Subscribe For Free Updates!
We'll not spam mate! We promise.
Showing posts with label Android Farmware. Show all posts
Showing posts with label Android Farmware. Show all posts
Monday, December 9, 2013
Y320 Network Error ဖြေရှင်းနည်း
 Naung Lin Zaw: Y320 ဖုန်းမှာ 3G လိုင်းပဲပေါ်နေပြီး ဖုန်းပြောလို့ခေါ်လို့မရတာလေးကူညီပါခင်ဗျာ...။
 Huawei Y320 မှာ 3G သာပေါ်ပြီး 1X မပေါ်သောဖုန်းကို 73 CDMA ကဒ်နဲ့ Setting ထဲက
Mobile network>>CDMA network>>manually switch to next network ထဲမှာပြောင်းရပါတယ် 73 ကတ်မိမိမှာမရှိရင်တော့ ဒီနည်းနဲ့လုပ်ကြည့်ပါ ကျွန်တော်စမ်းထားတာလေးလုံးရှိပါပြီ ရပါတယ် ...။
ပထမဆုံး SIM Card ထည့်ပါ ပြီးရင် 112 ကိုခေါ်ပါ Emergency Call ပေါ့ ခေါ်ပြီးရင် Home key နဲ့ထွက်ပြီး Setting ထဲကိုသွားပါ Emengercy End Call လုပ်မလားမေးပါမယ် No လုပ်လိုက်ပါ Settings>>Mobile Network/CDMA Network/Manually Switch to Network ကိုနှိပ်လိုက်ပါ ပြီးရင် Show filtered network ထဲမှာဝင်ကြည့်ပါ 414 03 ဆိုရင်မရသေးပါဘူး Switch to network ကိုထပ်နှိပ်ပါ 414 04 မပြောင်းမခြင်းနိပ်ပေးပါ ကျွန်တော်ဆို ၁၅ ခေါက်လောက်မှရပါတယ် 414 04 ပြောင်းသွားရင်တော့ ရပါပြီ Emergency Call ကို End Call လုပ်လိ့ရပါပြီ SIM Card ထည့်ပြီးရင် 3G ရော 1X ရောတက်လာပါလိမ့်မယ်။
Credit : Myanmar MPX Team မှ  jko931
Tuesday, November 19, 2013
ClockWorkMod (CWM) recovery အကြောင်း
ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM ကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့ Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc..
တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။
1. Reboot System now
2.  Apply update from SD card
3.  Wipe data/Factory reset
4.  Wipe cache partition
5.  install zip from SD card ◦ apply/ SD card / update.zip
◦ choose zip from SD card
◦ toggle signature verification
◦ toggle script asserts
◦ +++Go Back+++
6.  Back and Restore ◦ Back up
◦ Restore
◦ Advanced Restore
7.  Mount and Storage ◦ Mount /unmount/system/data/cache/sdcard or sd-ext
◦ format boot /system/data/cache/sdcard or sd-ext
◦ mount USB
8.  Advanced  ◦Reboot recovery
◦ Wipe dalvik cache
◦ Wipe battery stats
◦ Report Error
◦ Key Test
◦ Partition SD card
◦ Fix permisions
MTK Android Device ဆိုတာဘာလဲ
MTK Android Device ဆိုတာကို ဒီရက်ပိုင်းသူများအပြောတွေ ကြားဖူးကြမယ်လို့ထင်ပါတယ်။
MTK ဆိုတာကတော့ MediaTek လို့ခေါ်တဲ့ Android CPU Chipset ကိုရည်ညွန်းခြင်းဖြစ်ပါတယ်။ MTK Android processor တွေဟာ Dual Core အဆင့်ရှိပြီး ဈေးနှုန်းချိုသာပြီး အရည်အသွေးသိပ်မမြင့်တဲ့ Android CPU တွေဖြစ်ပါတယ်။ အရည်အသွေးမြင့်မားလှတဲ့ CPU Chipset မဟုတ်ပေမယ့် Speed ပိုင်းမှာရော ၊ Graphic ပိုင်းမှာရော အရည်အသွေးမြင့် processor များကိုယှဉ်နိုင်အောင်ပြုလုပ်ထားပါတယ်။ MTK Processor တွေကို အရည်အသွေးနိမ့် Android Phone/Tablet များ (Clone ဖုန်းများ) မှာအများဆုံးအသုံးပြုပါတယ်။ MTK processor သုံးထားတဲ့ လူသုံးများ android ဖုန်းတစ်ချို့ကတော့ i Mobile IQ2 , Galaxy S3 (Clone) , Star N9970 Galaxy S2 Clone , Smart THL W3 အစရှိတဲ့ တရုတ် Clone ဖုန်းများမှာအများဆုံးအသုံးပြုပါတယ်။ MTK Devices များဟာ Android version 4.0.4 မှစ၍ Android 4.1.2 အထိအသုံးပြုထားကြတဲ့ Android Clone ဖုန်းများမှာအသုံးပြုထားပါတယ်။ MTK processor များကတော့ MTK6573, MTK6515,MTK 6577 စသည်ဖြင့် ထုတ်လုပ်ထားပါတယ်။ MTK Device တွေကို သာမာန် Root Tool တွေနဲ့ root လို့မရတတ်ပါဘူး ။ Android 4.0 နောက်အသုံးအများဆုံး MTK chipset ကတော့ MTK 6577 အမျိုးအစား chipset ဖြစ်ပါတယ်။ နောက်ထပ်ထွက်ရှိလာတဲ့ MTK(MT 6589) processor ကတော့ Quad Core Processor အဆင့်ရှိပါတယ်။ ဒီလောက်ဆိုရင်တော့ MTK based android devices များအကြောင်းကို သိရှိကြမယ်လို့ထင်ပါတယ်။
Semi Restore ဆိုတာဘာလဲ
Mobile Users တွေအတွက် Semi Restore အကြောင်းကိုရှင်းပြပေးလိုက်ပါတယ်။
Semi Restore ဆိုတာ သင့်ရဲ့ iDevices (iPhone/Pad/Pod touch) ကို iOS firmware စသွင်းပြီးကာစ အခြေအနေသို့ရောက်အောင် Restore လုပ်ပေးမှာပဲဖြစ်ပါတယ်။ ဒီလို
Firmware ကို အသစ်အတိုင်း restore ပြန်လုပ်ဖို့အတွက် iTunes ဆော့ဝဲကိုလုံးဝအသုံးပြုစရာမလိုဘဲ Semi Restore လို့ခေါ်တဲ့ Tool တစ်ခုနဲ့တင် မိမိ ရဲ့ iDevices ကို
ဘာဆော့ဝဲမှမသွင်းရသေးတဲ့ Firmware အသစ်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမှာဖြစ်ပါတယ်။ Firmware ကို restore ပြန်လုပ်မှာဖြစ်တဲ့အတွက် iDevices ထဲက
cydia tweaks တွေနဲ့ ဖုန်းတွင်ရှိ data တွေကတော့ အကုန်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် iDevices ကို Jailbreak လုပ်ထားတဲ့အခြေအနေကို မပျက်ပြယ်အောင် ထိန်းသိမ်းပေး
ထားမှာဖြစ်ပါတယ်။ ဆိုလိုတာက iDevices ရဲ့ Firmware က အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Jailbreak ကတော့ထပ်လုပ်စရာမလိုတော့ပါဘူး ။ Root လုပ်ထားတဲ့
Android OS ဖုန်းတွေကို Factory Reset ချလိုက်လို့ Firmware အသစ်အတိုင်းဖြစ်သွားရင်တောင်မှ Root (Super User) ကမပျောက်သွားတဲ့သဘောအတိုင်းပါပဲ။
ဒီလို Semi Restore လို့ခေါ်တဲ့ Tool ပေါ်လာတာဟာ iDevices မှာ Cydia Tweaks တွေကလိလွန်းလို့ Devices က error (eg- Safe Mode) များနေတဲ့သူတွေ ၊ Firmware
အသစ်တင်ချင်ပေမယ့် Jailbreak ပျောက်သွားမှာစိုးလို့ ဒီအတိုင်းလေး ပေတေပြီးသုံးနေရတဲ့ iOS users တွေအတွက် သတင်းကောင်းတစ်ရပ်ပါပဲ။ firmware အသစ်တင်စရာ
မလိုဘဲ လက်ရှိ firmware ကို newly state (Unactivated Firmware State)သို့ရောက်အောင် ပြန်လည် restore လုပ်ပေးသွားမှာဖြစ်ပါတယ်။