Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, November 30, 2013

တယ်လီနောမြန်မာတွင် တိုက်ရိုက် အလုပ်လျှောက်ထားနိုင်မည့် Career Seminar ကျင်းပမည်

တယ်လီနောမြန်မာတွင် တိုက်ရိုက် အလုပ်လျှောက်ထားနိုင်မည့် Career Seminar ကျင်းပမည်

တယ်လီနောမြန်မာရှိ အလုပ်နေရာအဆင့်များအတွက် ပြည်တွင်း
ဝန်ထမ်းများ ခေါ်ယူခန့်အပ်ထားမှုတွင် အထောက်အကူဖြစ်စေမည့် Career Seminar တစ်ခုအား ဒီဇင်ဘာ ၅ ရက်နေ့တွင် Co-Operative Business Centre(ယခင် ဆရာစံပလာဇာ)၌ ကျင်းပသွားမည်ဖြစ်ကြောင်း အမှုဆောင်
အရာရှိဖြစ်သူ Ms. Tipayarat Kaewsringarm မှ ပြောကြားသည်။

"တယ်လီနောမြန်မာရဲ့ အလုပ်အကိုင်ခန့်ထားရေးအစီအစဉ်က ဝန်ထမ်းအားလုံးအတွက် ထိုက်တန်တဲ့အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့
အကောင်းဆုံး လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်လုပ်ကိုင် လိုတဲ့အလုပ်လျှောက်ထားမှုတွေကိုလည်း နေရာအမျိုးမျိုးအ
တွက် လက်ခံရရှိထားပါတယ်။ ဒီလိုအခြေအနေကြောင့်ရေတိုရေရှည်ဝန်
ထမ်းခန့်အပ်ရေး ဦးတည်ချက် အကောင်အထည်ဖော်နိုင်တော့မှာဖြစ်လို့ အားရကျေနပ်မိပါတယ်" ဟုပြောသည်။

တယ်လီနောမြန်မာအနေဖြင့် ယခုနှစ်သြဂုတ် လတွင် အလုပ်အကိုင်စတင်ခေါ်ယူခဲ့ပြီး ယခုလက်ရှိတွင် တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းပေါင်း ၈၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ ယခုနှစ်မကုန်ခင် အထိ ဝန်ထမ်း၁၆၀ခန့် ခန့်အပ်သွားမည်ဖြစ်ပြီး လာမည့်
နှစ်အကုန်တွင် ဝန်ထမ်း ၁၀၀၀ခန့် တိုက်ရိုက် ခန့်အပ်သွားမည်ဖြစ်ကြောင်း
သတင်း ထုတ်ပြန်ထားသည်။ ထပ်မံပြီး ဒေသခံလုပ်ငန်းပူးပေါင်း လုပ်ကိုင်သူများနှင့် Vendor များမှတစ်ဆင့် အလုပ်အကိုင် ၂၀၀၀ ခန့် ဖန်
တီးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် Co-Operative Business Centre (ယခင်ဆရာစံပလာဇာ) ၌ ကျင်းပမည့် Career Seminarတွင် အလုပ်လျှောက်ထားရန် စိတ်ဝင်စားသူများအနေဖြင့် CV များအားတိုက်ရိုက်
တင်သွားနိုင်မည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာအလုပ်အကိုင်အခွင့်အလမ်းများ
အားကိုယ်တိုင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ဆက်သွယ်ရေး ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၊ Mr .Petter Furberg(CEO-Telenor Myanmar) ၊Ms. Tipayarat Kaewsringarm(Chief People Officer-Telenor Myanmar) တို့မှဟောပြောသွားမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့်စီ
စဉ်ထားကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအား www.telenor.com/myanmar သို့ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အီးမေးလ်ဖြင့် လျှောက်ထားလိုပါက hr.myanmar@telenor.com သို့ပေးပို့နိုင်မည်ဖြစ်သည်။


Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment