Subscribe For Free Updates!
We'll not spam mate! We promise.
Showing posts with label Funny Note. Show all posts
Showing posts with label Funny Note. Show all posts
Tuesday, December 10, 2013
Lady First ( ဟာသ)
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး တစ်နေ့မှာ အကြောင်းကိစ္စတစ်ခုကြောင့် သတ်သေဖို့ ဆုံးဖြတ်လိုက်ကြတယ်။
--
--
--
--
--
--
--
--
--
--
ကောင်လေးက အရင်ခုန်ချတယ်။
--
--
--
--
--
--
--
--
--
--
ကောင်မလေးက မျက်စိမှိတ်လိုက်တယ်။ နောက်တော့ အိမ်ကိုလှည့်ပြန်သွားတယ်။
--
--
--
--
--
--
--
--
--
--
ကောင်လေးက လေထီးကိုဖွင့်လိုက်တယ်။ ပြီးတော့ ရေရွတ်လိုက်တယ်။ ဒီဟာမ ခုန်မချလောက်ဘူးဆိုတာ ငါသိသားပဲ။
--
--
--
--
--
--
--
--
--
--
အဲဒီနေ့ကစပြီး Lady First ဆိုတဲ့ စကားပေါ်ပေါက်လာတော့တာပါပဲ။
Sarlar8 << Pho Shann >>
Sunday, December 8, 2013
မရီနဲ့.. အောင့်ခံ ( ဟာသ )
(ဘယ်နှစ်ခါပြန်ဖတ်ရ ဖတ်ရ ရီရတဲ့ ဟာသလေးပါ)
လူသုံးယောက် တောအုပ်တစ်ခုအတွင်းတွင် လမ်းပျောက်နေရာမှ လူသားစား
လူရိုင်းများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင် လူရိုင်းကြီးက
နောက်ဆုံး အခွင့်အရေးပေးသည်။ တောထဲတွင် ရှိသော သစ်သီး များအနက်မှ
ကြိုက်ရာ သစ်သီး ၁၀လုံးကို အမြန်ဆုံး ယူလာရန် အမိန့်ပေးသည်။
သုံးယောက်လုံး အမြန်ထွက်သွားကြသည်။
ပထမလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကို ပြောသည်။
" ကျွန်တော်ပန်းသီးဆယ်လုံးယူလာပါတယ်၊ ကျွန်တော်သွားလို့ရပြီလားခင်ဗျာ... "
ခေါင်းဆောင်ကြီးက ခေါင်းခါပြီးဆက်ပြောသည်။
" မရဘူး။ မင်းယူလာသမျှ ပန်းသီးဆယ်လုံးလုံးကို မင်းမစင်စွန့်တဲ့
ဒွါရပေါက်ထဲကိုသွတ်ထည့်ရမယ်။ မငိုရဘူး။ မရီရဘူး။ မမဲ့ရဘူး။ မအော်ရဘူး၊
မျက်နှာပျက်တာနဲ့ သတ်စားတာခံရမယ်.. "
ပထမလူ ကြိုးစားထည့်ကြည့်သည်၊ ပထမဆုံး ပန်းသီးတစ်လုံး ၀င်သွားသည်၊
သို့သော် နောက်တစ်လုံး အရောက်တွင် နာလွန်းသဖြင့် အော်မိရာ
သတ်စားခံလိုက်ရသည်၊
ဒုတိယလူ ပြန်ရောက်လာပြီး လူရိုင်းခေါင်းဆောင်ကြီးအား စတော်ဘယ်ရီသီး
ဆယ်လုံးယူလာပြသည်။
ခေါင်းဆောင်ကြီးက စည်းကမ်းချက်များကို ရှင်းပြသောအခါ ဒုတိယလူ အသက်ရှူ
ချောင်သွားပြီး စတော်ဘယ်ရီသီးများကို စသွတ်သည်၊
၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၈ လုံး။ ၉လုံး " ဟား ဟား ဟား ဟား .... "
နောက်ဆုံး အလုံးသွင်းခါနီးတွင် မအောင့်နိုင်ပဲ ရီလိုက်မိသဖြင့်
ဒုတိယလူလည်း သတ်စားခံလိုက်ရသည်။
ပထမလူနှင့် ဒုတိယလူ နတ်ပြည်တွင်တွေ့သောအခါ ပထမလူကအံ့သြတကြီး မေးလေသည်။
" ခင်ဗျားဗျာ... ဘာလို့ရီလိုက်ရတာလဲ နောက်ဆုံး တစ်လုံးတောင် ၀င်တော့မယ့်
ဟာကို.... "
ဒုတိယလူပြန်ဖြေသည်။
" မင်းနောက်ဆုံးကောင် ၀င်လာတာကို မတွေ့လိုက်ဘူး မဟုတ်လား။ ဒီကောင်
ထမ်းလာတာ ဒူးရင်းသီး တွေကွ ဟီး..ဟီး......။
Credit: Origenal Uploader
Saturday, December 7, 2013
ငွေတစ်သန်းယူမလား? ငါ့သမီးယူမလား? ( ဟာသ )
တစ်ခါတုန်းက သဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။ သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။ တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီးတစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။ အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။ သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။ သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။ အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင်သတဲ့။
သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”
အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ!!!!!!
စိတ္တဇ ဟာသများ
Tuesday, December 3, 2013
လှန်းပေးထားတာ -ဟာသ
စိတ္တဇ ဆေးရုံမှာ စိတ္တဇ ဝေဒနာရှင် လူနာ အမျိုးသမီး တဦးနှင်. အမျိုးသား တစ်ဦးရှိပါသည်။
တနေ. သူတို.၂ယောက် အတူလမ်းလျှောက်နေတုန်း ဆေးရုံရဲ.ရေကူးကန်နားရောက်တော.
အမျိုးသား က ကန်ထဲသို. ခုန်ဆင်းချလိုက်ပါတယ်။
ပြီးတော…. ရေနစ်တော.တာပဲ။
ဒါနဲ. အမျိုးသမီး ကလဲ အလျှင်အမြန်ခုန်ဆင်းပြီးကုန်းပေါ်သို.ဆွဲတင် ကယ်ဆယ် လာခဲ.ပါတယ်။
အမျိုးသမီးရဲ. ကောင်းမွန်တဲ.ပြုမူချက်ကြောင့် စိတ်ပြန်လည်ကောင်းမွန် လာသည်မှတ်ကာ
ဆရာဝန်ကြီး က သူ.အား ဆေးရုံက ဆင်းခွင်.ပေးဖို. ခွင့်ပြုလိုက်ပါတယ်။
ဒါနဲ့ဆရာဝန်ကြီးကိုယ်တိုင် ထိုအမျိုးသမီးဆီသွားပြီး
ဆရာဝန် — နေကောင်းလား ခင်ဗျာ။ ခင်ဗျားကို သတင်းကောင်း တခု နဲ့သတင်းဆိုးတခုပြောစရာရှိတယ်ဗျ။
သတင်းကောင်းကတော. ခင်ဗျား ပုံမှန်လူတွေ လို စိတ်ပြန်လည်လာလို.ဆေးရုံက ဆင်းခွင့်ပေးလိုက်မယ်။
သတင်းဆိုးကတော. ခင်ဗျားကယ်ခဲ့တဲ့ အမျိုးသားလူနာခုနလေးကပဲ
ရေချိုးခန်းထဲမှာ တံဘတ် နဲ့ ဆွဲကြိုးချပြီး ကိုယ်.ကိုယ်ကိုယ်အဆုံးစီရင်သွားရှာတယ်။
စိတ်မကောင်းပါဘူးခင်ဗျာ။
အမျိုးသမီး — အော်ဟုတ်လား၊ သူ.ဖာသာသူ အဆုံးစီရင်တာ မဟုတ်ပါဘူးရှင် ၊
ကျွန်မကိုယ်တိုင်သူကို့ ရေတွေ စိုနေလို့ ခြောက်သွားအောင် လှန်းပေးလိုက်ခဲ့တာပါ
မိန်းမ၊ ယောက္ခမနှင့် ယောကျာ်း - ဟာသ
ကျွန်တော် ကော်ဖီဆိုင်တစ်ခုက ထွက်အလာ တစ်မူထားခြားတဲ့ ဈာပနချပွဲ အခမ်းနားတစ်ခု ကိုတွေလိုက်တယ်။ ဈာပနချမဲ့ အခေါင်း တစ်ခုရဲ့ နောက်မှာလဲ ပေ ၅၀ လောက် ကွာပြီး နောက်ထပ် အခေါင်းတစ်ခုက ကပ်ပါလာတယ်။ ဒုတိယ အခေါင်းရဲ့ နောက်မှာတော့ ခွေးမဲကြီးတစ်ကောင်နဲ့ လူတစ်ရောက် လမ်းလျှောက်ရင်းလိုက်လာတယ်။ အဲ့ဒီလူရဲ့ နောက်မှာတော့ အမျိုးသား ၂၀၀ လောက် တန်းစီပြီး လိုက်ပါလာကြတယ်၊၊ ကျွန်တော် သိလိုစိတ်က ဘယ်လိုမှတားမရနိုင်တော့တာနဲ့ ခွေး ကိုင်ထားတဲ့ လူနား သာလေးကပ်သွားပြီး။
“”မိတ်ဆွေရဲ့ ဆုံးရှုံးမှုတွေတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ မိတ်ဆွေကို အနှောက်ယှက်ပေးဖို့ မသင့်တော်မှန်းလဲ ကျွန်တော်သိပါတယ်။
ဒါပေမယ့်ပေါ့ ကျွန်တော်ဘဝမှာ ခုချိန်ထိ ဒီလို ဈာပန အခမ်းနားကျင်းပတာမျိုး တစ်ခါမှ မကြုံဖူးလို့ပါ။ ဘယ့်သူ့ ရဲ့ ဈာပန မို့လဲဗျ၊”"
ထိုလူက တည်ငြိမ်စွာပဲ ပြန်ဖြေတယ်…
“” ပထမ အလောင်းက ကျွန်တော်ရဲ့မိန်းမပေါ့…”"
“”"‘ မိတ်ဆွေ ရဲ့ မိန်းမက ဘာဖြစ်လို့ ဆုံးသွားတာလဲဗျ…”"”"
“” အင်း….ကျွန်တော်မွေးထားတဲီ့ဒီခွေးလေ… ဒီကောင်ကြီးကိုက် လို့ဆုံးသွားတာပေါ့။…”"
“”"”ဒါဆိုဗျာ နောက် ထပ်အလောင်း တစ်ခုကရော ဘယ်သူ့ အလောင်း လဲ ဗျ…”"”"
“” အော် အဲ့ ဒါကတော့ ကျွန်တော့် ယောက္ခမ ကြီးပေါ့။
သူကလဲ သူ့ သမီးကိုခွေးကိုက်နေတာ တွေ့တော့ ဝင်ကူညီရင်း
သူပါခွေးကိုက်ခံရပြီး ဆုံးသွားတာပါ။”"
နှစ်ယောက်သား ခဏအကြာတိတ်ဆိတ်နေခဲ့တယ် ခဏ အကြာမှာ တော့ ကျွန်တော် စိတ်အားတက်ကြွစွာနဲ့ မေးလိုက်တယ်……
“”"” ခင်းဗျားရဲ့ ခွေးကို ကျွန်တော့် ငှါးပါလားဗျာ…”"”"
“” ဒါဆို ခင်းဗျားလဲ နောက်မှာ ဝင်တန်းစီလေ…”"
Wednesday, November 27, 2013
သစ္စာရှိသောမြင်း
တခါက ရည်းစားနှင့် ချိန်းတွေ့ ရန် လူငယ်တစ်ယောက်သည် လူကဲ့သို့စကားပြောဆိုနားလည်သော
မြင်းတစ်ကောင်ကိုစီးကာ ရည်းစားဖြစ်သူ အမျိုးသမီး၏ နေအိမ်သို့ သွားလေသည်။
ထိုအမျိုးသမီး သည် ငါးထပ်တိုက်တစ်တိုက် ပေါ်တွင်နေထိုင်သူဖြစ်၏။
လူငယ်လည်း ငါးထပ်တိုက်ပေါ်မတက်ခင် မြင်းအားသေချာမှာလေသည်။
" ဟေ့..ဟိုက..ငါးထပ်တိုက်ကိုတွေ့တယ်မဟုတ်လား။အဲဒီမှာ ၀ရန်တာပါတဲ့ အခန်းကိုသေချာကြည့်နေ။
 သူ့အဖေ ပြန်လာရင် အဲဒီ ငါးထပ် ၀ရန်တာကနေ ငါခုန်ဆင်းလာခဲ့မယ်။
 ပြီးရင် ငါတို့ ဒုန်းဆိုင် လစ်ကြမယ်..ဟေ့...အိုကေနော်..."....လို့ မှာကြားလေ၏။
 မြင်းမှလည်း တချက်ဟီကာ" စိတ်ချပါသခင်...သခင့်ကို ကာကွယ်ဖို့အသင့်ပါ..."...ဟု ပြောလေ၏။
ထို့နောက် လူငယ်လည်း သူ၏ ရည်းစားရှိရာ ငါးထပ်တိုက်ပေါ်သို့ လျင်မြန်စွာ တက်သွားလေသည်။
နာရီ အနည်းငယ်ကြာသော်....ငါးထပ်တိုက် အခန်းတွင်းရှိ လူခေါ်ခေါင်းလောင်းသံမြည်လာလေသည်။
လူငယ်လည်း သူ့ယောက်ခမ ခေါင်းလောင်းသံကြောင့်အလျင်အမြန် ငါးထပ်တိုက် ၀ရန်တာသို့..ထွက်
ကာ တိုက် အောက်ကို ခုန်ချလိုက်၏။
ထိုအခါ တဦးတည်း ကျန်ရှိသော လူငယ်၏ ရည်းစား အမျိုးသမီးမှ အိမ်တံခါး ကို သွား၍ဖွင့်ပေးလိုက်၏။
ထိုအခါ တံခါးဝ တွင်ရပ်နေသည်မှာသူမ၏ အဖေ မဟုတ်ပဲ မြင်း ဖြစ် နေသည်ကို တွေ့လိုက်လေသည်။
သူ့အဖေမဟုတ်ပဲ...မြင်းဖြစ်နေ၍ အမျိုးသမီးမှ အံ့သြ သင့်နေစဉ်....မြင်း မှ ပြောလိုက်တာက...
" သခင်မ ခင်ဗျာ.....အပြင်မှာ မိုး အရမ်း ရွာ နေ ပါတယ်....၊ အဲဒါကြောင့်.....ကျနော်
  တိုက်အောက်ကဆင်ဝင်မှာ မိုးခိုရင်း ......
 စောင့်နေမယ်လို့ ကျနော့် သခင်ကို ပြောပြပေးပါ ဗျာ..." ......တဲ့
 တိန်
Sunday, November 24, 2013
ဇာဂနာနှင့် တရားရုံးဟာသများ ( ဖြစ်ရပ်မှန်)
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ
ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။
ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု
ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။
ဆွဲချနဲ့ အီးမေးပြဿနာ
အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
တစ်မှု့ တည်းနဲ့ ကြီးပါတယ်
နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။
ဇာဂနာ။ ။ မရှိပါဘူး။
တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။
နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။
တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။
ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။
တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။
ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။
ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား
ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
"စည်းကမ်းနှင့်အညီ"
ရှေ့နေနှစ်ယောက် စားသောက်ဆိုင်ထဲ ဝင်လာတယ်။
ဘီယာတစ်ခွက်စီ မှာသောက်တယ်
ခဏနေတော့ သူတို့အပြင်ကဝယ်လာတဲ့ ဆင်းဒဝစ်မုန့်တွေ ကိုယ်စီထုတ်ပြီး စားမလို့ ပြင်နေတုန်း...
ဆိုင်မန်နေဂျာ ရောက်လာပြီး ပြောတယ်... ...
"ဒီဆိုင်ထဲမှာ ကိုယ်ပိုင် အစားအစာ စားခွင့်မပြုပါဘူး ခင်ဗျာ၊ ဒါ ဆိုင်ရဲ့ စည်းကမ်းပါ"
"ဘာဖြစ်တယ်..."
မန်နေဂျာက ထပ်ပြောတယ်... ...
"ဒီဆိုင်ရဲ့ စည်းကမ်းအရ ဆိုင်ထဲမှာ ကိုယ်ပိုင် အစားအစာ စားခွင့် မပြုပါဘူး ခင်ဗျာ"
"အော်... ရပါတယ်ကွာ"
... ဆိုပြီး ရှေ့နေနှစ်ယောက် ဆင်းဒဝစ်ချင်း လဲစားလိုက်ကြတယ်။
" ရှေ့နေပါဆိုမှ "
သန်၎ကို-ဘာသာပြန်သည်
"လူကြိုက်များတဲ့ငရဲ"
ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်
ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်
ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်
နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်
နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်
အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ
ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...
"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"
ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...
"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"
သန်၎ကို-ဘာသာပြန်သည်
အသက်အရွယ်က စကားပြောတယ်
CIA ရဲ့ အကြီးအကဲဟာ စုံထောက် အသစ်သုံးယောက်ကို ခန့်ဖို့အတွက် စစ်ဆေးနေပါတယ်။
၂၅ နှစ်၊ ၃၅နှစ် နဲ့ ၄၅ နှစ် ရှိပြီဖြစ်တဲ့ အသစ်လူသုံးယောက်ကို သေနတ် တစ်လက်စီ ပေးလိုက်ပါသတဲ့။
နောက်ပြီးတော့ သူတို့ရဲ့ မိန်းမတွေကို အခန်းတစ်ခုစီမှာ ထည့်ထားပြီးတော့
“ကောင်းပြီ၊ မင်းတို့ မိန်းမတွေ ထည့်ထားတဲ့ အခန်းထဲကို ၀င်သွား၊ ပြီးရင် ဟောဒီ သေနတ်နဲ့တေ့ပြီး သေနတ်မောင်းကို ဖြုတ်ချလိုက်”
အသက် ၂၅ နှစ်အရွယ်ရှိတဲ့ စုံထောက်ကောင်လေးက ချက်ချင်းပြန်ဖြေတယ် “ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော့်မိန်းမကို ကျွန်တော်အရမ်းချစ်တယ်”
အသက် ၃၅နှစ်၊ သေနတ်ကိုင်ပြီး အထဲကို ၀င်သွားတယ်။ ခဏနေတော့ ပြန်ထွက်လာတယ်.. “ကျွန်တော် မပစ်ရက်ဘူး.. ကျွန်တော့်မိန်းမကို ကျွန်တော်ချစ်သေးတယ်”
အသက် ၄၅ နှစ်၊ သေနတ်ကိုင်ပြီး အထဲဝင်သွားတယ်…. ခြောက်လုံးပြူး သေနတ်က သေနတ်သံ ၆ ချက်ထွက်လာတယ်… ပြီးတော့ လင်မယားနှစ်ယောက် စကားများသံတွေ ထွက်လာတယ်။
စုံထောက် အကြီးအကဲ အခန်းထဲကို ပြေးဝင်လာတယ်…
စုံထောက်အသစ်ကပြောတယ် “ဘယ်ငတုံးက သေနတ်ထဲကို ကျည်ဆံအတုတွေ ထည့်ထားတာတုံး… ဒီမှာ ၆ ချက်ပစ်တာတောင်မှ တစ်ချက်မှ ကျည်မထွက်ဘူး”
တိန်....ကောာင်းဗျ
ရီမောနိုင်ပါစေ
Wednesday, October 30, 2013
ချော်လဲတယ်
ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး
ငါးသွားရှာကြတယ်။
အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် တချို့မိန်းမတွေက ဖောက်ပြန်ကြတယ်။
ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။
ကြာလာတော့ ဖာသာကမိန်းမတွေကို "နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ
"ချော်လဲတယ်"လို့ ပြောပါ။
ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ" လို့ မှာလိုက်တယ်။
နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။
မပြောင်းခင် ရွာသူကြီးကို "ချော်လဲတယ်"ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။
ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။
ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။
ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး ...........
မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။
ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး
ဖာသာနားမလည်စွာနဲ့ ထအော်တယ်။
"သူကြီး... ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ"
တိန်
အင်တာဗျုး
မေး။ ။အကောင်းမြင်တဲ့လူ ဟာ ဘယ်လိုလူမျိုးလဲ။
ဖြေ။ ။သတင်း အပြည့်အစုံ မရ တဲ့ သူ ပါ။
မေး။ ။လူတယောက်ကိုတနေ့လုံးမနားရအောင်ခိုင်းနည်း။သိပါသလား။
ဖြေ။ ။စာရွက်အလွတ် တစ်ရွက်ယူပီး။နောက်ကျောကို ကြည့် လို့ နှစ်ဖက်လုံးမှာရေးလိုက်ပါ။
မေး။ ။နိဗ္ဗာန် နဲ့ ငရဲ ဘယ်ဟာကပိုသာတယ် ထင်သလဲ။
ဖြေ။ ။ရာသီဥတု ရှူ့ထောင့်ကကြည့်ရင်...နိဗ္ဗာန်..ကပိုသာပါတယ်။ဒါပေမဲ့ ငရဲမှာက
       အပေါင်းအသင်းပိုများပါတယ်။
မေး။ ။ဆေးရုံနဲ့ထောင်ဘာကွာလဲ။
ဖြေ။ ။ဘာမှမကွာပါဖူး။ဒါပေမဲ့ ထောင်မှာက ကိုယ်နေရမဲ့ သက်တမ်းကိုသိပါတယ်။
မေး။ ။ဆံပင်မဖြူအောင်ဘာလုပ်ရမလဲ။
ဖြေ။ ။ကတုန်း တုန်း ရပါမယ်။
မေး။ ။ရိုးသားတဲ့လူကိုဝယ်လို့ရလား။
ဖြေ။ ။ဝယ်လို့မရပါဖူး။ရောင်း....လို့တော့ရပါတယ်။
မေး။ ။သားဖွားတာ ဘယ်နှစ်မျိုးရှိပါသလဲ။
ဖြေ။ ။သုံးမျိုးရှိပါတယ်။
မင်္ဂလာမဆောင်ခင်တနှစ်အလိုမှာမွေးဖွားရင် အချိန်မရောက်ပဲ..မွေးဖွားခြင်း။
ယောက်ကျားသေပီး တစ်နှစ်အကြာမှာမွေးရင် နောက်ကျပီးမွေးဖွားခြင်း ။
ကိုယ့်မိန်းမမဟုတ်ပဲ အိမ်နားနီးချင်းမိန်းမက မွေးဖွားရင် မှားယွင်းသောမွေးဖွားခြင်း။
မေး။ ။ပျော်ရွှင်ခြင်းနဲ့ ၀မ်းနဲခြင်း ကိုဥပမာပေးပါ။
ဖြေ။ ။ပိုက်ဆံအိပ်ကောက်ရရင်ပျော်ရွှင်ရပါတယ်။အဲ။....အဲဒီပိုက်ဆံအိတ်ပိုင်ရှင်ပေါ်လာရင် တော့ 
မေး။ ။အကောင်းဆုံးပိန်နည်း ကဘာလဲ။
ဖြေ။ ။ဗိုက်ထဲမှာ ဘာမှ မရှိရင် ဘာမှ မစားပါနဲ့။
မေး။ ။ရေဒီယိုနဲ့ ရုပ်မြင် သံကြားဘာကွာပါသလဲ။
ဖြေ။ ။ရေဒီယိုမှာက စိတ် အနှောက်အယှက်ကို ကြားပဲကြားရပါတယ်....ရုပ်မြင်သံကြားမှာကြတော့
သူတို့ကို မြင်ပါမြင်ရပါတယ်။
မေး။ ။ချစ်သူနဲ့ဖက်ရမ်းနမ်းရှုပ်စဉ်မှာ အမျိုးသမီးများ ဟာ ဘာလို့ မျက်စိမှိတ်ထားကြပါသလဲ။
ဖြေ။ ။အရင်က...နမ်းခဲ့တဲ့ သူတွေအကြောင်းကို စဉ်းစားနေလို့ပါ။
မေး။ ။ဘယ်အချိန်မှာ မိန်းမတွေ အတင်း အဖျင်းအနဲဆုံးပြောကြပါသလဲ။
ဖြေ။ ။ဖေဖော်ဝါရီလပါ။အတိုဆုံးလ ဖြစ်လို့ပါ။
မေး။ ။မိန်းမ နဲ့ ယောက်ကျား ဘာခြားနားသလဲ။
ဖြေ။ ။မိန်းမတယောက်လိုချင်တာကအများကြီးပါ။ဒါပေမဲ့ ယောက်ကျားတယောက်ထဲဆီမှဖြစ်.....ပါတယ်။
       ယောက်ကျားကတော့ တခုပဲလိုချင်ပါတယ်။အဲ...မိန်းမအများကြီးဆီကပါ။
မေး။ ။ဘ၀ နဲ့ရင်းပီး မှတ်ကျောက်အတင်ခံနိုင်တဲ့ အမှန်တရားဆိုတာ ဘာကိုပြောတာလဲ။
ဖြေ။ ။အကြိမ်ကြိမ် ကျူးလွန်မိတဲ့ အမှားပါ။
မေး။ ။အိမ်ထောင်ရေး သာယာမှု ရအောင်ဘာလုပ်ရမလဲ။
ဖြေ။ ။အသက် ၇၀ ကျော်မှ အိမ်ထောင်ပြုပါ။
မေး။ ။အစားအစာတခုဖြစ်တဲ့ မှိုမှာ ဘယ်လိုမှိုမျိုးကိုစားလို့ရပါသလဲ။
ဖြေ။ ။အားလုံးကိုစားလို့ရပါတယ်။ဒါပေမဲ့ တချီု့ မှိုတွေကိုတော့ တခါပဲစားလို့၇ပါတယ်။
မေး။ ။ခုခေတ်မှာ အံ့သြစရာအကောင်းဆုံးကဘာလဲ။
ဖြေ။ ။ပညာမဲ့သူတွေစင်ပေါ်တက်ဟောပြောနေတာ က အံ့သြစရာအကောင်းဆုံးမဟုတ်ပါဖူး။
      ပညာရှိတွေက အဲဒီလူတွေကို သြဘာပေးနေတာက အံ့သြစရာအကောင်းဆုံးပါ။
မေး။ ။ယောက်ကျားတွေထက်မိန်းမတွေ အသက်ပိုရှည်တယ်ဆိုတာမှန်ပါသလား။
ဖြေ။ ။အတိအကျတော့မသိပါဖူး။ဒါပေမဲ့ မုဆိုးမတွေက အသက်ပိုရှည်တာ အမှန်ပါ။
မေး။ ။ခွဲစိတ်ဆရာဝန်တွေဟာ ဘာလို့ သူတို့မျက်နှာကို အ၀တ်နဲ့ ဖုံးထားပါသလဲ။
ဖြေ။ ။ခွဲစိတ်တာမအောင်မြင်ရင် ....သူတို့ ကို မမှတ်မိအောင်လို့ပါ။
မေး။ ။ထောက်လှမ်းရေးနဲ့ သူလျှို ဘာခြားနားပါသလဲ။
ဖြေ။ ။ထောက်လှမ်းရေးက ကျုပ်တို့လူ။သူလျှိုက သူတို့လူ။
မေး။ ။ဒီအလုပ်( လုံခြုံရေးမှုး )အတွက်လိုအပ်တဲ့အရည်အချင်းတွေ မင်းမှာရှိလား။
ဖြေ။ ။ရှိပါတယ်။အသံနဲနဲကြားတာနဲ့ကို အိပ်နေရာကနေ ချက်ချင်းနိုးတတ်ပါတယ်။
တိန်
မပြောင်ရင် စားမယ်
ဖုန်စုပ်စက် အရောင်း/မာကဲတင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။
အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ
တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့
သွန်ချလိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။
အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း   
                       ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော
                        ကျနော်အကုန်စားမယ်။
အိမ်ရှင်မ           - အင်း. ငရုတ်ဆီလိုသေးလား.။
အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။
အိမ်ရှင်မ           - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။
သင်ခန်းစာ - မည်သည့် စီမံကိန်း /Project ကိုပဲ ဖြစ်ဖြစ် စတင်မလုပ်ကိုင်မှီ လိုအပ်တဲ့ အရင်းအမြစ်
                 (Resource) ရှိမရှိ စုဆောင်း၊ စစ်ဆေး ရပါမယ်။
ဘယ်သူ ပိုခိုးတတ်သလဲ
ဆရာဝန်နဲ့ အင်ဂျင်နီယာ သူငယ်ချင်း နှစ်ယောက် စတိုးဆိုင်ထဲကို ဝင်သွားပါတယ်။
ဆိုင်ကထွက်လာတော့ ဆရာဝန်က အင်ဂျင်နီယာကို ယခုလိုပြောပါတယ်။
"ဟေ့ကောင် ဒီမှာ ငါ့အိတ်ကပ်ထဲက ချောကလက် ၃ ချောင်း။ မင်းငါ့လို ခိုးနိုင်လား၊ ငဲငဲ"
 ဒီတော့ အင်ဂျင်နီယာက -
"အဲ့ထက် ကောင်းတဲ့ ခိုးနည်းတွေရှိပါတယ်ကွာ။ မင်းမြင်ချင်လား။ စတိုးဆိုင် ပြန်လိုက်ခဲ့"
ဒီတော့ နှစ်ယောက်သား စတိုးဆိုင်ထဲရောက်သွားပြီး ကောင်တာက လူငယ်လေးကို အင်ဂျင်နီယာက
ယခုလို ပြောပါတယ်။
"ညီလေး။ အကိုမင်းကို မျက်လှည့်ပြရင် ကြည့်မလား"
ဒီတော့ ကောင်တာမှ လူငယ်ကလည်း "အင်း. ကြည့်မယ်လေ"
အင်ဂျင်နီယာက ချောကလက်တစ်ချောင်း တောင်းပါတယ်။ လူငယ်က လည်း ပေးလိုက်ပါတယ်။ သူ့ရှေ့မှာပဲ အခွံခွာ ထုတ်စားပြီး နောက် တစ်ချောင်း ထပ်တောင်းပါတယ်။ ပြီးတော့ နောက် တစ်ချောင်းတောင်းပြီး လူငယ်ရှေ့ မှာပဲ ကုန်အောင် စားပစ် ပါတယ်။
ပြီးတော့ မင်သက်စွာ ကြည့်နေတဲ့ လူငယ်လေးကို အင်ဂျင်နီယာက ယခုလို မေးပါတယ်။
"အကို စားခဲ့တဲ့ ချောကလပ်သုံး ချောင်း ဘယ်ရောက်သွားလဲသိချင်လား"
လူငယ်က ဟုတ်ကဲ့လို့ ဖြေတော့ အင်ဂျင်နီယာက အောက်ပါအတိုင်း ဖြေပါတယ်။
"အင်း ဘေးက အကို့သူငယ်ချင်း အိတ်ကပ်ထဲမှာ ရှိတယ်"
ကြိုက်တာဝယ်စား
မြန်မာနိုင်ငံရှိဝက်မွေးမြူသူတစ်ဦးထံသို့တစ်နေ့ သောအခါလူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီး
စုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်အပုပ်တွေရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊
ကျွန်တော်က မြန်မာ့တိရိစ္ဆာန်များမွေးမြူဆောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။
အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေကျွေးမှုအတွက်ခင်ဗျားကို ဒဏ်ငွေ ၅ သောင်း ရိုက်ရပါလိမ့်မယ်
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော်................
နောက်ထပ်လူကြီးလူကောင်းတစ်ဦးရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ အာလူး၊ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီး လူတွေ
  စားသလို ကျွေးပါတယ်ခင်ဗျာ "
"အားပါး၊အံ့သြစရာပဲ၊ကျွန်တော်ကအရာရှိပါ။။
 ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ
 ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာအဲဒီအတွက်ခင်ဗျားကို ငွေ ၅ သောင်း ဒဏ်ငွေရိုက်ပါတယ် "
 ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
ဝက်မွေးမြူရေးသမားမှာ တော်တော်စိတ်ညစ်နေ၏။ နောက်ဆုံး ပြောလိုက်တာက....
" တစ်ကောင်ကို ငွေ နှစ်ထောင် စီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "
တိန်
တူ.......
တရားရုံးတစ်ခုတွင်ဖြစ်သည်။
နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရာခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက အမိန့်စာကို ဖတ်ကြားနေပါတယ်… …
“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”
ထိုစဉ်အသံတသံထွက်လာ၏။
“ခွေးသူတောင်းစား”
တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်၏။
တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်သည်။
ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်လိုက်တယ်… …
“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”
“မအေပေး အမျိုးယုတ်” .. ကိုထုံ က ထ ဆဲပြန်တယ်။
ဒီတခါမှာတော့ တရားသူကြီးက လှမ်းပြောတယ်… ..
“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေအတွက်
ခင်ဗျား ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊
ဒါပေမယ့် နောက်ထပ် တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”
“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး” ဟု ကိုထုံက ဖြေ၏။
တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံကို လှမ်းမေးပါတယ်… …
တရားသူကြီး။ ။ “ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”
ကိုထုံ။ ။“ဘယ်လိုမှ မပတ်သက်ပါဘူး”
တရားသူကြီး။ ။ “ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”
ကိုထုံ။ ။ “ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊
သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည်း ပြောပြောလွတ်နေတာ....လေ..”..........တဲ့
တိန်
ချစ်ပုံပြင်....
ဟိုးရှေးရှေးတုန်းက သူဋ္ဌေးကြီးတစ်ယောက်မှာ အင်မတန်မှ ချောမောလှပတဲ့
သမီးလေးတစ်ယောက်ရှိသတဲ့...
သူဋ္ဌေးကြီးကလည်း သူ့သမီးလေးကို တစ်အားချစ်ဆိုပဲ.....
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီးတစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့..... ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ
 ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့...
. အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်း လို့ မြင်သူတိုင်း ငေးရတယ်ဆိုပဲ....
. အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း ငယ်ငယ်ချောချောလေးတဲ့......
  ဒီလိုနဲ့ ရဲတိုက်မှာ အဖော် (အပေါင်းအသင်းနော်) မရှိပဲ နေရတဲ့မင်းသမီးလေးဟာ....
  ပြတင်းပေါက်ကနေ နေ့တိုင်းပဲ ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့...
. ဥယျဉ်မှုးလေးကလည်း.. သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့ မင်းသမီးလေးကို တွေ့ပါလေရော..
. မြင်မြင်ချင်းကို ချစ်တယ်ဆိုတာ အဲဒီက စတာပဲတဲ့...
. ဥယျာဉ်မှုးလေးကလည်း ပန်းတွေစိုက်ရင်း မင်းသမီးလေးကို ပဲပေးတာပေါ့ကွာ.....
 မင်းသမီးလေးကလည်း ပြတင်းပေါက်ကနေ.... အထာပြန်ပေးနဲ့ပေါ့..... တစ်ယောက်နဲ့
 တစ်ယောက်သံယောဇဉ်တွေ ပိုလာကြပါလေရောတဲ့...
  သိပ်မကြာပါဘူး သူဋ္ဌေးကြီးက အဲဒီအကြောင်းကို သိသွားပါလေရော....
  သိ သိ ချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့ ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံ ခုနစ်ဆင့် မြင့်တဲ့ အထပ်ကို 
  ပို့လိုက်ပါရောတဲ့
  အဲဒီအချိန်က စ ပြီး မင်းသမီးလေး နဲ့ ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ မတွေ့ကြရတော့ဘူးတဲ့...
. မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့ ငိုချည်းနေတော့တာတဲ့..
.. ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေးရှိတဲ့ ဘုံခုနစ်ဆင်ကို ရောက်ဖို့အကြံထုတ်ရတော့တာပေါ့
  ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ.... သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီးလေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့..
. ပြီးတော့ သူ့အချစ်တွေသာ စစ်မှန်တယ်ဆိုရင်..... ဒီသစ်ပင်လေးဟာ နေချင်းညချင်း ကြီးလာပါစေဆိုပြီး
  ဆုတောင်းသတဲ့....
. သူ့သစ္စာက မှန်တော့ အပင်လေးဟာ ကြီးလာလိုက်တာ သုံးရက်ကြာတဲ့အချိန်မှာပဲ ဘုံ
  ငါဆင့်ကို ရောက်သတဲ့..
. ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်.... ပြီတော့ထပ်ဆုတောင်း...
. ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...
  မင်းသမီးလေးကလဲ သူ့ ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့...... ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို 
  တက်မယ်ဆိုပြီး.....ဆုထပ်တောင်းဖို့ အလုပ်မှာပဲ....... ......
............ စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး လာခုတ်သွားပါလေရောတဲ့ကွယ်................
... ပုံပြင်လေးကတော့ဒါပါပဲကွယ်......
သူငယ်ချင်းတို့တွေလဲ ဒီပုံပြင်လေးကို နမှုနာယူပြီး ဓာတ်ကြိုးနဲ့မလွတ်တဲ့ထိ အချစ်မကြမ်းဖို့
သင်ခန်းစာယူနိုင်ကြပါစေကွယ်....
Local Call
သက္ကရာဇစ် ၂၀၉၉ ခုနှစ်ငရဲပြည်မှာပေါ့ကွယ်...အိုစမာဘင်လာဒင်။ဆာဒမ်ဟူစိန်။ဟစ်တလာ။
ဂဒါဖီနဲ့ မြန်မာပြည်ကို၁၉၈၈ နောက်ပိုင်း ချောက်ထဲကျမှာစိုး၍ကယ်တင်ခဲ့သူဆိုလား...
ဗိုလ်ချုပ်မှူးကြီးဆိုသူ တစ်ဦးလဲရောက်နေပါတယ်။
တနေ့....ငရဲမင်းကသူတို့ ကို နဲနဲသနားသွားလို့ ..
ဟေ့..ဟိုကောင်တွေ...
မင်းတို့ အိမ်ကိုPh ခေါ်ချင်သလား....
ကြိုက်သလောက်ပြောကြ ...ပီးရင်ကျသလောက်ရှင်း......ဆိုပီး ဖုန်းဆက်ခွင့်ပေး.လိုက်တယ်...
အိုစမာကစပြီးသူ့ မိန်းမတွေစီဖုန်းဆက်တယ်..၃မိနစ်ကြာသွားတယ်ဒေါ်လာ၃၀
ကျတယ်.ထုတ်ရှင်းလိုက်တယ်...........
ဆာဒမ်ဟူစိန်လည်း..အိမ်ကိုအလွမ်းသည်တာ..၄မိနစ်ကြာတယ်။ဒေါ်လာ၄၀ကြလို့ ရှင်းလိုက်တယ်။
ဟစ်တလာလည်း..ဂျာမနီကိုလှမ်းဆက်တာ ၅မိနစ်ဆိုတော့.ဒေါ်လာ၅၀ရှင်းရပြန်ရော......
ကဒါဖီလည်းသူ့မြေးကိုဆက်တာ..၄ မိနစ်ကျော်လို့ ၄၅ ဒေါ်လာရှင်းရတယ်...
နောက်ဆုံးမှ..ဗိုလ်ချုပ်မှူးကြီး.........ကသူ့ အိမ်ကိုဆက်တယ်.....
ဇနီးနဲ့ ဖုန်းအီတာ..၁နာရီ.သမီး.. နဲ့ ပြောတာ၁နာရီ.....
ဟို...မော်တော်ပီကယ် ကို
တီးတဲ့ မြေးနဲ့ပြောတာအီစီကလီသူငယ်ပြန်တာ..၃နာ၇ီ...တောင်ကြာတယ်တဲ့ ...
စုစုပေါင်းဖုန်းပြောချိန် ၅နာရီကြာသွားတော့
....ငရဲရောက်ဖေါ်ရောက်ဖက်တွေကစိတ်ဝင်စားတာပေါ့ဒီကောင်တော့ဖုန်းဖိုးနဲ့ နာပြီဆိုပြီး.............
ဗိုလ်ချုပ်မှူးကြီးဆိုသူကငရဲမင်းကိုဘယ်လောက်ကျလည်းမေးတော့..၁ဒေါ်လာကျတယ်တဲ့ ......
အဲ့မှာ...ဘင်လာဒင်တို့ ..ဟစ်တလာတို့ အုပ်စုကတင်းရော..................
ကျုပ်တို့ မိနစ်ပိုင်းလေးဆက်တာကြတော့ဒေါ်လာ၃၀ ၄၀ ကြတယ်.....ဒီကောင်ကြီးကျတော့
၅နာရီဆက်တာကြတော့ ၁ဒေါ်လာပဲကြတယ်..
မတရားဘူး..ဒါကိုရှင်းပါ..ဆူပူကြတာပေါ့......................
အဲ့ဒီမှာငရဲမင်းက..........မင်းတို့ တွေဘာကြောင်နေတာလဲမင်းတို့ ခေါ်တာOVER SEA လေ..
သူခေါ်တာ...LOCAL CALL ကွ..သူ့ အိမ်ကတမိသားစုလုံးကလူတွေ ဟိုဖက်ခန်းတင်ရှိတယ်......တဲ့ ......
ဝတ္တုရှည်
စိတ်ကျန်းမာရေး အထူးကု ဆေးရုံတစ်နေရာတွင် လူနာ နှစ်ဦး စကားထိုင်ပြောနေကြ၏။
ပထမလူနာ။               ။ဘယ်နှယ့် လဲ။ ကောင်းတယ်မဟုတ်လား။ ငါရေး ထားးတဲ့ ၀တ္တုရှည်
                                ...မင်းရဲ့ ဝေဖန်ရေးလေး ကို ကြားပရစေအုန်း။
စာဖတ်သူ ဒုတိယလူနာ။ ။ ကောင်းတော့ကောင်းပါတယ်။ဒါပေမဲ့ မင်းဝတ္တု မှာ ဇတ်ဆောင်တွေက
                                များလွန်းနေတယ်ကွ။ငါတော့ ဖတ်ရင်းမေ့ကုန်တယ်။
ထိုအချိန်တွင် နက်ရှိုင်း စူးရှ ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာ၏။
ထိုအသံကား...သူနာပြု ဆရာမကြီး၏.....အသံပင်တည်း။
 ........ထိုအသံကား.....
                                     " လိပ်စာတွေ ရေးထားတဲ့ မှတ်တမ်းစာအုပ် ကို ဘယ်သူ ယူသွားတာလဲ ။ ခု အမြန် လာပေးကြပါ.........."
တိန်
....လိမ်မပြောနဲ့.....
 အားလပ်ရက်တစ်ရက်တွင် လူတစ်ယောက် ရေကန်တခုသို့ ငါးလာမျှားသည်.။
 အရက်ပုလင်းကိုဖွင့် အရက်ငဲ့ပြီး ငါးစမျှားသည်.။
သိပ်မကြာခင်မှာပဲ ငါးမျှားတံလှုပ်လာသည်နှင့် ဆွဲတင်ရာ
ငါးသလဲထိုးတစ်ကောင်မိနေသည်ကို  တွေ့ရသည် .။
 ငါးမျှားသမားလည်း စိတ်ပျက်လက်ပျက်နှင့်ဆွဲဖြုတ်ရာ လက်မှလျှော်ထွက်သွားပြီး
 အရက်ခွက်ထဲသို့ပြုတ်ကျသွားသည်။
အရက်ခွက်ထဲမှ ဆည်ပြီးပြန်လွတ်ပေးလိုက်သည်.။ထို့နောက်ငါးထပ်မျှားသည် ..။
နောက်ထပ်မျှားရာတွင် ငါးကြင်းများ ၊ ကကက်တစ်များ ၊ ငါးသလောက်များ ၊
တစ်ကောင်ပြိးတစ်ကောင်မိလေသည်.။
ငါးမျှားသမားလည်း ညနေလည်းစောင်းသောအခါ ငါးများစွာမိပြီးပြန်သွားလေသည်.။
ငါးမျှားသမားပြန်သွားသောအခါ ရေအောက်တွင် ...ငါးသလဲထိုးအားဝိုင်းပြီး..
ကျန်ငါးများက...
"မအေပေးငါးသလဲထိုးငါတို့ကိုလိမ်ပြောတယ်အရက်တိုက်တယ်ပီးပြန်လွတ်တယ်ဆို.."...
လို့ပြောကြလေသတဲ့..