Subscribe For Free Updates!

We'll not spam mate! We promise.

Sunday, December 29, 2013

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်





မန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်း ချခဲ့သည့်၁၅၀၀ကျပ်တန်MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကိုLong Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟုသိရသည်။

“အစ်ကိုတို့က 3G စနစ်၊ဒါကို တချို့ 4G သွားလို့မရဘူးလို့ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကိုသွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူမန်နေဂျာတစ်ဦးကပြောသည်။

MEC သည်CDMA ဖုန်းလိုင်းများကိုZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့်ပြိုင်ဘက်ကုမ္ပဏီသည်ZTE ၏ နည်းပညာများမှာ ခေတ်မီခြင်းမရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေပါက နောင်တစ်ချိန်ပြင်ဆင်ရန် ခက်ခဲမည်ဟု ဝေဖန်ခဲ့ကြသည်။

MEC အနေဖြင့် ZTE သည်မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်းအဆိုပါနည်းပညာသည အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့်4G စနစ်သို့ CDMA များကူးပြောင်းနိုင်ခြင်းမရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင်၎င်းတို့အနေဖြင့်လည်းLTE စနစ်ကို ကူးပြောင်းရန်ရည်ရွယ်ပြီးဖြစ်ကြောင်း MEC ကပြောဆိုခဲ့သည်။

လက်ရှိအချိန်၌မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည်ဟု ကြေညာခဲ့ပြီးတိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေးအော်ပရေတာများသည်လည်3းG, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင် ရွက်သွားမည်ဟုထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌MEC သည်မိုဘိုင်းဖုန်းလိုင်း၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။

Credit: Internet Journal

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment