယ်ယူရင်း
ဗဟုသုတရရှိနိုင်မည့် ပညာရှင်များကိုယ်တိုင် ဝင်ရောက် ဆွေးနွေးသော Technical Talk Forum များကို လည်းကြည့်ရှုနားထောင်နိုင်မည်ဖြစ်ပြီး ကို
နိုင်ဇော် (Lazy Club) ဦးစီးသော ဂီတအဖွဲ့၏ ဖျော်ဖြေမှုမျာကိုလည်းမြိုင်မြိုင်
ဆိုင်ဆိုင် ကြည့်ရှုနားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် နည်းပညာစာအုပ်အများအပြားအပါအဝင် ရသစုံစာပေများကို Myanmar Book Centre မှ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး စာအုပ်ဘူဖေးအစီအစဉ် ကလည်း စာပေချစ်မြတ်နိုးသူများအတွက် အကြိုက် တွေ့စေမည်ဖြစ်သည်။

မေးမြန်းနိုင်

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက Outlab Biz Group ဖုန်း ၀၉ -၃၁၁၁၀၅၀၃ သို့မေးမြန်းနိုင်ကြောင်းသိရသည်။


တယ်လီနောမြန်မာတွင် တိုက်ရိုက် အလုပ်လျှောက်ထားနိုင်မည့် Career Seminar ကျင်းပမည်

တယ်လီနောမြန်မာတွင် တိုက်ရိုက် အလုပ်လျှောက်ထားနိုင်မည့် Career Seminar ကျင်းပမည်

တယ်လီနောမြန်မာရှိ အလုပ်နေရာအဆင့်များအတွက် ပြည်တွင်း
ဝန်ထမ်းများ ခေါ်ယူခန့်အပ်ထားမှုတွင် အထောက်အကူဖြစ်စေမည့် Career Seminar တစ်ခုအား ဒီဇင်ဘာ ၅ ရက်နေ့တွင် Co-Operative Business Centre(ယခင် ဆရာစံပလာဇာ)၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမှုဆောင်
အရာရှိဖြစ်သူ Ms. Tipayarat Kaewsringarm မှ ပြောကြားသည်။

"တယ်လီနောမြန်မာရဲ့ အလုပ်အကိုင်ခန့်ထားရေးအစီအစဉ်က ဝန်ထမ်းအားလုံးအတွက် ထိုက်တန်တဲ့အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့
အကောင်းဆုံး လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်လုပ်ကိုင် လိုတဲ့အလုပ်လျှောက်ထားမှုတွေကိုလည်း နေရာအမျိုးမျိုးအ
တွက် လက်ခံရရှိထားပါတယ်။ ဒီလိုအခြေအနေကြောင့်ရေတိုရေရှည်ဝန်
ထမ်းခန့်အပ်ရေး ဦးတည်ချက် အကောင်အထည်ဖော်နိုင်တော့မှာဖြစ်လို့ အားရကျေနပ်မိပါတယ်" ဟုပြောသည်။

တယ်လီနောမြန်မာအနေဖြင့် ယခုနှစ်သြဂုတ် လတွင် အလုပ်အကိုင်စတင်ခေါ်ယူခဲ့ပြီး ယခုလက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းပေါင်း ၈၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ်မကုန်ခင် အထိ ဝန်ထမ်း၁၆၀ခန့် ခန့်အပ်သွားမည်ဖြစ်ပြီး လာမည့်
နှစ်အကုန်တွင် ဝန်ထမ်း ၁၀၀၀ခန့် တိုက်ရိုက် ခန့်အပ်သွားမည်ဖြစ်ကြောင်း
သတင်း ထုတ်ပြန်ထားသည်။ ထပ်မံပြီး ဒေသခံလုပ်ငန်းပူးပေါင်း လုပ်ကိုင်သူများနှင့် Vendor များမှတစ်ဆင့် အလုပ်အကိုင် ၂၀၀၀ ခန့် ဖန်
တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် Co-Operative Business Centre (ယခင်ဆရာစံပလာဇာ) ၌ ကျင်းပမည့် Career Seminarတွင် အလုပ်လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် CV များအားတိုက်ရိုက်
တင်သွားနိုင်မည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာအလုပ်အကိုင်အခွင့်အလမ်းများ
အားကိုယ်တိုင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ Mr .Petter Furberg(CEO-Telenor Myanmar) ၊Ms. Tipayarat Kaewsringarm(Chief People Officer-Telenor Myanmar) တို့မှဟောပြောသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့်စီ
စဉ်ထားကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား www.telenor.com/myanmar သို့ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အီးမေးလ်ဖြင့် လျှောက်ထားလိုပါက hr.myanmar@telenor.com သို့ပေးပို့နိုင်မည်ဖြစ်သည်။


Wednesday, November 27, 2013

၁၅ဝဝတန်ဖုန်း ချထားပေးခြင်း ရပ်ဆိုင်းမည် မဟုတ်ဟုဆို



ကျပ်၁၅ဝဝတန် မိုဘိုင်းဖုန်း များ ချထားပေးခြင်း ရပ်ဆိုင်း မည့် သတင်းမှာ မှန်ကန်မှုမရှိ ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသိန်းဟုတ်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

အွန်လိုင်းမီဒီယာအချို့တွင် ကျပ် ၁၅ဝဝ ဖုန်းချထားခြင်းကို ဒီဇင် ဘာလမှ စတင်ရပ်ဆိုင်းမည်ဖြစ် ကြောင်း၊ ကျပ် ၂ဝဝဝဝတန် ဖုန်း များကိုသာ လိုသလောက်ချပေး တော့မည်ဖြစ်ကြောင်း ရေးသား ဖော်ပြမှုများနှင့်ပတ်သက်၍ ယနေ့တွင် ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဟုတ်က ''မဟုတ် ပါဘူး။ ကောလာဟလတွေ မယုံပါနဲ့ ။ ဆက်ချပေးမှာပါ'' ဟုပြောသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆသည် ယခုအချိန်ထိထပ်မံချထားပေးရန် လိုအပ်နေသေးကြောင်း MPTက သုံးသပ်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တစ်လုံးဈေးနှုန်းသည် ၂ဝဝ၉ ခုနှစ်အထိ တစ်လုံးကျပ်၁၅သိန်း ထိရှိနေရာမှ ၂ဝ၁ဝပြည့်နှစ်တွင် ကျပ်ငါးသိန်းတန်အဖြစ် ချပေး ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ကျပ် နှစ်သိန်းသို့လည်းကောင်း၊၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁၅ဝဝသို့လည်း ကောင်း အသီးသီးလျော့ကျလာ ခဲ့သည်။ လက်ရှိ အစိုးရသစ် လက်ထက်တွင်ကျပ်နှစ်သိန်းဖြင့် စတင်ချပေးစဉ်မှ အစပြုပြီး ပြည်သူအများစု ဖုန်းကိုင်လာ နိုင်ခဲ့ပြီး၂ဝ၁၃ခုနှစ်တွင် လူတန်း စားမရွေးကိုင်နိုင်သည့် ကျပ် ၁၅ဝဝ အဆင့်သို့ရောက်ရှိလာ
ကြောင်းသိရသည်။

မိုဘိုင်းဖုန်း နည်းစနစ်တွင်လည်း ယခင်GSM နှင့် CDMA နှစ်မျိုးအသုံး ပြုခဲ့ပြီး ယခုအခါ WCDMA အဆင့်ထိ နည်းပညာတိုးမြှင့် အသုံးပြုခွင့်ရရှိလာခဲ့သည်။

Tuesday, November 19, 2013

မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီစဉ်

မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီစဉ် နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ်ရှိသည့် Mobile Non Service ပေါ်ပေါက်လာပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ၂၄ နာရီ ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။ ပြည်သူ့လွှတ်တော်၌ ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည် အိမ်မှနေ၍ မိမိ လို သလောက် ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။

နိုင်ငံတကာတွင် အသုံးပြုသည့် နည်းစနစ်များ အတိုင်း အဆင်ပြေစွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို ဝန်ြကီးဌာနမှ တိုးချဲ့ဆောက်ရွက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန် အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို မူဈေးကွက်အတွင်း၌ ဆက်လက် ထားရှိသွားမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပုံမှန်အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို ပုဂ္ဂလိကကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။

စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍ ရောင်းချရသည့် အတွက် ၂ ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။

ref:MMAS

ဆင်းမ်ကတ်ဖြန့်ချိရေးနှင့် လက်လီအရောင်းဆိုင်များ တယ်လီနော ဖိတ်ခေါ်

ပြည်တွင်း၌ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီဖြစ်သော တယ်လီနောက ဖြန့်ချိ ရေးနှင့် လက်လီအရောင်းဆိုင် လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များကို စတင် ခေါ်ယူနေသည်ဟု နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မြို့ Traders ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Telen- or Myanmar ၏ Chief Marketing Officer Mr.Sharad Mehrotra က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တယ်လီနော၏ ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်နှင့် အခြား အပိုဆောင်း ၀န်ဆောင် မှုများအပြင် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများ ရောင်းချ ၀န်ဆောင်မှုပေးနိုင်မည့် ဆိုင်များကို စတင် ခေါ် ယူခြင်းဖြစ်သည်ဟု ဆိုသည်။

“တယ်လီနောရဲ့ ထုတ်ကုန်တွေကို တစ်နိုင်ငံလုံး ဖြန့်ချိပေးနိုင်မယ့် အရောင်းဆိုင်တွေကို စတင်ဖိတ်ခေါ် ပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေ ၉၀ ရာခိုင်နှုန်းလောက်အထိကို ၀န်ဆောင်မှုပေးနိုင်ဖို့ ပြင်ဆင်ထားပြီး ဖုန်းဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းနိုင်မယ့် ဆိုင်တွေကို ဖိတ်ခေါ်တာပါ”ဟု Mr.Sharad Meh- rotra က ပြောသည်။

တယ်လီနော၏ ဖြန့်ချိရေးပိုင်းနှင့် လက်လီအရောင်းဆိုင်များအတွက် လုပ်ကိုင်လိုသူများအနေဖြင့် Tele- nor Myanmar ၏အင်တာနက်စာမျက်နှာဖြစ်သော www.telenor.com^myanmar တွင် လျှောက်လွှာ များ ရယူဖြည့်သွင်းပြီး Partner.myanmar@telenor.com.mm သို့လည်း ပေးပို့လျှောက်ထားနိုင်သည်။

တယ်လီနော်သည် မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက် တည်ဆောက်ရန် တရုတ်နိုင်ငံအခြေစိုက် Huawei နှင့် အိန်္ဒိယနိုင်ငံအခြေစိုက် VIOM ကုမ္ပဏီတို့နှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကာ ပြည်တွင်း နည်း ပညာကုမ္ပဏီအချို့နှင့်လည်း တွဲဖက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားသည်ဟု Telenor Myanmar ၏ အမှု ဆောင်အရာရှိချုပ် Mr.Petter Furberge က ပြောသည်။

“နက်ခ်ဝပ်ပိုင်းတည်ဆောက်ဖို့လည်း ကုမ္ပဏီနှစ်ခုကို ရွေးချယ်ထားတာရှိတယ်။ ပြည်တွင်း နည်းပညာ ကုမ္ပဏီအချို့နဲ့လည်း တွဲဖက်လုပ်ကိုင်နိုင်အောင် ပြုလုပ်သွားမယ်။ အရောင်းပိုင်းဆိုင်ရာကိုတော့ ပြည် တွင်းလုပ်ငန်းရှင်တွေနဲ့ ရာနှုန်းပြည့် လုပ်ကိုင်သွားမယ်”ဟု မဇ္ဈိမ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းလိုင် စင်ချထားပေးမှုကို စောင့်ဆိုင်းလျက်ရှိပြီး လိုင်စင်ရရှိပြီးရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်း ချပေးနိုင်မည်ဟု တရားဝင် သတင်းထုတ်ပြန်ထားသည်။

ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများကို အော်ပရေတာလေးခုက လုပ်ကိုင်သွားမည်ဖြစ်ပြီး ပြည်တွင်း ကုမ္မဏီ နှစ်ခုနှင့် ပြည်ပကုမ္မဏီနှစ်ခုတို့က လုပ်ကိုင်သွားမည်ဖြစ်ကာ ပြည်ပကုမ္မဏီများအဖြစ် နော်ဝေ နိုင်ငံအခြေစိုက် တယ်လီနောနှင့် ကာတာနိုင်ငံအခြေစိုက် အူရီဒူးကုမ္မဏီတို့က လုပ်ကိုင်မည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းဆင်းကတ်တွေနဲ့ ငွေဖြည့်ကတ်တွေ မြန်မာနိုင်ငံအနှံ့ ရောက်ရှိစေဖို့

မိုဘိုင်းလ်ဖုန်းဆင်းကတ်တွေနဲ့ ငွေဖြည့်ကတ်တွေ မြန်မာနိုင်ငံအနှံ့ ရောက်ရှိစေဖို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လက်တွဲသွားမယ်လို့ တယ်လီနော်မြန်မာက နိုဝင်ဘာ ၁၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

လမ်းဘေးဆိုင်တွေမှာ ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ဝယ်ယူနိုင်မယ့် အာရှဖြန့်ချိရေးစနစ်ကို နမူနာယူပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ဒေသခံလုပ်ငနှ်းရင်တွေကို မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်မှာဖြစ်တယ်လို့ ကုန်သည်ကြီးများဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ခေတ်မီ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကနေ ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို အကျိုးရှိစေဖို့ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်ပြီး လုပ်ငန်းစတင်ချိန်ကနေ ၅နှစ်အတွင်း လက်လီအရောင်းဆိုင်ပေါင်း တစ်သိန်းပါဝင်တဲ့ ဖြန့်ချိရေးကွန်ရက်ကို အကောင်အထည်ဖော်မှာဖြစ်လို့ တယ်လီနော်မြန်မာ အင်တာနက်စာမျက်နှာကနေ လျှောက်လွှာတင်လို့ ရပြီလို့ ဆိုပါတယ်။

ဆယ်သွယ်ရေးဝန်ဆောင်မှုအဖြစ် လိုင်စင်ရဖို့စောင့်ဆိုင်းနေဆဲ တယ်လီနော်မြန်မာနဲ့ Ooredoo မြန်မာ ကုမ္ပဏီ နှစ်ခုဟာ ဒီဇင်ဘာလမှာ လိုင်စင်ရဖို့ မျှော်လင့်နေပြီး လာမယ့် ဇွန်လမှာ 2G နဲ့ 3G ဆင်းကတ်တွေကို စတင်ရောင်းချမယ်လို့ ခန့်မှန်းထားကြပါတယ်။

Thursday, October 31, 2013

ဖုန်း Bill ဖြည့်မရဖြစ်နေပါသလား!!!!!


ခုတလော ငွေဖြည့်မရတာ၊ ငွေလွဲ ပို့ရင် မရောက်တာတွေ တော်တော်များများ ကြားလာရ

ပါတယ်။ ရောင်းသူနဲ့ ဝယ်သူကြားမှာ တစ်ယောက်နဲ့တစ်ယောက် သံသယ စိတ်တွေဝင်ပြီး ပြဿနာ

တက်ရတာလဲ ဖုန်းဆိုင်တိုင်း၊ငွေဖြည့်ကဒ်ရောင်းသူတိုင်း ဖုန်းကိုင်ဆောင်သူတိုင်း ကြုံခဲ့ပြီးသားဖြစ်မှာပါ။

 ဒီပြဿနာမှာ ဝယ်သူရော ရောင်းသူရော မမှားကြပါဘူး။ ဝယ်သူနဲ့ရောင်းသူ ကြားထဲက သံသယ

 စိတ်တွေကင်းစေဖို့ သက်ဆိုင်ရာ sever ဖုန်းကိုခေါ်ဆိုမေးမြန်းခြင်းဖြင့် သိရှိ နိုင်ပါတယ်။

ငွေဖြည့်ကဒ် error များအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်များ...

GSM/WCDMA ကဒ်များအတွက် 01-555476

CDMA 800 MHz(73 ဖြင့်စသော)၊450 MHz ကဒ်များအတွက် 09-73111111

1500 Ks CDMA 800(MEC Tel) ကဒ်များအတွက် Call Canter -1212

Ytalk international calling card များအတွက် 09-73174871

အထက်ဖော်ပြပါ ဖုန်းများမှ သက်ဆိုင်ရာ ဖုန်းများ သို့ ခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။

သက်ဆိုင်ရာဖုန်းကိုဆက်ပီးတော့ ဖြစ်နေတဲ့ အကြောင်းအရာကိုပြောပြပါ၊ serial no. တောင်းပါလိမ့်မယ်။

error ဖြစ်နေတဲ့ bill ကဒ် အပေါ်က serial no. ကိုပြောပြလိုက်ပါ။ အသုံးမပြုရသေးဘူးဆိုရင်

အသုံးမပြုရသေးပါဘူးပြောပြီးတော့ သုံးပြီးသားဆိုပါက ဘယ်နေ့ ဘယ်အချိန်က ဘယ်ဖုန်းနံပါတ်

ကို ငွေဝင်သွားပါပြီဆိုတာကို တိတိကျကျ ပြောပြပါလိမ့်မယ်။

ဝယ်သူ နဲ့ ရောင်းသူ ကြား သံသယ စိတ်တွေ ကင်းရှင်းကြပါစေ။