Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Ticks & Tricks. Show all posts
Showing posts with label Ticks & Tricks. Show all posts

Sunday, December 29, 2013

Laptop သုံးစွဲသူများ သတိပြုရန်အချက်များ


၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီသည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တိုနိုင်ပါသည်။
ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူးများ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင်ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင်ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါသည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့်ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင် သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit  : Original up-loader

Wednesday, December 11, 2013

- - - - - ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ - - - - -




ဖုန်းအသုံးပြုသူ တွေအနေနဲ့ မိမိဖုန်းရဲ့ Noti Bar ပေါ်မှာ အင်တာနက်ဖွင့်လိုက်တာနဲ့ အင်တာနက် သင်္ကေတလေးကို တွေ့ဖူးကြမှာပါ ။ အဲဒိ အင်တာနက် သင်္ကေတလေးတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကို သတိထားမိပါလိမ့်မယ် ( E , G , 3G , H , H+ ) စသဖြင့်ပေါ့ ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ သင်အသုံးပြုနေတဲ့ Network Operator ရဲ့ Connetion ကောင်း ၊ မကောင်း ပေါ်မူတည်ပြီး သင်္ကေတလေးတွေ အမြဲတမ်းပြောင်းလဲနေပါတယ် ။ အဲဒိ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်နဲ့ လိုင်းဆွဲအားကို ဖော်ပြပေးပါ့မယ် ။

Meaning Of ‘ G ’

G = 1G ( GPRS ) - G ဆိုရင်တော့ Connection အရမ်းညံ့ပါတယ် ။ ဘာမှလုပ်လို့မရအောင်ကို လိုင်းမကောင်းပါ ။

Meaning Of ‘ E ’

E = 2.5G ( EDGE ) - E ကတော့ အတော်အသင့်ကောင်းတဲ့ သင်္ကေတပါ ။ တစ်ခုခုကို ဒေါင်းလုတ်ဆွဲမယ်ဆိုရင်တော့ အနည်းငယ် ကြာပါလိမ့်မယ် ။

Meaning Of ‘ 3G ’

3G = 3G ( 3rd Generation ) - 3G ပေါ်နေရင်တော့ လိုင်းဆွဲအားကောင်းပါတယ် ။ အားလုံးအဆင်ပြေပြေ သုံးလို့ရတဲ့ အနေအထားပါ ။

Meaning Of ‘ H ’

H = 3.5G ( HSDPA - High Speed Download Packet Access ) - 3G ထက်ပိုပြီး ကောင်းမွန်တဲ့ Connection ပါ ။ အထူးသဖြင့် ဒေါင်းလုတ်ဆွဲဖို့ အကောင်းဆုံး သင်္ကေတ တစ်ခုပါ ။

Meaning Of ‘ H+ ’

H+ ကတော့ H ထက်အနည်းငယ်ကောင်းပြီး 4G မတိုင်ခင်တော့ Connection Symbols တွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးတော့ သင့်ရဲ့ဖုန်းဟာ ဘယ်တုန်းကမှ H ( or ) H+ မပေါ်ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ 4G System ကိုတပ်ဆင်အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။

Meaning Of ‘ 4G LTE ’

4G = Long Term Evolution ( နောက်ဆုံးပေါ် အင်တာနက် Connection လိုင်းပဲဖြစ်ပါတယ် ။ အင်တာနက်ကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် 4G စနစ်သစ်ပါ ။


ဒီသင်္ကေတတွေ အားလုံးရဲ့ ဒေါင်းလုတ်ဆွဲအားနှုန်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် ။

G = 114 Kb
E = 368 Kb
3G = 3.1 Mb
H = 14 Mb
H+ = 168 Mb
4G / LTE = 299.6 Mb

တခြားနိုင်ငံများတွင် မလုပ်သင့်သော ရိုင်းရာကျသည့် အပြုအမူများ

(၁) ဂျပန်တွင် မုန့်ဖိုးမပေးပါနှင့်
များသောအားဖြင့် စားသောက်ဆိုင်၊၀န်ဆောင်မှုပေးသောလုပ်ငန်းများနှင့် ဟိုတယ်များသည် ချွင်းချက်တွင်ပါဝင်ပါတယ်။ ဒါပေမယ့် မပေးတာ ပိုကောင်းပါတယ်။
အဲ့လိုမျိုး Tip Money ပေးလိုက်တာ အဆင့်နှိမ်လိုက်တဲ့ သဘောသက်ရောက်လို့ပါ။

(၂) ရုရှားမှာ မသိတဲ့လူကို ပြုံးမပြသင့်ပါ။
ကျနော်တို့မြန်မာလူမျိုးအများစုကတော့ မသိတဲ့သူကိုဆို ပြုံးပြတတ်တာ ထုံးစံတစ်ခုပါပဲ။ ဒါပေမယ့် ရုရှားမှာတော့ အဲ့လိုမဟုတ်ပါဘူး။ တော်တော်လေးကိုရင်းနှီးတဲ့သူကိုမှ
ပြုံးပြတဲ့ ထုံးစံရှိပါတယ်။ အကယ်လို့သာ ပြုံးပြမိရင် သူတို့အနေနဲ့ ယုန်ထင်ကြောင်ထင် ဖြစ်သွားနိုင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပေါ့

(၃) အိန္ဒိယမှာ ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
အိန္ဒိယထုံးတမ်း အစဉ်အလာ ယုံကြည်မှုတွေအရ ဘယ်ဘက်လက်က မသန့်ရှင်းဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာမျိုးဖြစ်ဖြစ်၊ တစ်ခုခုလှမ်းပေးတာမျိုးဖြစ်ဖြစ်
သူများက လှမ်းပေးလို့ယူတာမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) တရုတ်ပြည်မှာ ပန်းကန်ထဲက အစားအသောက်ကို ကုန်စင်အောင်မစားပစ်ပါနဲ့။
တရုတ်ပြည်မှာ တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတဲ့ အခါမှာ ပန်းကန်ထဲအကုန်ပြောင်အောင် စားလိုက်တယ်ဆိုတာဟာ သူတို့ဆီမှာ အိမ်ရှင်က လောက်အောင်မဧည့်ခံတာ (ဒါမှမဟုတ်) စားစရာအလုံအလောက်မရှိလို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေကတော့ အိမ်ရှင်ထည့်ကျွေးတာကို အကုန်ကုန်အောင်စားမှ မရိုင်းတာဆိုတဲ့ အဓိပ္ပါယ်ရှိပေမယ့် သူတို့ဆီမှာတော့ အဲ့လိုမဟုတ်ပါဘူး။
စားပြီးလို့ပန်းကန်ထဲမှာ နဲနဲလေး ချန်ထားခြင်းက ကိုယ်ဗိုက်ဝပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေသလို ချက်ပေးတဲ့ စာဖိုမှုးကိုလည်း ချီးကျူးရာ ရောက်ပါတယ်။

(၅) နော်ဝေးမှာ ကားမောင်းရင် ဟွန်းမတီးပါနဲ့။
ရန်ကုန်မှာတော့ ဟွန်းမတီးရဇုန်တွေ သတ်မှတ်ထားပေမယ့် ဘဲဥလစ်ရင်လစ်သလို တီးနေကြတာပါပဲခင်ည။ နော်ဝေးမှာတော့ ဟွန်းတီးတယ်ဆိုတာ အရေးပေါ်အခြေနေမျိုးမှာမှ တီးပါတယ်တဲ့။ တခြားအချိန်မှာတီးတာမျိုးကတော့ သူတို့အယူအဆနဲ့ ရိုင်းရာကျပါတယ်တဲ့။
ဒါပေမယ့် ဟွန်းဆိုတာ လိုအပ်လို့ ကားတိုင်းမှာ ထည့်ပေးထားတာပဲလေ။

(၆) နှုတ်ဆက်တဲ့ စကားကို ပြင်သစ်မှာ ပြောဖို့ မမေ့ပါနဲ့
ပြင်သစ်မှာတော့ "Bonjour" လို့ အခုစတွေ့တဲ့သူကို ပြောသင့်ပါတယ်။ ပြင်သစ်မှာမှ မဟုတ်ပါဘူး။
စတွေ့တွေ့ချင်းနှုတ်ဆက်လိုက်တာဟာ လူတိုင်းနဲ့ နွေးထွေးမှု ရစေပါတယ်။
(၇) ဂျာမနီမှာစကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်မထားပါနဲ့
တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားတာ ရိုင်းရာကျပါတယ်။ သူများပြောတဲ့ စကားကို အလေးစိုက်နားမထောင်တဲ့ သဘောလည်းသက်ရောက်စေလို့ပါ။
Credit to SQUAR

Saturday, December 7, 2013

***လုပ်ငန်းအတွက် (၇) ချက်***

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )

မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။

Friday, December 6, 2013

မိမိ အရည်အချင်းနှင့် မမှီသော အလုပ်ကို လျှောက်သင့် မလျှောက်သင့်


မိတ်ဆွေသူငယ်ချင်းတွေလည်း လာလာတိုင်ပင်ကြတယ်။ လက်ရှိ ကိုင်ထားတဲ့ ဘွဲ့လက်မှတ်နဲ့ အခြား Certificate များကို ပေါင်းလို့ အဲ့အလုပ် ရာထူးကို လျှောက်လို့ရမရပေါ့။ အများစုကတော့ မရလို့ စိတ်ညစ်ပြီး လှည့်ပြန်တဲ့သူတွေချည်းပါပဲ။ ဒီတော့ အဲ့လို အလုပ်အခြေအနေမှာ ယင်း အလုပ်ကို လျှောက်သင့် မလျှောက်သင့် တွေဝေနေသူများကို ဒီဆောင်းပါးလေးနဲ့ အကြံပေး တိုက်တွန်း လိုက်ရ ပါတယ်။


ဆိုကြပါစို့။ ကုမ္မဏီက အလုပ်ခေါ်တယ်။ လုပ်သက်က ၁၀ နှစ်၊ လိုချင်တဲ့ ဘွဲ့က MBA . ဒါ့အပြင် ပြောမကုန်အောင် များလိုက်တဲ့ အရည်အချင်း။ အမှန်တော့ အဲဒါတွေ ကုမ္မဏီက တကယ်လိုတယ်ကော ထင်လို့လား။ လိုတယ်လို့ ထားပါတော့။ အဲ့ဒါကို ၁၀၀ ရာခိုင်နှုန်း ပြည့်မှီတဲ့သူကရော် ရှိကော ရှိပါ့မလား။ ကုမ္မဏီက သူလိုချင်တဲ့ ခရိုင်တီးရီးယား တစ်ခု သတ်မှတ်လိုက်ပေမယ့် လာလျှောက်တဲ့သူတွေထဲက အနီးစပ် ဆုံးကို ရွေးချယ်သွားကြတာ ချည်းပါပဲ။ ဒီတော့ လျှောက်သင့်မလျှောက် သင့် မေးလာသူများကို Yes လို့ပဲ ဖြေချင်ပါတယ်။ သို့ပေမယ့် ယင်း ပရော်ဖက်ရှင် ဆီကို သွားနေတဲ့ Track ပေါ်မှာတော့ ရှိရမယ်နော်။ တတ်ထားတဲ့ ပညာက ဒီဇိုင်းဖက်ရှင်၊ သွားလျှောက်တဲ့ အလုပ်က အိုင်တီ မန်နေဂျာတော့ မရဘူးလေ။ ဆိုင်ရာ ဆိုင်ရာပေါ့။ အိုကေ ဆက်ကြည့်ရအောင်။

Bridge the Gap

ကွာဟနေတဲ့ အပိုင်းတွေကို လိုက်လံ ဖြည့်ဆည်းဖို့ပါ။ ဒီမှာ ဖြည့်ပုံဖြည့်နည်းက ၂ နည်းရှိပါတယ်။ အချိန်တို ဖြည့်နည်းနဲ့ ပုံမှန်ဖြည့်နည်းပေါ့။ ဥပမာ လျှောက်မယ့် ရာထူးက မန်နေဂျာ။ ကိုယ်က စီမံခန့်ခွဲမှုနဲ့ ပက်သက်လို့ အတွေ့အကြုံမရှိ၊ မတတ်ထားသေးဘူး ဆိုပါစို့။ အင်တာဗျူးကလည်း တစ်ပတ်လောက်ပဲ လိုတော့တယ်။ ဒီလိုမျိုးဆိုရင် တစ်ပတ်အတွင်း သက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ် စာအုပ်တစ်အုပ်ကို အမြန်ဖတ်၊မှတ်လို့ အင်တာဗျူးအတွက် ပြင်ဆင်သွားစေချင် ပါတယ်။ အလုပ် ရလိုက်ပြီ ဆိုပါစို့။ ဒါဆိုရင်တော့ ယင်း ပညာ အတွက် ကျောင်း၊ သင်တန်း တစ်ခုကနေ ပုံမှန်လေး လိုက်ဖြည့် သင်ကြားတဲ့နည်းနဲ့ Gap ကို ဖြည့်နိုင်ပါပြီ။

Don’t tell them you’d be great

ဒီမှာ အလုပ်ရှင်ဆီကို ကျနော် လုပ်နိုင်တယ်ဆိုတဲ့အချက်ထက် လုပ်ချင်တယ်ဆိုတဲ့ အချက်ကို ချပြရမှာပါ။ ဘာလို့လဲဆို ကိုယ့်ဆီမှာ လုပ်နိုင်တဲ့ အရည်အချင်းက မပြည့်ဝသေးဘူးလေ။ သို့ပေမယ့် လုပ်ချင်တဲ့ စိတ်က အင်မတန် ပြင်းထန်နေဖို့လိုတယ်။ ဒါကို လည်း တစ်ဖက်က သိအောင် ပြပေးရမယ်။ အဲ့လိုမဟုတ်ပဲ လုပ်နိုင်တယ် ဘာညာနဲ့ ဝင်လိုက်ရင် အလုပ်ရခဲ့ရင်တောင် ကမောက်ကမတွေ ဖြစ်သွား နိုင်ပါတယ်။

Find a Connection

အလုပ် ရာထူး မရခင် ရှာရမယ့် connection က တစ်မျိုး၊ ရပြီးချိန် ရှာရမယ့် Connection က တစ်မျိုးပါ။ မရခင် အရင်လေ့လာရအောင်။ အချို့ က အလုပ်ရှာဖို့အတွက် ကိုယ့် Network ထဲကပဲ အချင်းချင်း Recommend ပေးပြီး ခန့်သွားတယ်။ အရည်အချင်းကျတော့ ကုမ္မဏီလိုချင်တဲ့ ခရိုင်တီးရားကို မမှီးဘူး။ သို့ပေမယ့် Trusted Connection က ပေးတဲ့ Recommend ကြောင့် ရာထူး တစ်ခုကို လွယ်လွယ်ရနိုင်တယ်။ နောက် တစ်ဆင့် ကတော့ အလုပ်ရပြီး ရှာရမယ့် Connection ပါ။ ကိုယ်က ဒီရာထူးအတွက် အရည်အချင်း ပြည့်မှီဖို့ ကြိုးစားနေဆဲ။ ယူထားတဲ့ တာဝန်ကလည်း ခပ်များများ။ ဒါဆိုရင်လုပ်ရမှာပါ။ အချိတ်အဆက်များနဲ့ ပူးပေါင်းဆောင်ရွက်မှုပါ။ ကိုယ်က ရာထူးကြီးကြီးတစ်ခုခုကို ယူလိုက်ပေမယ့် ထုတ်ပြနိုင်တာက နည်းတယ်။ ဒါဆိုရင် ထုတ်ပြနိုင်တဲ့ လူမျိုးတွေကို များများချိတ်ရမယ်။ ကုမ္မဏီကြည့်မှာက Productivity လေ။ အများအားဖြင့် ပေါ့။ ဒါကို ရနိုင်ဖို့ Connection တွေထဲကနေလည်း အဆင်ပြေအောင် ကြိုးစားဖန်တီးနိုင်တဲ့ အရည်အချင်း ရှိရပါမယ်။ မိတ်ဆွေသူငယ်ချင်းဆီက အကူအညီတောင်းလို့ရတဲ့ အနေအထား။ ကိုယ်ယူလိုက်တဲ့ ရာထူးအတွက် နောက်ကွယ်ကနေ သွန်သင် Support လုပ်ပေနေမယ့် ဆရာကောင်း။ ဒါမျိုးတွေ ရှိထားရင် အဆင်ပြေပါတယ်။

Opportunity ရှာမှီးမှုက အခြားရယ်လို့မဟုတ် အိုင်တီလောကသားတွေ အတွက်လည်း လိုအပ်နေတဲ့ Gap တစ်ခုမို့ ရည်ရည်ရေးသားရခြင်းပါ။
ဒီတော့ အလုပ်ရာထူးတစ်ခုလျှောက်ဖို့ လက်တွန့်၊ အတွေးတွန့်နေသူများ အတွက် ရှေ့ ဆက်တိုး ရင်ဆိုင်ဖို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက် ရပါတယ်။

Sunday, December 1, 2013

ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့



ဆရာဝန်တစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့ ဆေးရုံထဲကို အလျှင်အမြန်နဲ့ ပြေးဝင်သွားတယ်။

အရေးကြီး ခွဲစိတ်မှုတစ်ခု ချက်ချင်းလုပ်ဖို့ လိုအပ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဖုန်းရရချင်း ချက်ချင်းအ၀တ်အစားလဲပြီး ရောက်လာတာပါ။ ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ပါတယ်။

အထဲရောက်တော့ လူမမာကောင်လေးရဲ့ ဖခင်ဖြစ်သူဟာ နံရံကိုမှီပြီး ဆရာဝန်ဖြစ်တဲ့ သူ့ကို စောင့်နေတာကို တွေ့လိုက်ရတယ် ...။

သူ့ကိုတွေ့တွေ့ချင်း ကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်တယ် ...
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲဗျာ ... ကျွန်တော့သားရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေတယ်ဆိုတာ ခင်ဗျားမသိဘူးလား ... ခင်ဗျားမှာ တာဝန်ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား .... "

ဆရာဝန်က ပြုံးလိုက်ရင် ပြန်ဖြေတယ်
"တောင်းပန်ပါတယ်ဗျာ ... ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ ... ဖုန်းရရချင်း မြန်နိုင်သမျှ မြန်အောင် လာခဲ့ပါတယ် ... အခု အကို ခဏလေး စိတ်ငြိမ်ငြိမ်ထားလိုက်ပါနော် ... ကျွန်တော် အတတ်နိုင်ဆုံးကောင်းအောင် ခွဲစိတ်ပေးပါမယ်"

"စိတ်ငြိမ်ငြိမ်ထားရမယ် .. ဟုတ်လား ... ခင်ဗျားသား ဒီလိုခွဲခန်းထဲမှာရောက်နေရင် ခင်ဗျား စိတ်ငြိမ်နိုင်မှာလား ... တကယ်လို့ ခင်ဗျားသားသာ သေသွားရင် ခင်ဗျား ဘယ်လိုလုပ်မလဲ" ဆိုပြီး အဖေလုပ်သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ပြောတယ် ...။

ဆရာဝန်က နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ပြီး "အကို ... စိတ်ချပါဗျာ ... ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး ကုသပေးပါ့မယ် ..." လို့ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ၀င်သွားခဲ့သတဲ့ ..။

နာရီအနည်းငယ်လောက် ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်မှာ ဆရာဝန်က ၀မ်းသာစွာနဲ့ ခွဲခန်းထဲက ပြန်ထွက်လာသတဲ့ ...
"ဘုရားရဲ့ကျေးဇူးပါပဲဗျာ ... အကို့သားလေးရဲ့ ခွဲစိတ်မှုအောင်မြင်ပါတယ်" ဆိုပြီး ပြောပြောဆိုဆိုနဲ့ ကောင်လေးရဲ့အဖေ ရဲ့ ပြန်ဖြေမှုကိုတောင် မစောင့်တော့ပဲ ....
"ခင်ဗျား တစ်ခုခုမေးစရာရှိရင် သူနာပြုဆရာမကြီးတွေကို မေးနိုင်ပါတယ်ဗျာ" လို့အော်ပြီး ထပ်ပြီး ပြေးထွက်သွားသတဲ့ ....

ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာတွေ ဒီလောက် မောက်မာနေတာလဲ မသိဘူး ... ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်းလေးတောင် မစောင့်နိုင်ဘူး" လို့တွေးပြီး မေးမြန်းဖို့ သူနာပြုဆရာမကို သွားတွေ့သတဲ့...။

သူနာပြုဆရာမ က မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာကတော့ ...
"ဒေါက်တာ့သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွားတာပါ ... ဒေါက်တာ အသုဘအခမ်းအနားမှာရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ်ခွဲစိတ်မှုရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီးခေါ်လိုက်တာပါ ... အခု ရှင့်သားရဲ့ အသက်ကို ကယ်တင်ပြီး သူ့သားလေးရဲ့ အသုဘအခမ်းအနားပြီးဆုံးချိန်အမှီ ပြန်ပြေးသွားတာပါ" တဲ့ ...။

မှတ်သားဖွယ် ။ ။ ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန်ပါနဲ့ .. ဘာလို့လဲဆိုတော့ သူတို့ဘယ်လိုဘ၀မျိုးကို ကြုံတွေ့နေရတယ်ဆိုတာ သင်သိချင်မှသိမှာ မို့လို့ပါ ....။

အလင်္ကာမေကျော်

Wednesday, November 27, 2013

Autorun ဆိုတာဘာလဲ ??????

Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင် Program တစ်ခုကို အလိုအလျောက်လုပ်ဆောင်နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။ဥပမာ A.exe ဆိုသော Program ကို USB
သို့မဟုတ် CD/DVD တို့မှ ကွန်ပျူ တာသို့ချိတ်ဆက်လိုက်သောအခါ ၄င်း Device များထဲမှ အသက်ဝင်စေချင်သော ဖိုင်များကို အကြမ်းဖျဉ်း ‘Open=A.exe” ဆိုပီး ရေးသည့်အတွက်
ကြောင့်ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်အခါ အလိုအလျှောက်လုပ်ဆောင်နိုင်ပါတယ်။အဲဒီ Autorun ဖိုင်တွေထဲမှာမှ

 [autorun]
 icon=H41.ico
 label=H4RR15
 open=A.exe
 action=Click ok to run ptach update for windows
 shell\open\command=A.exe

 [OR]

 shell=start shell\start\command=path/A.exe
 shell\start=Run Application
 shell\read\command=notepad.exe files/readme.txt
 shell\read=open readme.txt

 စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။ဒီတော့ ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦးတည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့၎င်း Autorun File နှစ်ခုကို တစ်တွဲတည်းထားမှ (ကွန်ပျူ တာအတွင်း Autoplay Policy မှာလည်း Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။) USB/CD-DVD Devices များမှတဆင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်လုပ်ဆောင်မှာဖြစ်ပါတယ်။အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်ကွန်ပျူတာအသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှAutorun Services ကိုပိတ်ထားသင့်ပါတယ်။ ဒါမှလည်း သင့်စက်ထဲကို သင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက ၂၅% နှုန်းလောက်သာရှိပါမယ်။

ကွန်ပျူတာ ဗိုင်းရပ်စ် များအကြောင်း

Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…


Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..

Worm

 Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

Trojan Horse

 Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..  ♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)

Spyware

သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...



Adware

 Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

Crimeware

 Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။

Quick Format နဲ့ Regular Format ကွားခြားပုံ

ကျွန်တော်တို့ Windows တင်တဲ့ အခါမှာ Format အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular ဆိုပြီး ရှိပါတယ်။ Quick နှင့်တင်ရင်ဘယ်လိုဖြစ်မယ် Regular နဲ့တင်ရင်ဘယ်လို
ဖြစ်မယ်ဆိုတာကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိမှာပါ။ ဒါကြောင့် အခုလို တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။ကျွန်တော်တို့ Windows တင်တဲ့
အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။နောက်ပြီး no Changes လဲ
ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။

• Format the partition by using the NTFS file system (Quick)
• Format the partition by using the FAT file system (Quick)
• Format the partition by using the NTFS file system
• Format the partition by using the FAT file system
• Leave the current file system intact (no changes)

Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲကောင်း တဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့
ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ
ဖြစ်တဲ့အတွက်ကြောင့်မိမိ Drive မှာ Bad Sectors ရှိရဲ့သာနဲ့မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်းရှား နိုင်သလာ: ကိုယ်တိုင်စဉ်းစားပါ။

Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့အပိုင်းက Regular လို့ ခေါ်ပါတယ်။Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက
bad Sectors တွေကိုပါ Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။

Tuesday, November 26, 2013

Window ကို ၁၀ စက္ကန့်အတွင်း Start Up ဖြစ်ချင်ပါလား

 
Window ကို ၁၀ စက္ကန့်အတွင်း Start Up ဖြစ်ချင်ပါလား ။ ဖြစ်အောင်လုပ်လို့ရပါတယ်။
ကဲ ပထမဦးဆုံး Command Box ကိုခေါ်ပြီး regedit လို့ရိုက်လိုက်ပါ။ပြီးရင် HKEY_LOACAL_MECHINE\SYSTEM\CurrentControlSet\Contr ol\ContentIndex ကို သွားပါ။
Startup Delay ဆိုတဲ့ Key ကိုရှာပါ။
Double Click နှိပ်ပြီး သူ့ရဲ့ Default Value Default Value “4800000 (75300:hexadecimal)” ကို
40000 လို့ပြောင်းလိုက်ပါ။
ပြီးလို့ရှိရင် စက်ကို Restart ချလိုက်ပါ။

Monday, November 25, 2013

ကိုယ်သူငယ်ချင်းတွေရဲ့ gallery တို့valutတို့ကျော်မယ်ခွမယ်

ဒီနည်းလေးကတော့အလွယ်လေးပါ။သိတဲ့ဆြာတွေအတွက်တော့ကလေးအထာလေးးတွေပေါ့။ကဲစလိုက်ကြရအောင်
settting ထဲကိုသွားလိုက်ပြီးရင်manage applications ထဲသွားပြီးတော့all tabကိုသွားလိုက်ပါlockချထားတဲ့app ကိုရှာပြီးclear dataလုပ်လိုက်ပါ။ပြီးရင်ရပါပြီapp lock ကdefalut passwordဖြစ်သွားပါပြီကဲအဆင်ပြေပါစေဗျာ။

Sunday, November 17, 2013

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
 

တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး 


ဒီလိုအော်ပါတယ် ။
 

" မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ 


အသက်ပဲ ရှိတယ် "
 

ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
 

လုယက်သူက
 

" အဝတ်အစားကို လုံလုံခြုံခြုံ ဖုံးထားပါ ၊ ဒါဟာ ဘဏ်လုယက်နေတာဖြစ်တယ် ။ မုဒိန်းကျင့်ဖို့ မဟုတ်ဘူး "
 

ဒါကို ပရောဖက်ရှင် လို့ ခေါ်ပါတယ် ။ သင်ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာပဲ အာရုံစိုက်ပါ ။

အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ်
 

ဘဏ်လုယက်သူတွေဟာ အိမ်ပြန်ရောက်တော့ MBA ဘွဲ.ရထားတဲ့ ညီိက မူလတန်းသာ စာသင်ဘူးတဲ့ 


အကိုဖြစ်သူကို
 

" အကိုကြီး ၊ ကျွန်တော်တို့ ဘယ်လောက်ရခဲ့သလဲ ပိုက်ဆံတွေ ရေတွက်ရအောင် "
 

အကိုဖြစ်သူ ပြန်ပြောလိုက်တာက
 

" မမိုက်မဲစမ်းပါနဲ့ညီရာ ၊ ငွေတွေက အများကြီးပဲ ငါတို့ ရေတွက်ရင် ၊ အရမ်းကြာလိမ့်မယ် ။ ဒီနေ့ည 


ရုပ်မြင်သံကြား သတင်းမှာ ငါတို့ ဘဏ်က ဘယ်လောက် လုယက်လာတယ်ဆိုတာ ကြေငြာပါလိမ့်မယ် "
 

ဒါကို အတွေ.အကြုံလို့ ခေါ်တယ် ။ ဒီနေ့ခေတ်မှာ ၊ အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် 


ပိုအရေးကြီးတယ် ။

မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲပါ
 

ဘဏ်လုယက်သူတွေ ဘဏ်က ထွက်ခွါသွားတော့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှုးကို ရဲကို 


အမြန်ဆုံးခေါ်ဖို့ ပြောတယ် ။
 

ဒါပေမဲ့ ကြီးကြပ်ရေးမူးက
 

" ခဏနေအုန်း ၊ ကျွန်တော်တို့အတွက် ၁၀ သန်းလောက် ခိုးထားရအောင် ။ ပြီးတော့ ကျွန်တော်တို့ 


ဘဏ်က အလွဲသုံးစားလုပ်ထားတဲ့ သန်း ၇၀ ပါ ပေါင်းလိုက်ကြစို့ "
 

ဒါကို ဒီရေနဲ့အတူ ကူးခတ်ခြင်းလို့ ခေါ်တယ် ။ မဖြစ်နိုင်တဲ့ အခွင့်အရေးကို 


မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲနိုင်ခြင်း

သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ်
 

ကြီးကြပ်ရေးမူးက ထပ်ပြောတာက
 

" ဘဏ်လုယက်သူတွေ လစဉ် ပုံမှန် လာလုရင် သိပ်ကောင်းမှာပဲ "
 

ဒါကို ပျင်းရိခြင်းကို ချိုးနှိမ်ခြင်းလို့ ခေါ်တယ် ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ် ။

အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ်
 

နောက်တနေ့မှာ ရုပ်မြင်သံကြားသတင်းတွေက ဘဏ်လုယက်သူတွေ ဘဏ်က သန်း ၁၀၀ 


လုယက်သွားကြောင်း သတင်းကြေငြာကြတယ် ။
 

လုယက်သူတွေလည်း ငွေတွေကို စတင်ရေတွက်ကြတော့တယ် ။ ဒါပေမဲ့ သူတို့ 


လုယက်လာတဲ့ ငွေတွေဟာ သန်း ၂၀ ပဲ ရှိတာကိုတွေ.လိုက်ရတယ် ။
 

ဒီတော့ လုယက်သူတွေဟာ ဒေါသထွက်ပြီး
 

" ငါတို့မှာတော့ အသက်စွန့်ပြီး အလုပ်လုပ်ခဲ့ပေမဲ့ သန်း ၂၀ ပဲ ရတယ် ၊ ဘဏ်မန်နေဂျာကတော့ 


လက်ကလေး တချက်လှုပ်တာနဲ့ သန်း ၈၀ ရသွားတယ် ။ ပညာဆိုတာ ခိုးတာထက် ပိုတန်ဘိုး ရှိပါလား "
 

ဒါကို အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ် လို့ခေါ်တယ်။

ဘဏ်မန်နေဂျာလည်း စတော့ ရှယ်ယာ ဈေးကွက်မှာ ရူံးခဲ့တဲ့ ငွေတွေ ဘဏ် ဓားပြ တိုက်မှုကနေ 


ပြန်ရလိုက်လို့ ပြုံးပျော်နေတယ် ။
 

ဒါကို အခွင့်အရေး ဖန်တီးခြင်းလို့ခေါ်တယ် ။

ဒါဆို ဒီအဖြစ်အပျက်မှာ ဘယ်သူက တကယ့် သူခိုးလဲ


(အမည်မသိ ဆောင်းပါးအား ဘာသာ ပြန်ဆိုသည်)

Thursday, November 14, 2013

Programme Language များနှင့် သုံးရမည့်နေရာတွေပါ

Software                        Programming Language

Air traffic                       Assembly,C,PL/I

Antivirus & Security        ActiveX,C,C++

Automotive engines          C,C++,Forth

Banking application         C,COBOL,HTML,Java,PL/I,SQL

Broadband                   C,C++,CESOF,Java
Cell phones                 C,C++,C#,Objective C

Credit Cards                ASP.Net,C,COBOL,Java,Perl,PHP

Credit checking             ABAP,COBOL,FORTRAN,PL/I,XML

Credit unions               C,COBOL,HTML,PL/I,SQL

Criminal records            ABAP,C,COBOL,FORTRAN

Filght controls             Ada,Assmebly,C,C++,C#,LabView

Insurance                   ABAP,COBOL,FORTRAN,Java,PL/I

Mail and shipping           COBOL,DBase2,PL/I,Python,SQL

Manufacturing               AML,APT,C,Forth,Lua,RLL

Medical equipment           Assmebly,Basic,C,CO,CMS2,Java

Medial records              ABSP,COBOL,MUMPS,SQL

Medicare                    Assembly,COBOL,Java,PL/I,DBase2,SQL

Municipal taxation          C,COBOL,Delphi,Java

Navigation                  Assembly,C,C++,C#,Lua,Logo,MatLab

Oil and Energy              AMPL,C,G,GAMS/MPSGE,SLP

Open-source software        C,C++,JavaScript,Python,Suneido,XUL

Operating systems,large     Assembly,C,C#,Objective C,PL/S,VB

Operating systems,small     C,C++,Objective C,OSL,SR

Phamaceuticals              C,C++,Java,PASCAL,SAS,VB

Police records              C,COBOL,DBase2,Hancock,SQL

Satellites                  C,C++,C#,Java,Jovial,PHP,Pluto

Securities trading          ABAP,C#,COBOL,DBase2,Java,SQL

Social Security             Assembly,COBOL,PL/I,DBase2,SQL

State taxation              C,COBOL,Delphi,FORTRAN,Java,SQL

Telephone switching         C,CHILL,CORAL,Eriang,ESPLI,ESTREREL

Television broadcasts       C,C++,C#,Java,Forth

Voting equipments           Ada,C,C++,Java

Weapons systems             Ada,Assembly,C,C++,Jovial

Web applications            AppleScript,ASP,CMM,Dyian,E,Perl,PHP,.Net

Welfare(State)              ASP.Net,C,COBOL,DBase2,PL/I,SQL

Saturday, November 2, 2013

Some Advice For You !! Who Want To Become A Hacker

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash3/q71/1441549_590706197631381_1072254460_n.jpg 
1) Never trust sites that ask
you for money in return of
Hacking Softwares or who
claim to Hack Email Id’s in
return of money. All such
things are Scam . Nothing Works.

2) There is NO DIRECT
SOFTWARE to Hack Facebook ,
Google , Yahoo or any other
big website. All the softwares
that claim to do so are scam.
They are just meant to take your money and in worse
cases, those softwares have
trojans or keyloggers in them.
As a result your account gets
hacked trying to hack others.

3) NEVER EVER use the
keyloggers or trojans you find
as freeware on internet.
Hackers are not fools. They
compile keyloggers and
trojans almost with any such software and when you install
them , you are already hacked
before even trying to hack
others.

4) You are never going to be a
good hacker without the
knowledge of programming
and scripting languages. When
you are going to use only
ready made softwares and would depend on them for
hacking anything then your
functionality would be limited
upto the functionality of the
software. When you are not
going to use your brain , just doing the copy paste thing,
then how can you even think
of being a good hacker.

5) If you are a good Hacker,
you already become a good
programmer , a good script
writer , a good web developer
and an excellent security
expert. Well any good Hacker will/should have good
knowledge of various aspects
and programming languages.
to do XSS (Cross Site
Scripting ) , PHP INJECTION , SQL
INJECTION , PHISHING , FOOTPRINTING etc… you will
have to be good at
programing and scripting. And
when you know the Various
loop holes , vulnerabilities and
security tips, you already become a Computer Security
Expert. So Never Ever Under estimate
the term Hacker. A Hacker Is
Not a person who just hacks
email id’s or servers but a True
Hacker is a Computer Genius
who the knowledge of computers more than anyone.

Thursday, October 31, 2013

Recycle Bin အကြောင်း

Recycle Bin ဆိုတာကွန်ပြူတာရဲ့အမိုက်ပုံးပါဘဲ။ကွန်ပြူတာကနေ ရိုးရိုး Del နဲ့ဖျက်မိရင်

အဲ့ထဲသွားရောက်ပါတယ်။ပီးတော့ ပြန်ပြီး လိုချင်ရင် restore ပြန်လုပ်လို့ရပါတယ်။ရိုးရိုး Del

လုပ်ပါများနေရင် ကွန်ပြူတာထဲက Hard Disk ထဲမှာသိမ်းထားရလို့ Computer

ကြီးလေးနေပြီးသုံးရတာနှေးနေပါလိမ့်မယ်။သူက ဘယ်လို Hard Disk မှာနေရာယူထားလဲဆိုတော့

Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့ Properties

ကိုဝင်ကြည့်လိုက်ပါနော်။အမိုက်ပုံးဆိုပြီးအထင်တော့မသေးလိုက်နဲ့နော် သူက Hard Disk Size ရဲ့ 7042

MB ကိုနေရာယူထားတာနော်။အကယ်၍ ကိုယ်ကဖျက်ပီးသားကိုပြန်ယူလေ့မရှိဘူး Shift+Del

နဲ့ဖျက်တတ်တဲ့လူဆိုရင်တော့ အဲ့ကောင်ကိုပိတ်ပီး Recycle Bin Icon

ကြီးပါဖြုတ်ထားလိုက်ပေါ့။လုပ်နည်းကတော့  Desktop ပေါ်က Recycle Bin ကို Right Click နှိပ်ပီးတော့

Properties ကိုဝင် Don't Move File To The Recycle Bin.Remove Files Immediately When

Deleted. ဆိုတာလေးကိုရွေးပေးလိုက်ပါနော်....

Recycle အလုပ်လုပ်ပုံကတော့

(၁) မလိုတော့တဲ့ Data တွေကို Del နှိပ်ပြီး Bin ထဲထည့်လို့ရသလို မှားပြီးဖျက်မိတဲ့ Data တွေကိုလဲ Bin


      ထဲက ပြန်လိုချင်ရင် Restore ပြန်ခေါ်လို့ရပါတယ်။


(၂) Bin ကိုရှင်းလင်းစေချင်ရင် Empty ဆိုတာကိုနှိပ်လိုက်ရင်အကုန်လုံး Empty ဖြစ်သွားပါတယ်။


(၃) Bin ရဲ့နေရာယူတဲ့ပမာဏကို လျှော့ချင်လျှော့တိုးချင်တိုး မိမိကြိုက်သလို Control လုပ်လို့ရပါတယ်။


(၄) နောက်ဆုံးအချက်ကတော့ ကွန်ပြူတာလေးမှာစိုးရိမ်လို့ Bin ထဲမထည့်ချင်ဘူး။တနည်းအားဖြင့် Bin

နဲ့မပတ်သက်ချင်ဘူးဆိုရင် မလိုချင်တော့တာသေချာတဲ့ Data တွေကို Shift+Del

တွဲနှိပ်ပြီးတခါထဲအပြီးဖျက်လို့ရပါတယ်။ အပေါ်ကရှင်းပြထားတဲ့ Bin နေရာယူမှုပမာဏကို

မိမိက လျှော့ထားမယ်ဆိုလျှင်

မိမိပမာဏထက်ကျောနေရင် ဥပမာ 1 GB ထားတယ်ဆိုပါစို့

မိမိဖျက်တဲ့ Data တွေက 1 GB ကျော်နေရင်

သူ့အရှေ့ကဖျက်ထားတဲ့ Data တွေဟာ Shift+Del လုပ်သလိုပြန်ပီး Restore

လုပ်လို့မရဘဲပျက်သွားတတ်ပါတယ် ။

ကွန်ပျူတာ ကြာကြာ ကြည့်သူတိုင်းအတွက်

ခုခေတ်မှာကွန်ပြူတာသုံးတဲ့သူအရမ်းများတယ်နော်။ကွန်ပြူတာနဲ့အလုပ်လုပ်နေရတဲ့သူတွေရှိသလို

အင်တာနက်ခေတ်ကြီးမှာအလုပ်ကြောင့်ဖြစ်ဖြစ်အပျင်းပြေဖြစ်ဖြစ်အင်တာနက်သုံး

ရင်းအချိန်ကုန်နေ တဲ့သူတွေ ကလည်း အများကြီးပဲလေ။ ဂိမ်းကိုစွဲစွဲလန်းလန်းကစားနေတဲ့သူတွေကလည်း

 ဒုနဲ့ဒေးပါပဲ။ အဲဒီတော့ ကွန်ပြူတာအသုံးများလွန်းပြီး မျက်စိပြဿနာတွေနဲ့

 ကြုံရပြီပေါ့။

ကွန်ပြူတာအသုံးများလွန်းရင် မျက်စိက အများကြီးဒဏ်ခံရပါတယ်။ မျက်လုံးတွေေ၀၀ါးလာမယ်၊

ကြည့်ရတာလည်း အဆင်မပြေတော့ဘူး၊ မျက်လုံးအိမ်ခြောက်သွေ့လာမယ်၊ မျက်ရိုး

ကိုက်၊ မျက်ရည်ပူတွေကျမယ်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတွေလည်းတက်မယ်၊

မျက်မှန်သမားတွေဆိုရင်လည်း မျက်မှန်က ကြည့်ရတာ အဆင် မပြေတော့ဘူး။ ဒါဆိုရင်တော့

မျက်စိက အလုပ်လုပ်ရလွန်းလို့ ဒဏ်မခံနိုင်တော့ဘဲ ဆန္ဒပြလာပြီပေါ့။

မျက်စိပါဝါတိုးမှာကလည်း သေချာသလောက်ပဲနော်။

ကံကောင်းထောက်မစွာနဲ့ပဲ ဒီလို အခြေ အနေတွေ ကိုရှောင်လွှဲနိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။

အရမ်းလွယ်တယ်နော်။ လုပ်ကြည့်ကြ ရအောင်..။

Use Flat LCD Monitor

- အရင်သုံးနေတဲ့ Tube Monitor တွေအစား Flat LCD Monitor ကို ပြောင်းသုံးပါ။

 - Flat LCD Monitor တွေမှာ အလင်းတာကိုလျှော့ချပေးနိုင်တဲ့ မျက်နှာပြင်ပါရှိလို့ မျက်စိကို

   ထိခိုက်မှုနည်းစေတယ်လေ။

- ဒါကြောင့် ကွန်ပြူတာကို အကြာကြီးသုံးနေရတဲ့သူတွေဟာ Flat LCD Monitor ကိုပဲ သုံးသင့်တယ်နော်။

Clean The Screen Regularly
 

- ကွန်ပြူတာမျက်နှာပြင်ပေါ်က ဖုန်မှုန့်လေးတွေကြောင့် သင့်မျက်စိထိခိုက်နိုင်တယ်ဆိုရင်

   အံ့သြသွားမှာပဲနော်။
- ကွန်ပြူတာမျက်နှာပြင်က အမြဲထုတ်လွှင့်နေတဲ့

 လျှပ်စစ်လှိုင်းတွေရဲ့တွန်းကန်အားကြောင့်ကွန်ပြူတာမျက်နှာပြင်ပေါ်ကဖုန်မှုန့်လေးတွေကသင့်မျက်လုံးဆီကို

   တန်းတန်းမတ်မတ်ကို  ရောက်လာမှာပဲလေ။

- အဲဒီဖုန်မှုန့်လေးတွေ မျက်စိထဲဝင်သွားပြီဆိုရင် မျက်စိထဲမှာ ခိုးလိုးခုလုတွေဖြစ်မယ်။ မျက်စိကလည်း  

  ပိုဒဏ်ခံရတာပေါ့။

- အဲဒီတော့ ကွန်ပြူတာမသုံးခင် ကွန်ပြူတာမျက်နှာပြင်ကို အရင်ဆုံး သေချာသုတ်လိုက်နော်။

Position Your Monitor At the Proper Distance & Angle

- ကွန်ပြူတာက သင့်ရှေ့တည့်တည့်မှာပဲရှိပါစေ။

- သင့်မျက်နှာနဲ့ ကွန်ပြူတာက ၂ပေလောက် ကွာနေရမယ်နော်။

- ပြီးတော့ ကွန်ပြူတာရဲ့မျက်နှာပြင်က သင့်မျက်လုံးနေရာထက် နိမ့်ရမယ်။

- ကွန်ပြူတာရဲ့အပေါ်ဘောင်က သင့်မျက်လုံးနဲ့တစ်တန်းတည်းဖြစ်နေရင်တော့ အကောင်းဆုံးပဲပေါ့။

- ဒါမှ သင့်မျက်လုံးနဲ့ လည်ပင်းက ပုံမှန်အနေအထားမှာရှိနေပြီး အားစိုက်စရာလည်းမလိုတော့ဘူးလေ။

Turn Down your Screen’s Brightness & Turn Up The Contrast

- ကွန်ပြူတာမျက်နှာပြင်က အရမ်းလင်းနေရင် မျက်စိကိုထိခိုက်နိုင်ပါတယ်။

- တကယ်လို့ အရောင်ကို အဖြူနဲ့အမည်းကြားမှာ သေချာစွာမချိန်ထားဘူးဆိုရင်တော့

   အရောင်တွေကို သေချာခွဲခြားနိုင်ဖို့ အားစိုက်ကြည့်နေရတာနဲ့ မျက်စိကဒဏ်ဖြစ်လာတော့မှာပါ။

- ဒါကြောင့် ကွန်ပြူတာရဲ့ အလင်းရောင်နဲ့ အရောင်တွေကို

  ကြည့်လို့ကောင်းပြီးသင့်တော်တဲ့အနေအထားရအောင် သေချာလေးချိန်ပေးဖို့ လိုတယ်နော်။

Books And Papers Directly Next To Screen

- တကယ်လို့ စာရွက်တွေ၊ စာအုပ်တွေထဲက စာတွေကို ကွန်ပြူတာထဲ ကူးရိုက်ရမယ်ဆိုရင်တော့

  လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကွန်ပြူတာရဲ့ဘေးကပ်လျက်မှာ ထားသင့်ပါတယ်။

- သင့်မျက်လုံးတွေ များများလှုပ်ရှားစရာ မလိုအောင်ပေါ့။

- သင်ဟာ ကွန်ပြူတာကိုမကြည့်ဘဲ စာတွေကိုအလွတ်ရိုက်နိုင်လား။ ဒါဆိုရင်တော့ အကောင်းဆုံးပဲနော်။

- စာကူးရိုက်နေတုန်း စာအုပ်ကိုပဲကြည့်ပြီး အမှားစစ်မယ့်အချိန်လောက်ပဲ ကွန်ပြူတာကိုကြည့်ပါ။

Create An Environment That Has Lighting Similar To That Of Your Monitor

- အလုပ်လုပ်ဖို့ အဆင်အပြေဆုံးနေရာမှာ စူးရှတဲ့အလင်းရောင်တွေ မရှိရဘူး။

- သင့်တင့်တဲ့ သဘာဝအလင်းရောင် ရှိရမယ်။

- ရောင်ပြန်နိုင်တဲ့ပစ္စည်းတွေလည်း မရှိရဘူး။

- အခန်းရဲ့အလင်းရောင်ဟာလည်း ကွန်ပြူတာရဲ့အလင်းရောင်နီးပါး လင်းနေရမယ်နော်။

- ပြီးတော့ ပြတင်းပေါက် (သို့) အရမ်းလင်းနေတဲ့နေရာနဲ့ မျက်နှာခြင်းဆိုင် မနေမိစေဖို့လည်း

   သတိထားပါအုံး။

Take A Rest

- လူတွေတောင် အလုပ်အရမ်းလုပ်ရရင် ပင်ပန်းနွမ်းနယ်လာရောလေ။

- နူးညံ့တဲ့ မျက်လုံးလေးတွေဆိုရင်တော့ ပိုဆိုးပြီပေါ့။

- မျက်လုံးကို ခဏအနားပေးကြရအောင်နော်။

- ကွန်ပြူတာကို ၁၅မိနစ်ကြည့်ပြီးတိုင်း အဝေးတစ်နေရာကို တစ်မိနစ်လောက် စူးစိုက်ကြည့်ပါ။

- ၁နာရီကြာတိုင်းလည်း မျက်လုံးကိုခဏမှိတ်ထားပြီး အနားပေးလိုက်ပါ။

Blink More

- မျက်စိပြသနာတစ်ချို့ဟာ မျက်တောင်ခတ်နည်းရာကနေ မျက်လုံးအိမ်ခြောက်သွေ့လာလို့ ဖြစ်တာပါ။

- ကွန်ပြူတာ သို့မဟုတ် တစ်ခုခုကို စူးစိုက်ကြည့်နေစဉ်မှာ မျက်တောင်ခတ်ဖို့ မေ့နေတတ်ကြတယ်လေ။

- ဒါကြောင့် နာရီဝက်ကြာတိုင်း မျက်တောင်အခါ၂၀ ခတ်ပေးသင့်တယ်နော်။ Use Eyeglasses With The

Proper Prescription

- သင်ဟာ မျက်မှန်တပ်ရသူဆိုရင်တော့ ကိုယ့်မျက်စိပါဝါနဲ့ကိုက်ညီတဲ့ မျက်မှန်ကိုပဲ

   တပ်ဆင်သင့်တယ်နော်။

- မျက်မှန်မှာ ရောင်ပြန်ပါတဲ့မှန်ကို အသုံးပြုပြီးတော့လည်း ကွန်ပြူတာကြောင့်မျက်စိထိခိုက်ခြင်းကနေ

   ကာကွယ်နိုင်ပါတယ်။

- မျက်မှန်တပ်စရာမလိုတဲ့ မျက်စိကောင်းသူတွေလည်း ပါဝါမပါဘဲ ရောင်ပြန်ပါတဲ့ မျက်မှန်လေးနဲ့

   ကွန်ပြူတာကြောင့် မျက်စိထိခိုက်တဲ့ဒဏ်ကနေ ကာကွယ်နိုင်ပါတယ်။

Do Eye Exercise

- မျက်လုံးလေးတွေကို အားရပါးရ အသုံးချပြီးရင် မျက်လုံးလေးတွေလည်း ညောင်းနေမှာပဲလေ။

- အဲဒီတော့ မျက်လုံးကြွက်သားလေးတွေ

  အညောင်းပြေအောင် လေ့ကျင့်ခန်းလေးလုပ်ပေးကြရအောင်နော်။

- အလွယ်ဆုံးနဲ့ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ဖြေလျော့တဲ့လေ့ကျင့်ခန်းပါပဲ။

- လက်ဝါးနှစ်ဘက်ကို ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။

- ပူနွေးလာရင် မျက်စိမှိတ်ပြီး မျက်လုံးလေးတွေပေါ် ဖွဖွလေးတင်လိုက်ပါ။

-အားနဲ့တော့ မဖိလိုက်နဲ့နော်။

- ပြီးတော့ လက်ချောင်းလေးတွေကြားကနေ အလင်းရောင်မ၀င်နိုင်လောက်အောင်လည်း

  လက်ချောင်းလေးတွေကို ကပ်ထားရပါမယ်။

- ဒါဆိုရင်တော့ သင့်မျက်လုံးလေးတွေ အညောင်းပြေသွားလောက်ပြီနော်။

ကြာကြာဝါးမယ့်သွားက ဘာစားစား အရိုးကြည့်ရှောင်ရမယ်လေ။ ဒီလိုပဲ မျက်လုံးတွေကိုလည်း

တသက်လုံး ကောင်းကောင်းသုံးနိုင်ဖို့ မျက်စိကို ဒဏ်ဖြစ်စေမယ့်အရာတွေကို

ရှောင်မှဖြစ်မယ်နော်။ အဲဒီတော့ အထက်ပါနည်းလမ်းလေးတွေကိုလည်း လိုက်နာမယ်၊

မျက်စိအားကောင်းစေတဲ့အစားအစာတွေကိုလည်း အများကြီးစားသုံးပေးမယ်ဆိုရင်

သင့်မျက်လုံးလေးတွေဟာ တစ်သက်လုံးအန္တရာယ်ကင်းနေမှာ သေချာပါတယ်။

Tip in an emergency

ကျွန်တော်တို့ ငယ်ငယ်က အသုံးပြုခဲ့သော ရောင်စုံခဲတံလေးတွေဖြင့် မီးထွန်းမယ် ဆိုရင်

30 Minutes စာ ထွန်းလို့ရပါတယ်ခင်ဗျာ........................................................

Wednesday, October 30, 2013

TOP TEN WEBSITES with their LAUNCH YEAR :-

* Google : Sept 4, 1998
* Facebook : Feb 4, 2004
* YouTube : Feb 14, 2005
* Yahoo ! : March 1994
* Baidu : Jan 1, 2000
* Wikipedia : Jan 15, 2001
* Windows Live : Nov 1, 2005
* Amazon.com : 1994
* Tencent QQ : February 1999
* Twitter : March 21, 2006

Sunday, July 28, 2013

လူသုံးများ အင်္ဂလိပ်စာ အတိုကောက်နှင့် မူရင်း အဓိပ္ပါယ်များ



ADIDAS- All Day I Dream AboutSports
AUDI-Auto Union Deutschland Ingolstadt
BMW- Baverian Motor Works
AMW- Asian Motor Works
GOOGLE- Global Organization Of Oriented Group Language of Earth
CNN-IBN- Cable News Network-Indian Broadcasting Network
VVS Laxman- Vengipurapu Venkata Sai Laxman
APJ Abdul Kalam- Avul Pakir Jainulabdeen Abdul Kalam
MDH(Massala)- Mahashian Di Hatti
ISCON- International Society for Krishna Consciousness

အကောင်းဖက်ကို တွေးပါ


"အကောင်းဖက်ကို တွေးပါ"
===============

မေမေ.... ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ.... ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ

မေမေ.... ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား...... တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့

မေမေ.... စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက် အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။

သား...... တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့