Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, November 27, 2013

၁၅ဝဝတန်ဖုန်း ချထားပေးခြင်း ရပ်ဆိုင်းမည် မဟုတ်ဟုဆို



ကျပ်၁၅ဝဝတန် မိုဘိုင်းဖုန်း များ ချထားပေးခြင်း ရပ်ဆိုင်း မည့် သတင်းမှာ မှန်ကန်မှုမရှိ ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လက်ထောက်အထွေ ထွေမန်နေဂျာ ဦးသိန်းဟုတ်က ပြည်ထောင်စုနေ့စဉ်သို့ပြောသည်။

အွန်လိုင်းမီဒီယာအချို့တွင် ကျပ် ၁၅ဝဝ ဖုန်းချထားခြင်းကို ဒီဇင် ဘာလမှ စတင်ရပ်ဆိုင်းမည်ဖြစ် ကြောင်း၊ ကျပ် ၂ဝဝဝဝတန် ဖုန်း များကိုသာ လိုသလောက်ချပေး တော့မည်ဖြစ်ကြောင်း ရေးသား ဖော်ပြမှုများနှင့်ပတ်သက်၍ ယနေ့တွင် ပြန်လည်ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းဟုတ်က ''မဟုတ် ပါဘူး။ ကောလာဟလတွေ မယုံပါနဲ့ ။ ဆက်ချပေးမှာပါ'' ဟုပြောသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆသည် ယခုအချိန်ထိထပ်မံချထားပေးရန် လိုအပ်နေသေးကြောင်း MPTက သုံးသပ်ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း တစ်လုံးဈေးနှုန်းသည် ၂ဝဝ၉ ခုနှစ်အထိ တစ်လုံးကျပ်၁၅သိန်း ထိရှိနေရာမှ ၂ဝ၁ဝပြည့်နှစ်တွင် ကျပ်ငါးသိန်းတန်အဖြစ် ချပေး ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ကျပ် နှစ်သိန်းသို့လည်းကောင်း၊၂ဝ၁၃ ခုနှစ်တွင် ကျပ် ၁၅ဝဝသို့လည်း ကောင်း အသီးသီးလျော့ကျလာ ခဲ့သည်။ လက်ရှိ အစိုးရသစ် လက်ထက်တွင်ကျပ်နှစ်သိန်းဖြင့် စတင်ချပေးစဉ်မှ အစပြုပြီး ပြည်သူအများစု ဖုန်းကိုင်လာ နိုင်ခဲ့ပြီး၂ဝ၁၃ခုနှစ်တွင် လူတန်း စားမရွေးကိုင်နိုင်သည့် ကျပ် ၁၅ဝဝ အဆင့်သို့ရောက်ရှိလာ
ကြောင်းသိရသည်။

မိုဘိုင်းဖုန်း နည်းစနစ်တွင်လည်း ယခင်GSM နှင့် CDMA နှစ်မျိုးအသုံး ပြုခဲ့ပြီး ယခုအခါ WCDMA အဆင့်ထိ နည်းပညာတိုးမြှင့် အသုံးပြုခွင့်ရရှိလာခဲ့သည်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment