Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Fantastic Records. Show all posts
Showing posts with label Fantastic Records. Show all posts

Saturday, February 8, 2014

နောက်ကျောမှာ အမြီးပေါက်လာတဲ့လူကို ဟိန္ဒူမျောက်နတ်ဘုရားဟာနုမန် ပြန်လည်ဝင်စားသူအဖြစ်ဝိုင်းကိုးကွယ်ကြ

နောက်ကျောမှာ ၁၄.၅ လက်မရှိတဲ့ အမြီးပေါက်လာတဲ့ အိန္ဒိယအမျိုးသားတစ်ယောက်ကို နတ်ဘုရားအဖြစ် ကိုးကွယ်နေကြကြောင်း သိရှိရပါတယ်။



အိန္ဒိယနိုင်ငံ၊အနောက်ဘင်္ဂလားပြည်နယ်၊ အလီပါဒူရား ဒေသက အသက် ၃၅ နှစ်အရွယ် ချန်ဒရီ ဆိုတဲ့ အမျိုးသားတစ်ယောက်ဟာ ဟိန္ဒို မျောက်နတ်ဘုရား ဟာနုမန်ဝင်စားတယ်ဆိုပြီး နာမည်ကြီးလျက်ရှိပါတယ်။

ချန်ဒရီဟာ သစ်ပင်တွေကိုလည်း မျောက်တစ်ကောင်လို တက်ဆင်းနိုင်တဲ့အတွက် ဟာနုမန်ဝင်စားတယ်ဆိုတဲ့ အချက်ကို ပိုမိုယုံကြည်နေကြတယ်လို့ ဆိုပါတယ်။

အခုဆိုရင် ချန်ဒရီကို ကိုးကွယ်သူအများအပြားဟာ မိုင်ပေါင်းများစွာကနေ ချန်ဒရီ ဆီ အရောက်လာကြပြီး သူ့ ရဲ့ အိမ်အပြင်ဘက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။ ချန်ဒရီရဲ့ အမြှီးနဲ့ ထိတွေ့ ကောင်းချီးပေးမှုကို ခံယူချင်ကြတဲ့အတွက် အခုလို မိုင်ပေါင်းများစွာကနေ အပင်ပန်းခံလာရောက်ရတာပါလို့  သိရှိရပါတယ်။

“ ကျုပ်ဟာ ဟာနုမန် ပဲ ။ ကျုပ်အမြှီးကြောင့် ကျုပ်ကို လူတွေအကုန်လေးစားရတယ်။ ဒီအမြှီးက ကျုပ်အတွက် အနှောင့်အယှက်မဖြစ်ဘူး။ ဒါဟာ ဘုရားပေးတဲ့ဆုလာဘ်ပဲလေ” လို့ မစ္စတာ ချန်ဒရီက ပြောကြားပါတယ်။

ဒါပေမယ့်လည်း ဆရာဝန်တွေကတော့ ချန်ဒရီ ရဲ့ အမြှီးဟာ ရှားပါးတဲ့ မွေးရာပါမျိုးရိုးဗီဇချို့ ယွင်းမှု တစ်ခုကြောင့်ဖြစ်ပြီး ခွဲစိတ်ဖယ်ရှားပစ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ချန်ဒရီကတော့ သူ့ အမြှီးကို ဖယ်ရှားမယ့် အကြံကို အပြင်းအထန်ငြင်းဆန်နေပါတယ်။

“ကျုပ်ငယ်ငယ်တုန်းက အမေက အမြှီးကို တစ်ခါ ဖြတ်ပစ်ဖူးတယ်။ သိပ်မကြာလိုက်ဘူး။ ကျုပ်အပြင်းအထန် ဖျားတော့တာပဲ။ သေမလိုတောင်ဖြစ်ခဲ့တယ်လို့ ကျုပ်အမေပြောဖူးတယ်” လို့ ချန်ဒရီက ပြောကြားခဲ့ပါတယ်။

“ ဒါကြောင့် ကျုပ်အမြှီးကို ဒီအတိုင်းထားသင့်တယ်လို့ အားလုံး ဆုံးဖြတ်လိုက်တယ်။ ကျုပ် အမြီးဟာ ကြီးကျယ်မြင့်မြတ်တဲ့အတွက် အခုလို ဖျားနာခဲ့ရတာလို့ ကျုပ်မိသားစုက ထင်တယ်လေ”

ချန်ဒရီရဲ့ ဦးလေးဖြစ်သူ ရမ် က “ အသက်ကြီးလာတာနဲ့ သူ့ အမြီးက ထပ် ရှည်လာတာပဲ။ ဒါဟာ ဘုရားက ချီးမြှင့်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုပဲဆိုတာ ကျွန်တော်တို့ ရိပ်မိခဲ့တယ်” လို့ ဖြေကြားခဲ့ပါတယ်။


Ref: mirror
Trend Myanmar 

Wednesday, December 11, 2013

တခြားနိုင်ငံများတွင် မလုပ်သင့်သော ရိုင်းရာကျသည့် အပြုအမူများ

(၁) ဂျပန်တွင် မုန့်ဖိုးမပေးပါနှင့်
များသောအားဖြင့် စားသောက်ဆိုင်၊၀န်ဆောင်မှုပေးသောလုပ်ငန်းများနှင့် ဟိုတယ်များသည် ချွင်းချက်တွင်ပါဝင်ပါတယ်။ ဒါပေမယ့် မပေးတာ ပိုကောင်းပါတယ်။
အဲ့လိုမျိုး Tip Money ပေးလိုက်တာ အဆင့်နှိမ်လိုက်တဲ့ သဘောသက်ရောက်လို့ပါ။

(၂) ရုရှားမှာ မသိတဲ့လူကို ပြုံးမပြသင့်ပါ။
ကျနော်တို့မြန်မာလူမျိုးအများစုကတော့ မသိတဲ့သူကိုဆို ပြုံးပြတတ်တာ ထုံးစံတစ်ခုပါပဲ။ ဒါပေမယ့် ရုရှားမှာတော့ အဲ့လိုမဟုတ်ပါဘူး။ တော်တော်လေးကိုရင်းနှီးတဲ့သူကိုမှ
ပြုံးပြတဲ့ ထုံးစံရှိပါတယ်။ အကယ်လို့သာ ပြုံးပြမိရင် သူတို့အနေနဲ့ ယုန်ထင်ကြောင်ထင် ဖြစ်သွားနိုင်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပေါ့

(၃) အိန္ဒိယမှာ ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
အိန္ဒိယထုံးတမ်း အစဉ်အလာ ယုံကြည်မှုတွေအရ ဘယ်ဘက်လက်က မသန့်ရှင်းဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်တာမျိုးဖြစ်ဖြစ်၊ တစ်ခုခုလှမ်းပေးတာမျိုးဖြစ်ဖြစ်
သူများက လှမ်းပေးလို့ယူတာမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘက်လက်ကို အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) တရုတ်ပြည်မှာ ပန်းကန်ထဲက အစားအသောက်ကို ကုန်စင်အောင်မစားပစ်ပါနဲ့။
တရုတ်ပြည်မှာ တစ်ယောက်ယောက်က ထမင်းဖိတ်ကျွေးတဲ့ အခါမှာ ပန်းကန်ထဲအကုန်ပြောင်အောင် စားလိုက်တယ်ဆိုတာဟာ သူတို့ဆီမှာ အိမ်ရှင်က လောက်အောင်မဧည့်ခံတာ (ဒါမှမဟုတ်) စားစရာအလုံအလောက်မရှိလို့ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။
ကျနော်တို့ မြန်မာလူမျိုးတွေကတော့ အိမ်ရှင်ထည့်ကျွေးတာကို အကုန်ကုန်အောင်စားမှ မရိုင်းတာဆိုတဲ့ အဓိပ္ပါယ်ရှိပေမယ့် သူတို့ဆီမှာတော့ အဲ့လိုမဟုတ်ပါဘူး။
စားပြီးလို့ပန်းကန်ထဲမှာ နဲနဲလေး ချန်ထားခြင်းက ကိုယ်ဗိုက်ဝပြီဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေသလို ချက်ပေးတဲ့ စာဖိုမှုးကိုလည်း ချီးကျူးရာ ရောက်ပါတယ်။

(၅) နော်ဝေးမှာ ကားမောင်းရင် ဟွန်းမတီးပါနဲ့။
ရန်ကုန်မှာတော့ ဟွန်းမတီးရဇုန်တွေ သတ်မှတ်ထားပေမယ့် ဘဲဥလစ်ရင်လစ်သလို တီးနေကြတာပါပဲခင်ည။ နော်ဝေးမှာတော့ ဟွန်းတီးတယ်ဆိုတာ အရေးပေါ်အခြေနေမျိုးမှာမှ တီးပါတယ်တဲ့။ တခြားအချိန်မှာတီးတာမျိုးကတော့ သူတို့အယူအဆနဲ့ ရိုင်းရာကျပါတယ်တဲ့။
ဒါပေမယ့် ဟွန်းဆိုတာ လိုအပ်လို့ ကားတိုင်းမှာ ထည့်ပေးထားတာပဲလေ။

(၆) နှုတ်ဆက်တဲ့ စကားကို ပြင်သစ်မှာ ပြောဖို့ မမေ့ပါနဲ့
ပြင်သစ်မှာတော့ "Bonjour" လို့ အခုစတွေ့တဲ့သူကို ပြောသင့်ပါတယ်။ ပြင်သစ်မှာမှ မဟုတ်ပါဘူး။
စတွေ့တွေ့ချင်းနှုတ်ဆက်လိုက်တာဟာ လူတိုင်းနဲ့ နွေးထွေးမှု ရစေပါတယ်။
(၇) ဂျာမနီမှာစကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်မထားပါနဲ့
တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း ဘောင်းဘီအိတ်ထဲ လက်နှိုက်ထားတာ ရိုင်းရာကျပါတယ်။ သူများပြောတဲ့ စကားကို အလေးစိုက်နားမထောင်တဲ့ သဘောလည်းသက်ရောက်စေလို့ပါ။
Credit to SQUAR

Friday, December 6, 2013

အရမ်းမိုက်‌ တဲ့ Call Black List Apk


အရမ်းမိုက်‌ တဲ့ Call Black List Apk ‌လေးပါ။
I am busy now တဲ့။ အမှန်‌အကန်‌ မအား‌သေးပါဆိုတာကို Tone သံ တစ်‌ချက်‌မဝင်‌‌စေပဲ ‌ဖြေ‌ပေးပါတယ်‌။ အဲ့ကျ ‌ခေါ်တဲ့ဘက်‌က သူ့ကို ဘ‌လော့ထားမှန်းကို မသိ‌အောင်‌ ‌ကောင်းပါတယ်‌။
‌တွေ့လို့‌ဒေါင်းထားတာ အ‌တော်‌ကြာ‌နေပါပီ ခုမှ စမ်းကြည့်‌မိပီး သိတာဆို‌တော့ ပထမဆုံး တင်‌‌ပေးထားတဲ့သူကို မမှတ်‌မိ‌တော့ဘူးဗျာ။
ခရစ်‌ဒစ်‌ ‌ပေးပါတယ်‌ ခင်‌ဗျာ။ မမှတ်‌မိတာကို ‌တောင်းပန်‌ပါတယ်‌။

Click Here to Download

Credit To >>winkabarkyaw 

Tuesday, December 3, 2013

ရေလည်လန်းတဲ့ Cool Photo Transfer (ကြိုးမဲ့ဓါတ်ပုံပို့နည်း)

 
 
လုံးဝ အလန်းကြီးဗျာ။ ဖုန်းထဲက ဓါတ်ပုံများကို ကွန်ပျူတာသို့ ..ကြိုးမဲ့ ပို့နိုင်မယ့် photo transfer app လေးပါ။။ဖုန်းနဲ့ကွန်ပျုတာကို wifi ချိတ်ပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကွန်ပျူတာမှာ Cool Photo Transfer server ဆော့ဝဲကို ထည့်ရပါမယ်။
ဆော့ဝဲ ထည့်ပြီးရင် ဖုန်းထဲမှာ install လုပ်ထားတဲ့ App နဲ့ ..ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ဖုန်းကနေ wifi hot spot လွှင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာထဲက server software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ ဖုန်း App ထဲက Manual Connect ကို နှိပ်ပြီး server software ကနေ ဖော်ပြထားတဲ့ IP နံပါတ်များကို ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရသွားပါပြီ။
ချိတ်ပြီးသွားရင် ဖုန်းထဲက ပုံများကို ကွန်ပျူတာဆီ ပို့လို့ရပါပြီ။ ပို့လို့ရတဲ့ပုံစံတွေက အလန်းကြီးတွေဗျာ။ ပုံများကို ဘေးကို တွန်းထုတ်လိုက်ရင် ကွန်ပျူတာထဲမှာ animation လေးနဲ့ ၀င်သွားတယ်။ ဖုန်းကို shake လုပ်ရင်လဲ ကွန်ပျူတာထဲမှာ ပုံလေးက တုန်ခါသလိုဖြစ်ပြီး ၀င်လာတယ်။ အသံနဲ့တောင် ပို့လို့ရသေးဗျာ။ ဖုန်း mic နားကို လက်ခုပ်တီး(သို့)လေချွန်ရင် ပုံပို့လို့ရတယ်။ ကွန်ပျူတာ မော်နီတာဆီကို ဖုန်းကို မျက်နှာချင်းဆိုင် ထိလိုက်ရင်လဲ ပုံပို့လို့ရတယ်။
လန်းမှလန်း .. နာမည်နဲ့လိုက်ဖက်အောင် ပို့ဆောင်ပုံတွေက
လန်းလွန်းပါတယ်။ Zoom in , Zoom out ကိုတောင် ဖုန်းကနေ လှမ်းလုပ်နိုင်တယ်။ အသေးစိတ်တော့ မရေးနိုင်တော့ဘူးအိပ်ငိုက်နေပီး....ေိေိေိေိ ..
ဒီလောက်ဆို အားလုံး နားလည်မယ်ထင်ပါတယ်။ ကဲ .. ကလိကြည့်ပေတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
မှတ်ချက် - server software ရဲ့ setting ထဲကိုသွားပြီး
Photo save option နေရာမှာ auto save ကိုရွေးပေးကာ ..
ဓါတ်ပုံများကို ကွန်ပျူတာထဲ save ချင်သောနေရာကို ရွေးပေးလိုက်ပါ 
 
 
 
 
 
 

Monday, December 2, 2013

ကမ္ဘာ ပေါ်တွင် ဈေး အကြီး ဆုံး အချို ပွဲ


ကမ္ဘာ ပေါ်တွင် ဈေး အကြီးဆုံး အချိုပွဲ ဈေးနှုန်း ကတော့ ဒေါ်လာ ၁၄,၅၀၀ ဖြစ်ပါ တယ်။ ၎င်း အချိုပွဲ ကို ဖန်တီး သူက တော့ ပြင်သစ် နိုင်ငံမှ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်သစ် နိုင်ငံ Wine ဟိုတယ်တွင် ရောင်းချ ခြင်း ဖြစ်ပါတယ်။

၎င်း အချိုပွဲ မှာ ချိုစေတဲ့ အစား အစာ ဘာ တစ်ခုမှ မပါ ပါဘူး။ သို့ပေမယ့် စားလိုက် ပါက အသား များကို စားရ သလို ရင်ထဲ ကို ထိသွား တယ်လို့ ဆိုပါတယ်။ ၎င်း အချို ပွဲဟာ အလွန် နှုးညံ့ပြီး တန်ဖိုး ကြီးမားသော ဂရင် တစ်မျိုးဖြင့် ပြုလုပ် ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ထို့ပြင် သရက်သီး တလည်း သီးနှင့် ချောကလက် များလည်း ပါဝင် တယ်လို့ ဆိုပါ တယ်။

၎င်း အချို ပွဲကို မင်္ဂဆောင် များနှင့် ကံကောင်းမှု အထိန်း အမှတ် အတွက် ဝယ်ယူ ကြတယ်လို့ ဆိုပါတယ်။ ဝယ်ယူ ချင်တယ် ဆိုပါက ပြင်သစ် နိုင်ငံမှာ Wine ဟိုတယ်တွင် ဝယ်ယူနိုင် ပါတယ်။ ၎င်း အချိုပွဲ ဟာ စားကောင်း ရုံတင် မက လှပသော ဒီဇိုင်း ဆန်းများဖြင့် ပြုလုပ်ထား သောကြောင့် ဈေးကြီးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ လူအများ အပြားလည်း နှစ်သက် ကြပါ တယ်။

ရိုးရာလေး


 

Sunday, December 1, 2013

လူမှုကွန်ယက် Facebook မှသိမှတ်ဖွယ်ရာများ


၁။ ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက
thefacebook လို့ခေါ်တယ်လို့ဆိုတယ်ဗျာ၊အဲဒီတုန်းကတော့
ဟားဗတ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့  ကိုယ်ရေးအချက်
အလက်တွေနဲ့ မှတ်တမ်းများကိုသိမ်းဆည်းရန်သာ အသုံးပြုဖို့ ဖြစ်တယ်
လို့ဆိုတယ်၊၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေခေါ်နေကျအသံ
ဖွဘွတ်(ခေါ်)Facebook လို့စတင်ခေါ်ဆိုတယ်လို့သိရတယ်ခင်ဗျ။


၂။ ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ဖို့ Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့်
စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချတယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ
ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ၊
"အင်း....တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင်
ကျွန်တော်တို့တွေ တွယ်တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား
နေလောက်ပြီ"

၃။ Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။ အဲဒီကားထဲမှာဆိုရင် Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင်ဆိုင်ရပြီး အပိတ်ခံရလုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင် ပါတယ်လို့ကြည့်ဖူးတဲ့ သူတိုင်းကတော့ ပြောကြတာပဲ။
"ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာလုပ်ထားတာ...
......"

၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ
တော့သိဘူး...တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ်
တဲ့....

၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင်
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်တဲ့။
"မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကိုလိုက်ဖမ်းတယ်လို့တော့
ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက
ဖွဘွတ်ကို သိမှသိပဲကို..."

၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ်
ဆိုပဲ၊ ကျွန်တော်တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ
နေမှာ....

၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။
"သူတို့များ ကွန်နက်ရှင်ကောင်းလို့ထင်ပါရဲ့ "

၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး
ကမ္ဘာမှာသုံးစွဲမှုအများဆုံးဖြစ်၊
"အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများ
တာကိုး....မြန်မာပြည်မှာတောင် သုံးတဲ့သူ ယခင်-၇ သိန်းကနေအခု ၁ သန်းကျော် သွားပြီလို့တော့ကြားသိရတာပဲ။.
ဟုတ်ဖူးလား...နောက်ဆိုရင်ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ
တာနော်.."

၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး
ဦးဆောင်နေပြီတဲ့ဗျ၊အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update
၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုးသားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။
"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....."
ထွက်ပဲထွက်နိုင်လွန်းတဲ့ ချော့ပင်...Status Update မှာတွေ့နေရတာတွေကို
ပြောတာ.....ငှိငှိ

၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်း
သန်း ၂၅၀ တောင်ရှိတယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်..
ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo တွေ...

၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု
တာက ၉၅%ရှိပြီး တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့....
"ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...."

၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........
ကျွန်တော့်အတွက် ထူးဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး
လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊ဗီယမ်နမ်၊အီရန်
တို့တွင်ပိတ်ပင်ထားတဲ့......
" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့ အတော်လေးကိုပျော်နေလို့ မဖြစ်
သေးဘူးဗျ...ဖွဘွတ်ကိုတချို့က တလွဲတွေချည်းလုပ်နေလို့
ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ..."ဒါကလည်း ဖြစ်သင့်
တယ်ပဲဆိုရမှာလားပဲ...အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ....
ရေးစရာရှိတော့ဘူး....."

၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက
"ကယ်.....မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့
ဟုတ်ဘူးလား...."

၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ
ကျွန်တော်တို့ရဲ့ ဖွဘွတ်ကြီးတဲ့ဗျာ...
"မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...."

၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာ
Facebook ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့
Texas Hold’em Poker လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင်
သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....နေ့စဉ်တိုးနေတာနော်...
Fan Page အဖွဲ့ဝင်အများဆုံးပေါ့ဗျာ.......

၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့
Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်.....
"လန်ထွက်နေတာပဲ....ဝှီး......"

၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့်
မယ်ဆိုရင် တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကို
ဒါရိုက်ရောက်ရှိတယ်လို့ ပြောထားတယ်ဗျ...
"ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး
ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်...
ပြောခဲ့နော်...."

၁၈။ ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက်
အလက်တွေကို Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀
ချီးမြင့်မယ်တဲ့(ဒီကြေငြာချက်က နည်းနည်းတော့ပြောစရာ အဟက်ခံရတဲ့ အကောင့်တွေ တစ်နေ့၊တစ်နေ့ နည်းမှမနည်းတာ တကယ်သာပေးရမယ် ဆိုရင် ကျွန်တော်ပါသွားထုတ်လို့ရလောက်တယ် ငှိငှိ..:D)
" အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ်
လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေ
ရင်တစ်ဝက်ခွဲပေး..."

ကဲ....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ...
ဖတ်ရှုတဲ့သူတွေ ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
လုပ်ငန်းခွင် စိတ်ဖိစီးမူကင်းဝေးပြီး ရယ်မောပျှော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြု
လျက် ဗဟုသုတအနေနဲ့ သိပြီးသူကော၊မသိသေးတဲ့ သူအတွက်ပါ မျှဝေလိုက် ပါတယ်။

Credit to -- ခွန်နေ(AMMG)

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့သူ


ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

Friday, November 29, 2013

ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ်ဝန်ဆောင် ကလေး





ကမ္ဘာ့ အသက် အငယ်ဆုံး ကိုယ်ဝန်ဆောင် ကလေး မွေးခဲ့တဲ့ သူက Peru နိုင်ငံသူ Lina Medina ဖြစ်ပြီး အသက် ၅နှစ်၊ ၇လ၊ ၁၇ရက်နဲ့ သားကလေး မွေးခဲ့တာပါ။ ခုချိန်ထိ အသက် ရှင်နေဆဲ (အသက် ၈၀နှစ်) ရှိနေပါပြီ။ Lina ကရှားရှားပါးပါး Precocious Puberty လို့ခေါ်တဲ့ အခြေအနေ တစ်ခုနဲ့ မွေးဖွားလာ တဲ့သူ တစ်ယောက် ဖြစ်ပြီး အပျိုဝင်ချိန် စောပြီး သူ့ရဲ့ ခန္ဓာကိုယ်က လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်း တွေကလည်း အစောကြီး ဖွံ့ဖြိုးနေ ခဲ့တာပါ။ သူမရဲ့ မိဘတွေက သူမအသက် ၅နှစ်အရွယ်မှာ ဗိုက်ကြီးလာ တဲ့အတွက် ဆေးရုံကို ခေါ်သွားပြီး အစကတော့ tumor လို့ထင်ခဲ့ ပေမယ့် ဆရာဝန် တွေက သူမ ကိုယ်ဝန် ၇လရှိပြီလို့ ကောက်ချက် ချခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ကိုယ်ဝန်က ဘယ်သူနဲ့ ရသလဲ ဆိုတာတော့ မသိခဲ့ ရပါဘူး။ အစက သူမရဲ့ ဖခင်ကို သံသယ ရှိခဲ့ကြ ပေမယ့် သက်သေ မခိုင်လုံ တာကြောင့် ပြန်လွှတ် ပေးခဲ့ရ ပါတယ်။ သူမရဲ့ သားလေးကို Gerardo လို့နာမည် ပေးခဲ့ပြီး သူက ကျန်းကျန်းမာမာနဲ့ အသက် ရှင်ခဲ့ပေမယ့် အသက် ၄၀မှာ ရိုးတွင်းခြင်ဆီ ရောဂါ (Bone Marrow Disease) နဲ့ကွယ်လွန် ခဲ့ပါတယ်။

[source: wiki. image from imgur]

Tuesday, November 26, 2013

Monday, November 25, 2013

Facebook ကိုလွမ်းမိုးခဲ့သူ - Chris Putnam

Facebook Comment Box ထဲမှာ :putnam: : putnam : လို့ ရိုက်လိုက်ရင် ထွက်လာတဲ့ ခေါင်းပုံကို ကျနော်ဆိုရင် အစက ဂျက်စတင်ဘီဘာခေါင်း လို့တောင် အနီးစပ်ဆုံး လျှောက်ထင် လိုက်ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါတယ်။ အဲ့ဒီ Emotion icon ပိုင်ရှင်က Chris Putnam လို့အမည်ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။


Georghia Southern University မှာ တက္ကသိုလ်တက်နေစဉ် ၂၀၀၅ ခုနှစ်က Faceboook ကို ဟက်ခဲ့ပါတယ်။ အကောင့်ပေါင်း ၁ ထောင်ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့ ကိုတောင် ဖျက်ခဲ့ပါသေးတယ်။ Cross-site scripting ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို Facebook က ထောက်လှမ်းမိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အလုပ်လုပ်ဖို့အတွက် အကမ်းလှမ်းခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန်တဲ့ Engineer တစ်ယောက် ဖြစ်ခဲ့ ပါတယ်။

Facebook မှာ Photo Album တင်တာနဲ့ ဗီဒီယိုတင်တာတွေကို Chrit Putnam ဦးဆောင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုမ္မဏီမှာ စုစုပေါင်း ၄ နှစ်ပဲ လုပ်ကိုင်ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီးနောက် Facebook chat, Comment မှာ :putnam: လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံပေါ်စေဖို့ Facebook က အမှတ်တရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref:wiki
အောင်ခမ်း ( TSJ Team )

Monday, November 18, 2013

Wow Amazing

အမေရိကန်နိုင်ငံ Michigan မြို့ မှာရှိတဲ့
 
Barbara Soper လို့ ခေါ်တဲ့အမျိုးသ္မီးဟာ သူမရဲ့ခင်ပွန်းနှင့်အတူ
 
သားသ္မီး ၃ဦးမွေးဖွားခဲ့ပါတယ်။
 
သားသ္မီး ၃ဦးမွေးဖွားထားတာက ဘာမှမထူးခြားပေမယ့်
 
ထူးခြားတာကတော့ သားသ္မီး ၃ယောက်စလုံးရဲ့မွေးနေ့ တွေပဲဖြစ်ပါတယ်။
 
ပထမဦးဆုံး အကြီးလေးကိုတော့ 8/8/08 မှာမွေးဖွားခဲ့ပြီး
 
ဒုတိယကလေးကိုတော့ 9/9/09 မှာမွေးဖွားခဲ့ပြီး
 
အငယ်ဆုံးလေးကိုတော့ 10/10/10 မှာမွေးခဲ့ပါတယ်။

Wednesday, October 30, 2013

TOP TEN WEBSITES with their LAUNCH YEAR :-

* Google : Sept 4, 1998
* Facebook : Feb 4, 2004
* YouTube : Feb 14, 2005
* Yahoo ! : March 1994
* Baidu : Jan 1, 2000
* Wikipedia : Jan 15, 2001
* Windows Live : Nov 1, 2005
* Amazon.com : 1994
* Tencent QQ : February 1999
* Twitter : March 21, 2006

Monday, July 29, 2013

တစ်ယောက်တစ်ပြန် သွေးသောက် ကြသည့် လင်မယား


အမည်ကတော့ ဖော်ပြမထားပါဘူး။ ၎င်းလင်မယားဟာ ဒိန်းမတ်နိုင်ငံမှာ
နေထိုင်ကြပါတယ်။ ဒိန်းမတ်နိုင်ငံမှာ အလွန်ပင် နာမည်ကြီးခဲ့သော သတင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ထိုလင်မယား နှစ်ယောက်ဟာ သာမန်မဟုတ်ဘဲ ဖုတ်ဝင်နေကြတာလို့ မဂ္ဂဇင်းတစ်ချို့မှာ ဖော်ပြ ထားပါတယ်။

Sunday, July 28, 2013

ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်

Samuel Reshevskyလို့အမည်ရပြီး ၁၉၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က ပိုလန်မှာ မွေးဖွားပါတယ်။ အသက် ၄ နှစ်သားက စတင်လို့ စစ်တုရင် ကစားခဲ့ပြီး တစ်နှစ်အတွင်း အံ့မခန်း ကလေး စစ်တုရင်ပညာ ရှင် ဖြစ်လာပါတယ်။

အသက် ၈ နှစ်အရွယ်ရောက်တော့ ပြင်သစ်က အတော်ဆုံး စစ်တုရင် ကစားသမားများနဲ့ သွားရောက်ယှဉ်ပြိုင်ရတဲ့ အဆင့်ကို ရောက်သွား ပါတယ်။ တစ်ယောက်ချင်းတောင် မဟုတ်ပါဘူး။ အတော်ဆုံး စစ်တုရင် ကစားသမား ပေါင်း ၁၀ ယောက်ကျော်ကို တစ်ပြိုင်နက်တည်း ဆော့ပြီး အားလုံးကို အနိုင်ယူခဲ့သူ ဖြစ်ပါတယ်။ ဒါတောင် အသက် ၈ နှစ်သား အရွယ်မှာပါ။