Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Technology News. Show all posts
Showing posts with label Technology News. Show all posts

Sunday, December 29, 2013

ကာတာနိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်းတွင် လိုင်စင်မရှိသော Windows 7 များ အသုံးပြုနေဟုဆို


ကာတာနိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်းရှိ စစ်သားတစ်ဦးက ပညာရေးစင်တာရှိ ကွန်ပျူတာ ၁၈လုံးတွင် လိုင်စင်မရှိသော Windows 7 ကို အသုံးပြုထားကြောင်းတွေ့ရှိခဲ့ပြီး ၎င်းတို့ကို ဓာတ်ပုံရိုက်ယူကာ TorrentFreak တွင် ပြသခဲ့ကြောင်း သိရသည်။

၎င်းစစ်သားသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသော်လည်း စစ်တပ်တွင် ကာလကြာရှည်စွာ စစ်မှုထမ်းနေသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စစ်သားသည် စစ်တပ်သုံးကွန်ပျူတာများတွင် လိုင်စင်မရှိသော ဆော့ဖ်ဝဲလ်များ အသုံးပြုထားခြင်းကို ဦးဆုံး မြင်တွေ့ခဲ့ပြီးနောက် ၎င်း၏အထက်လူကြီးများသို့ အသိပေးမှု ပြုလုပ်ခဲ့သည်။

ပညာရေးစင်တာ အနေဖြင့် မှုရင်း key များပျောက်ဆုံးခဲ့သောကြောင့် လိုင်စင်မရှိသော Windows 7 ကိုအသုံးပြုခဲ့ဖွယ်ရှိကြောင်း ဆိုသည်။ ထူးခြားချက်မှာ ကာကွယ်ရေးဌာန သည် ကာကွယ်ရေး သတင်းအချက်အလက် အေဂျင်စီ၊ လေတပ် နှင့် စစ်တပ် ကွန်ပျူတာများတွင် Windows 8 အသုံးပြုရန် Microsoft နှင့် ဒေါ်လာ ၆၁၇ သန်းတန်ဖိုးရှိ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသော်လည်း လိုင်စင်မရှိသော Windows 7 ကို ပညာရေးစင်တာ များ၌ အသုံးပြုနေခြင်း ဖြစ်သည်။

Ref: IBTimes
Internet Journal

Saturday, December 7, 2013

Facebook မှာ သနား Like မြင်တွေ့ရမည်


သနား Like, ကိုယ်ချင်းစာ Like , Sympathize like ဆိုတဲ့ အရာမျိုးကို Facebook မှာ ရမယ်ဆိုရင် စာဖတ်သူတို့ လိုချင်ပါသလား။ သူက Like Buttom က လက်မထောင်နေတဲ့ လက်ထဲမှာ ပန်းစီးလေးပါဝင် မှာ ဖြစ်ပါ တယ်။

ရည်ရွယ်ချက် ကတော့ ဒီလိုပါ။ မိမိ မိတ်ဆွေ သူငယ်ချင်းတွေထဲက တစ်ယောက်ဟာ အလုပ်ပြုတ်ကြောင်း၊ သို့မဟုတ် သူနဲ့ သက်ဆိုင်ရာ တစ်ဦး တစ်ယောက်က ကွယ်လွန်လို့ လည်းကောင်း Status update သို့မဟုတ် Post တစ်မျိုးမျိုး တင်တဲ့အခါ အောက်ကနေ Symphathize Like လို့ခေါ်တဲ့ သနားကြင်နာ Like ကို အသုံးပြု နိုင်စေမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ယင်း Like ကိုပေးဖို့က Facebook က တင်တဲ့ Post ကိုစက်နဲ့မှတ်ပြီး Symphtize Like buttom ပေးခွင့်မပေးခွင့် ဆုံးဖြတ်မှာလား၊ Post Owner က ဆုံးဖြတ် မှာ လား၊ သို့မဟုတ် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်စေမယ့် Feature တစ်ခု လား ဆိုတာ မသိရသေး ပါဘူး။

ဒီအတွက် Facebook က အင်ဂျင်နီယာတို့ အတည်ပြုဆဲသာ ရှိသေးပြီး တရားဝင်တောင် မကြေညာရသေး ပါဘူး။ သို့ပေမယ့် Symphatize Like နဲ့ ပက်သက်တဲ့ အချက်အလက် အချို့ ကိုတော့ Facebook မှ ပြောရေးဆိုခွင့် ရှိသူအချို့ က ပြောဆိုနေပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ Symphathize like buttom ကို ၂၀၁၄ ခုနှစ်အတွင်း မြင်တွေ့ရ ဖွယ် ရှိကြောင်း သိရ ပါတယ်။



.

Friday, December 6, 2013

မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးဟုဆို



ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။
အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ၂၀၁၃ ခုနှစ် မေလက သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ဂျပန်အစိုးရ၏ ODA ချေးငွေမှ အကူအညီဖြင့် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ) က တာဝန်ယူ စီမံခန့်ခွဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခုစီမံကိန်းကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးတို့တွင် အင်တာနက်သုံးစွဲမှု အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ နီးချိန်များတွင် အင်တာနက် မြန်လာမည်ဟု ဆိုသော်လည်း ပိုမို နှေးကွေးလာသဖြင့် ဝေဖန်မှုများ ရှိနေသည်။
“SEA Games နားနီးရင် အင်တာနက် မြန်မယ်သာပြောတာ။ ဒီရက်ပိုင်းမှာ အင်တာနက်က ပိုစုတ်ချာလာတယ်။ ဒီအတိုင်းဆို မလွယ်ဘူး” ဟု Web Programmer တစ်ဦးဖြစ်သူ ဦးစိုးမိုးက ဆိုသည်။
အဆိုပါ စီမံကိန်းတွင် ရန်ကုန်-မန္တလေး-နေပြည်တော် 30 Gb အမြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်ခြင်း၊ အဆိုပါ မြို့များတွင် 4G LTE ကွန်ရက်နှင့် 10 Gb မိုဘိုင်းလ် အင်တာနက်စနစ် တည်ဆောက်ခြင်း၊ LTE Station ၅၀ ကို မြို့ကြီး သုံးမြို့တွင် တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ဂျပန်ကုမ္ပဏီများက ကြေညာခဲ့သည်။
အဆိုပါ စီမံကိန်းကြောင့် အင်တာနက် အသုံးပြုသူ တစ်သန်း၊ တယ်လီဖုန်းလိုင်း ၁ ဒသမ ၅ သန်းနှင့် LTE စနစ် သုံးစွဲသူ ၄၀,၀၀၀ ထပ်မံတိုးချဲ့နိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

Thursday, December 5, 2013

အိမ်ရှေ့အထိ ပစ္စည်းပို့ပေးမယ့် အမေဇုန်ရဲ့ လောကဓာတ်ယာဉ်ပျံ


နည်းပညာခေတ်မှာ အွန်လိုင်းကနေ ဈေးရောင်းတာ ကြာပါပြီ။
ပစ္စည်းကို ၀ယ်ယူသူထံအရောက် စာတိုက်ကနေ ပို့ပါတယ်။

ဟော....အခုတော့ ရောင်းလိုက်တဲ့ပစ္စည်းကို အာကာသယာဉ်လိုလို၊ ဘာလိုလို မောင်းသူမဲ့ယာဉ်ငယ်တခုသုံးပြီး ပို့ဆောင်တဲ့နည်းကို အမေဇုန်အွန်လိုင်းဈေးဆိုင်ကြီးက တနင်္ဂနွေနေ့မှာ မိတ်ဆက်လိုက်ပါပြီ။

 Amazon Prime Air လို့ အမည်သညာရှိတဲ့ လောကဓာတ်ယာဉ်ပျံနဲ့ ပစ္စည်းပို့ခြင်းဟာ  “လေးနှစ် သို့တည်းမဟုတ် ငါးနှစ်”အတွင်း ဖြစ်လာပါတော့မယ် လို့ အမေဇုန်အွန်လိုင်းဈေးဆိုင်ကြီးရဲ့  စီအီးအို  Jeff Bezos က ဆိုပါတယ်။

နည်းပညာဆန်းရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကမ္ဘာကြီး ပြောင်းလဲတော့မယ်ထင်ပါရဲ့။

အဲဒီ လောကဓာတ်ယာဉ်ပျံက ပစ္စည်းအလေးချိန် ငါးပေါင် အထိ သယ်နိုင်မယ်၊ ခရီးအကွာအဝေးကတော့ ဆယ်မိုင်အထိ သွားနိုင်မယ် တဲ့။

လောကဓာတ်ယာဉ်ပျံအကြောင်း မဆက်ခင် အွန်လိုင်းမှာ ဈေးအရောင်းအ၀ယ်ဖြစ်ကြပုံကို လေရှည်ပါရစေ။ ဧရာဝတီဘလော့ပရိသတ် သည်းခံကြပါ။ သိပြီးသူများ၊ အချိန်ဆင်းရဲလွန်းသူများ ကျော်ဖတ်သင့်ပါ၏။


 အွန်လိုင်းမှာ ဈေးအရောင်းအ၀ယ်ဖြစ်ကြပုံ

အွန်လိုင်း မပေါ်ခင်ကတော့ စာတိုက်ကို ကြားခံထားပြီး ရောင်းကြ ၀ယ်ကြတယ်။ အွန်လိုင်းခေတ်မှာတော့ အရောင်းအ၀ယ်က ပိုပြီး မြန်ဆန်လာတယ်။
အရောင်းဆိုင်က သူ့မှာရှိတဲ့ပစ္စည်းကို အွန်လိုင်းမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြတယ်။ ၀ယ်လိုသူက အဲဒီပုံတွေ ဈေးနှုန်းတွေ ကြည့်ပြီး နှစ်သက်ရာ ၀ယ်လိုက်ရုံသာ။
ငွေချေဖို့အတွက် ၀ယ်သူမှာ သတ်မှတ်စည်းကမ်းနဲ့ကိုက်ညီတဲ့ ဘဏ်ကတ်တို့ အကြွေးဝယ်ကတ်တို့ ရှိရမယ်။ ကတ်နံပါတ် ကတ်ပိုင်ရှင်အမည် ပို့ရမယ့် လိပ်စာ စသဖြင့်တို့ကို အွန်လိုင်းမှာ တလုံးချင်း ရိုက်ထည့်ရုံပဲ။
ဆိုင်ရှင်က ကိုယ့်ကတ်ထဲကငွေကို သူ့နည်းသူ့ဟန်နဲ့ ရယူမယ်၊ မှာတဲ့ပစ္စည်းကို ထုပ်ပိုးပြီး လိပ်စာအတိုင်း ပို့လိုက်ရုံသာ။


(မြန်မာပြည်မှာလည်း ဘဏ်ကတ်တို့ အကြွေးဝယ်ကတ်တို့ အသုံးများလာရင် အွန်လိုင်းကနေ ရောင်းဝယ်ကြပါလိမ့်မယ်။ ခုတော့ လမ်းဟောင်းကြီးအတိုင်း ဆက်လျှောက်ကြတာပေါ့။)

လုပ်ငန်းကြီးရင် ကြီးသလို ဆိုင်ရှင်မှာ အလုပ်သမားတွေ ခန့်ထားမယ်။ တကိုယ်တော်သမားတို့ရဲ့ လုပ်ငန်းသေးသေးလည်း ရှိတာပါ။

ကိုယ်ဆက်သွယ်မယ့် အွန်လိုင်းဈေးဆိုင်ကို တခြားသူတွေက ယုံကြည်မှုဘယ်လောက်ရှိသလဲ ဆိုတာမျိုးကိုလည်း အွန်လိုင်းကနေပဲ စုံစမ်းနိုင်ပါတယ်။
- စိတ်ချရတယ်၊ မြန်ဆန်သွက်လက်တယ် သို့သော် ဆက်ဆံရေး သိပ်အကောင်းကြီးမဟုတ်
- ဝန်ဆောင်မှု အသင့်အတင့်ပဲ ရှိတယ်
- ပစ္စည်းစုံတယ် သို့သော် ကြော်ငြာထားသလိုမဟုတ်ဘဲ သောက်တလွဲ လုပ်တတ်တယ်
စသဖြင့် စသဖြင့် မှတ်ချက်တွေ၊ ဝေဖန်ချက်တွေ၊ သတင်းတွေ အွန်လိုင်းမှာ ရှာဖတ်နိုင် ရနိုင်ပါတယ်။
သတင်းဆိုတာကလည်း သောက်တလွဲဖြစ်တတ်တာကိုတော့ သတိချပ်ရမယ်။ ဒါက ယုံကြည်ရမှုအကြောင်း။
ဆိုင်အများစုကတော့ ယုံကြည်ရပါတယ်လို့ လိုတိုရှင်း ပြောရပါလိမ့်မယ်။

ဈေး သက်သာသလား။
ဈေး မများဘူးလို့ ဆိုရမယ်။ ဘယ်ဆိုင်က ဈေးအပေါဆုံးလဲ ဆိုတာလည်း စုံစမ်းရ လွယ်တယ်။
ပြင်ပစတိုးဆိုင်ကြီးများထက် ဈေးပေါတာကလည်း မဆန်းပါဘူး။
အွန်လိုင်းသမားက ဆိုင်ခန်းခနဲ့ တခြားစရိတ်တွေ မကုန်ဘူး ဆိုတော့ အမြတ် သိပ်တင်စရာ မလိုဘူးပေါ့။ ဒါက ဈေးပေါရခြင်းအကြောင်း။

ဆိုင်ခန်းခ မကုန်ပေမယ့် လုပ်ငန်းကြီးရင် ကြီးသလို ဂိုဒေါင် ကြီးကြီးလိုမယ်။ အမေဇုံလိုအထင်ကရတွေဆို ဧရာမဂိုဒေါင်တွေ ရာနဲ့ချီ ရှိလိမ့်မယ်။ တထောင်ကျော်တောင် ရှိမလားပဲ။
နိုဝင်ဘာ ၂၉ ဘန်ကောက်ပို့စ်သတင်းစာ စီးပွားရေးစာမျက်နှာ B9 မှာ ရေးထားချက်အရ ဆိုရင် အမေဇုံမှာ ၀န်ထမ်း စုစုပေါင်း ၇ဝ,ဝဝဝ ရှိသတဲ့။ စက်ရုပ်အရေအတွက်က ၁,၄ဝဝ နီးပါး။
စက်ရုပ်ကတော့ ပစ္စည်းထုပ်ပိုးတာမျိုး လုပ်ပါလိမ့်မယ်။

အနောက်တိုင်းနိုင်ငံများထဲမှာ အမေရိကန်က အွန်လိုင်းဈေးကွက် အဖြစ်ထွန်းဆုံးလို့ ဆိုနိုင်မယ် ထင်တယ်။
သူက နိုင်ငံလည်း ကျယ်၊ လူလည်း များတာကြောင့် အဲသလို ထင်ရတာပါ။
အမေဇုံ ဝန်ထမ်းတွေက အမှာစာအတိုင်း ပစ္စည်းတွေ စာတိုက်က ပို့ကြပါတယ်။


လောကဓာတ်ယာဉ်ပျံလေးက ပစ္စည်းချပြီးတာနဲ့ ထွက်သွားမယ်။ မှာယူသူက သွားကောက်ယူရုံပဲ လို့ ရုပ်သံမှာ အမေဇုန်က ခပ်ကြွားကြွား ပြထားလေရဲ့။
လောကဓာတ်ယာဉ်ပျံနဲ့ ပို့တော့မယ်

ဘယ်မြို့ကပဲမှာသည်ဖြစ်စေ   နိုင်ငံအနှံ့ ဂိုဒေါင်တွေရှိတဲ့ထဲက အဲဒီမြို့ရွာရပ်ကွက်နဲ့ အနီးဆုံးဂိုဒေါင်ကနေ ပို့ပါလိမ့်မယ်။
စာတိုက်က ပို့တာ ကြာတယ်၊ တညအိပ် နှစ်ညအိပ် ကြာနိုင်တယ်။ ၀န်ဆောင်ခ ပိုယူပြီး နေ့ချင်းရောက် ပို့တာလည်း ရှိတယ်။ ညမအိပ်တောင်မှ နာရီပေါင်းများစွာ ကြာနိုင်တယ်။
ဟော အခု လောကဓာတ်ယာဉ်ပျံနဲ့ ပို့တော့မယ် လို့ ကြွားလုံးထုတ်ထားတယ်.... တကယ် ဖြစ်လာနိုင်တာပဲ။
ပစ္စည်းတိုင်းကိုတော့ အဲသလို မပို့နိုင်ဘူး။ ငါးပေါင်အထိပဲ သယ်နိုင်တယ် ဆိုသကိုး။
ပုံမှန်ပို့ခနှုန်းပဲပေးမယ်ဆိုရင်လည်း  အဲသလို မပို့နိုင်ဘူး။ အဲဒီယာဉ်ပျံကို ထိန်းချုပ်တဲ့ကုန်ကျစရိတ်က အတော်များမယ်လေ။
အထူးမြန်တဲ့စနစ်နဲ့ ဆိုရင်တော့ ပို့ခကိုလည်း အထူး ယူပါလိမ့်မယ်။
ဘာတွေ ဖြစ်လာမလဲ
နည်းပညာရူးသွပ်သူများထဲမှာမှ ထူးထူးဆန်းဆန်းကို စမ်းသပ်လိုသူတွေ၊ မှာတဲ့ပစ္စည်းကို နာရီပိုင်းအတွင်း အမှန်တကယ်လိုအပ်သူတွေက အဲဒီ အမေဇုံယာဉ်ပျံနဲ့ ပို့ဆောင်နည်းကို ရွေးကြလိမ့်မယ်။ ကုန်သလောက် ပေးကြလိမ့်မယ်။

ခြံနဲ့ဘာနဲ့ အိမ်ကြီးရခိုင်နဲ့နေသူများ အဆင်ပြေမယ်။ မိုးရွာ နှင်းကျလွန်းရင်တော့ ခက်မယ်။
ကွန်ဒိုမှာနေ၊ အဆောင်မှာနေ တိုက်ခန်းငယ်တွေမှာ နေသူတွေကို ဒီယန္တယားယာဉ်ပျံက ဘယ်လို ဆက်သွယ်မလဲ။

အဲဒီယာဉ် လမ်းမှာ တိုက်ခိုက်ခံရ၊  သို့မဟုတ် မတော်တဆဖြစ်ပြီး ပျက်ကျရင် ပစ္စည်းပျောက်မယ်။ ပြဿနာတွေ တက်မယ်။

လူတွေ အိမ်တွေကို ထိခိုက်မိရင် တရားစွဲခံရမယ်။ အနောက်တိုင်းသားတို့က ထစ်ခနဲရှိ တရားစွဲတာပဲ။

 
အမေဇုံရဲ့ စိတ်ကူးယဉ်ဆန်ဆန် ပစ္စည်းပို့နည်းသတင်းကို နိုင်ငံတကာမှာ ဖော်ပြနေကြတာ .. .  စာဖတ်သူတယောက်ကတော့ ... အနာဂတ်မှာ ရေခဲသေတ္တာတွေကိုများ လေထဲကနေ ပို့လာလေမလား လို့ အတွေးပွားနေမိတယ် တဲ့။

 ပေါက်ကွဲစေတတ်တဲ့၊ ဓာတုပစ္စည်းလိုမျိုး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုရော ဒီနည်းနဲ့ ပို့မှာလားလို့ တချို့က မေးနေတယ်။

 ဖြစ်နိုင်ချေတွေကတော့ အများကြီးပါပဲ။

အဲဒီစက်ယာဉ်ပျံစီမံကိန်း အကောင်အထည်ပေါ်သည် မပေါ်သည်၊ အစိုးရမင်းတို့ ခွင့်ပြုသည် မပြုသည်ဆိုတာကိုတော့ အမေဇုံ ပြောထားတဲ့ လာမယ့်လေးငါးနှစ်အတွင်း သိရပါမယ်။

အပြိုင်အဆိုင်များလွန်းတဲ့ အွန်လိုင်းဈေးဆိုင်လုပ်ငန်းမှာ အမေဇုံက တပါးသူတွေထက် နှာတဖျား သာသွားပြီလို့ ဆိုနိုင်ပါတယ်။
ဧရာဝတီ Myanmar News

Tuesday, December 3, 2013

အိုင်ဆွန် ကြယ်တံခွန် မြန်မာနိုင်ငံ မြိ့ ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်းမည်


၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းမှ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ အတွင်း
ကမ္ဘာနှင့် အနီးဆုံး ဆုံမှတ်သို့ ချဉ်းကပ် ရောက်ရှိလာမည့် အိုင်ဆွန် ကြယ်တံခွန်ကို ရုရှားနိုင်ငံမှ သိပ္ပံပညာရှင် နှစ်ဦး စတင်ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

အိုင်ဆွန် ကြယ်တံခွန်သည် မြန်မာနိုင်ငံရှိ မြို့ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်းသွားမည် ဖြစ်ပြီး စိတ်ဝင်စားသူများ အနေဖြင့် သာမန် မျက်စိဖြင့်ပင် လေ့လာ တွေ့ရှိနိုင်မည်ဟု မြန်မာနိုင်ငံ နက္ခတ်ပညာ ရှင်များ အသင်းမှ သိရသည်။

အိုင်ဆွန် ကြယ်တံခွန်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ဝန်းကျင်တွင် ကမ္ဘာနှင့် အနီးဆုံးသို့ ချဉ်းကပ် ရောက်ရှိလာမည် ဖြစ်သည်။ အဆိုပါ ကြယ်တံခွန်သည် မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာ ၁၄ ရက် မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီတွင် မြိတ်မြို့မှ လည်းကောင်း၊

ဒီဇင်ဘာ ၁၅ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ထားဝယ်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၃ မိနစ်တွင် ရန်ကုန်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်မှ လည်းကောင်း၊

နိုဝင်ဘာ ၁၈ ရက် မြန်မာစံ တော်ချိန် နံနက် ၉ နာရီ ၅၇ မိနစ်တွင် မန္တလေး မြို့ပေါ်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မြန်မာ စံတော်ချိန် နံနက် ၉ နာရီ ၅၄ မိနစ်တွင် မြစ်ကြီးနား မြို့ပေါ်မှ လည်းကောင်း ဖြတ်သန်း သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံပေါ်မှ အိုင်ဆွန် ကြယ်တံခွန် ဖြတ်သန်းချိန်တွင် ကြယ်တံခွန်သည် ပင်လယ်ရေ မြွေကြယ်စု (Serpens Caput) အတွင်း၌ ရွေ့လျား တည်ရှိ နေလိမ့်မည်ဟု သတင်း ရရှိသည်။

''အိုင်ဆွန် ကြယ်တံခွန်က နေမင်း တည်ရှိရာ နေရာကို ဦးတည် သွားနေပြီး နိုဝင်ဘာ ၂၉ ရက် မြန်မာ စံတော်ချိန် နံနက် ၅ နာရီခွဲမှာ နေနဲ့ အနီးဆုံး ဆုံမှတ်ဖြစ်တဲ့ မိုင်ပေါင်း သန်းပေါင်း ၁၁ ဒသမ ၆ သန်း အကွာ အဝေးနေရာကို ရောက်ရှိ လာပါလိမ့်မယ်။

ကြယ်တံခွန်ဟာ နေနဲ့ နီးလာတာနဲ့ အမျှ ပေါက်ကွဲအား ပိုမို ပြင်းထန်ပြီး အလင်းရောင် ပိုမို ဖြာထွက်လာတာကိုလည်း တွေ့မြင် လေ့လာနိုင်မှာပါ'' ဟု မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အသင်းမှ ဦးဇေယျာကိုက ရှင်းပြခဲ့သည်။

''အိုင်ဆွန် ကြယ်တံခွန်ကို နိုင်ငံတကာ နက္ခတ် သိပ္ပံပညာရှင်တွေက လာမယ့် ၂ဝ၅ဝ ပြည့်နှစ်မှာမှ နောက်ထပ် တစ်ကြိမ် ပြန်တွေ့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကြယ်တံခွန်တွေကို ကမ္ဘာက တွေ့မြင်ရခြင်း အပေါ် တချို့ အယူသီးသူတွေက ကမ္ဘာမှာ စစ်မက် ဖြစ်ပွားမှုတွေ၊

ကပ်ဆိုး ဘေးဆိုး ကျရောက်မှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ
ဖြစ်တတ်တယ်လို့ ယူဆပေမဲ့ နက္ခတ် သိပ္ပံပညာရှင်တွေ ကတော့ စကြဝဠာရဲ့ သဘာဝတရား ဖြစ်တဲ့ အတွက် ကမ္ဘာကို ဆိုးကျိုး သက်ရောက်မှု မရှိနိုင်ဘူးလို့ လက်ခံကြတယ်။

မြန်မာ့ သမိုင်းကြောင်း မှာတော့ မှန်နန်းရာဇဝင်၊ ကုန်းဘောင် ရာဇဝင်တွေမှာ ကြယ်တံခွန်နဲ့ ဥက္ကာပျံတွေ ကြွေကျမှု၊ လကို ကြယ်ဖောက်မှု ဖြစ်စဉ်တွေက နန်းတွင်း ထူးခြား ဖြစ်စဉ်တွေနဲ့ ယှဉ်တွဲနေတယ်လို့ မှတ်တမ်း ပြုစုထားတာ ရှိပါတယ်။

၁၉၇ဝ ပြည့်နှစ်က မြန်မာနိုင်ငံမှာ ဘင်းနက် (Bennett) ကြယ်တံခွန်ကို တွေ့မြင် ခဲ့ရပြီး စက်တင်ဘာလက ရန်ကုန်မှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာ မှတ်တမ်း ရှိပါတယ်'' ဟု ဦးဇေယျာကိုက ဆက်လက် ရှင်းပြခဲ့သည်

Saturday, November 30, 2013

ကမ္ဘာ့ဈေးအကြီးဆုံး လပ်တော့

နောက်ထပ် Laptop တစ်မျိုးကလည်း ကမ္ဘာ့ဈေးအကြီးဆုံး Laptop ဖြစ်ကြောင်း ကြေညာလိုက်ပြန်ပြီ ဖြစ်ပါတယ်။ Tulip အမည်ရ နယ်သာလန် ကွန်ပျူတာပစ္စည်းကုမ္မဏီမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
Tulip E-Gold Diamond လို့အမည်ပေးထားတဲ့ Notebook ဖြစ် ပါတယ်။ ရွေဖြူ Pallidium ကိုယ်ထည်နဲ့လုပ်ထားပြီး ၉၀ ကာရပ်အဆင့် သန့်စင်တဲ့ စိန်လည်း ထည့်သွင်းထားပါသေးတယ်။ Tulip ရှေ့ နဲ့ နောက်လိုဂို နှစ်ခုကို လေးထောင့် ပုံသဏ္ဍန် ပတ္တမြား နှစ်လုံး ထည့်သွင်း ထားပြီး ယင်းတန်ဖိုးသီးသန့်တောင် ယူရိုငွေ ၂၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အပြည် မျက်နှာပြင်ကို သားရေ၊ ဖိုက်ဘာ၊ သစ်သား၊ သတ္တု အားလုံး အချိုးညီ ပေါင်းစပ်ထည့်သွင်း တည်ဆောက်ထားပါတယ်။
Notebook ဆိုတာထက် ဖက်ရှင်ကျကျ ပစ္စည်းတစ်ခုပုံ ပေါက်နေပါတယ်။ အတွင်းက နည်းပညာဆိုင်ရာ Hardware နဲ့ software ကတော့ ဝယ်သူ စိတ်တိုင်းကျ ထည့်သွင်းပေးပြီး နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အပိုအိတ်တစ်ခုလည်း ပါဝင်ပါသေးတယ်။ integrated web camera, Bass reflex sound system တို့ ပါရှိပါတယ်။ အပြင်ဘက်၊ အတွင်းဘက် အလင်းအမှောင်မျိုးစုံမှာ အသုံးပြုနိုင်မယ့် Anti-glared display ၁၂လက်မ အရွယ်အစားကို အသုံးပြု ထားပါတယ်။
လက်ရှိ Tulip E-Gold Diamond -Notebook တစ်လုံးရဲ့ ပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၃သိန်းခွဲ ရှိတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး လပ်(ပ်)တော့ ဖြစ်တယ်လို့ Tulip တို့ ကြေညာထားပါတယ်။
 
 
Ref:zurmat.

Wednesday, November 20, 2013

Auto Pilot စနစ် လေဆိပ်သုံးခုတွင် တပ်ဆင်မည်

လေယာဉ်ပြေးလမ်းတွင် လိုအပ်သည့် နေရာကို အလိုအလျောက် ဆင်းသက်နိုင်မည့် Instrument Landing System ခေါ် Auto Pilot စနစ်ကို လေဆိပ် သုံးခုတွင် ၂၀၁၄ ခုနှစ် မတ်လခန့်တွင် ဂျပန် အကူအညီဖြင့် တပ်ဆင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ပုဂံ-ညောင်ဦးလေဆိပ်၊ ဟဲဟိုး လေဆိပ်နှင့် တာချီလိတ် လေဆိပ်တို့မှာ ခရီးသည် သွားလာမှု များသောကြောင့် ယင်းစနစ် တပ်ဆင်ရန် လျာထားကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း လေဆိပ်များကို ညပျံသန်းမှု ကန့်သတ် ထားပြီး လေယာဉ်များ နေ့ည ဆင်းသက်ရန်အတွက် Instrument Landing System တပ်ဆင်ရာတွင် လေယာဉ်ပြေးလမ်း အကျယ်မှာ ပေ ၁၅၀ ရှိရန် လိုအပ်ကာ လက်ရှိ ယင်းစနစ် တပ်ဆင်ရန် လျာထားသည့် လေယာဉ်ကွင်း များမှာ အကျယ်ပေ ၁၀၀ သာ ရှိသဖြင့် ထပ်မံတိုးချဲ့ရမည် ဖြစ်ကြောင်း ဦးကျော်စိုးက ဆက်လက်ပြောကြားသည်။

Instrument Landing System စနစ်သည် လေယာဉ်မောင်းသူက လေယာဉ်ကို ထိန်းဆင်းရန် မလိုအပ်ဘဲ ရာသီဥတု ဆိုးရွားသည့် အခြေအနေတွင်လည်း လိုအပ်သည့် နေရာကို Auto Pilot ဖြင့် ဆင်းသက်နိုင်သော လေယာဉ်ပြေးလမ်းစနစ် ဖြစ်ပြီး ယင်းစနစ် တပ်ဆင်ရန် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သုံးသန်းမှ လေးသန်းထိ ကုန်ကျနိုင်ကြောင်း လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တာချီလိတ် လေဆိပ်တို့တွင် Instrument Landing System စနစ် တပ်ဆင်ထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Tuesday, November 19, 2013

နေပြည်တော် AGD ဘဏ် ပြည်သူများ အလုအယက်ငွေထုတ်နေ

နေပြည်တော် AGD ဘဏ် ပြည်သူများ အလုအယက်ငွေထုတ်နေ သည့်ဆိုသည့်သတင်း ကောလာဟလသာဖြစ် =========================================

ရန်ကုန်။ နိုဝင်ဘာ ၂၀။ AGD ဘဏ်များတွင် ပြည်သူများအလုအယက်ငွေ ထုတ်နေ သည့် သတင်းသည် ကောလာဟလသာဖြစ်ပြီး Cyber တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း AGDဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦး က ပြောသည်။

''အွန်လိုင်းfacebook အကောင့်တစ်ခုမှာ နေပြည်တော်ဘဏ်မှာ ပြည်သူတွေ အလုအယက်နဲ့ငွေတွေထုတ်နေတယ်ဆိုပြီး တင်လာတာတွေ့ပါ တယ်။ နေပြည်တော်ဘဏ်မှာလည်း လာတဲ့လူတောင်မရှိဘူးလို့ ဘဏ်က လဲဆက်သွယ်ပြောပါတယ်။ ဒါဟာ Cyber Bullying လုပ်တာပါ။ ကောလာ ဟလလုပ်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ် အောင်လုပ်တာပါ။ အားလုံး အေးအေးဆေးဆေးပါ" ဟု ယင်းကပြောသည်။

Wednesday, October 30, 2013

Future Aircraft Might Look Like This


TOP TEN WEBSITES with their LAUNCH YEAR :-

* Google : Sept 4, 1998
* Facebook : Feb 4, 2004
* YouTube : Feb 14, 2005
* Yahoo ! : March 1994
* Baidu : Jan 1, 2000
* Wikipedia : Jan 15, 2001
* Windows Live : Nov 1, 2005
* Amazon.com : 1994
* Tencent QQ : February 1999
* Twitter : March 21, 2006

Sunday, July 28, 2013

Top 5 Countries with world’s fastest internet



1. Hong kong has the worlds fastest internet speed. It has blazing fast internet, an average peak speed of 63.6 Mbp megabits per seconds. At this speed you can download HD movie in about 2 minutes.

2 Japan

Speed: 50 Mbp
The home of Nintendo and Sony had the second fastest internet speed, thanks to the high-speed fibre optics that run through many parts of the island nation. Japan’s average peak broadband speed reached an impressive 50 Mbps, which was more than 170% faster than the global average