Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Hacking News. Show all posts
Showing posts with label Hacking News. Show all posts

Friday, December 13, 2013

တစ်မိနစ်သာပါဝင်ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှု အတွက် အပြစ်ပေးခံရ












၂၀၁၁ ခုနှစ်တုန်းက Web Page တစ်ခုကို Anonymous Hacker တွေက တိုက်ခိုက်ကြတဲ့ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သက်သေထင်ရှားတဲ့ အသက် ၃၈ နှစ်အရွယ် ပုဂ်္ဂိုလ်တစ်ယောက်ကို တရားရုံး က နှစ်နှစ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၈၃,၀၀၀ ပေး ဆောင်ရန် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက အဆိုပါပုဂ်္ဂိုလ်ဟာ အဲဒီဆိုက်ဘာတိုက်ခိုက်မှုမှာ တစ်မိနစ်သာ ပါဝင်ခဲ့တာပါ။
သူ့နာမည်က ‘Eric J.Rosol’ ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ‘Kochind. com’ ၀က်ဘ်ဆိုဒ်ကို အမည် မသိ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်ထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီ တိုက် ခိုက်မှုဖြစ်စဉ်မှာ ဟက်ကာတွေ သုံးသွားတာက နာမည်ကြီး DDoS Tool တစ်ခုဖြစ်ပြီး အဆိုပါ Tool ကို သူ့ရဲ့ ကွန်ပျူတာထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Eirc J.Rosol ကတော့ မငြင်းပါဘူး။ ဒါပေမဲ့ သူ့ဟာအဆို ပါ ဖြစ်စဉ်မှာ အချိန်တစ်မိနစ်သာ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်တယ်လို့ အသနားခံ လျှောက်လဲခဲ့ပါတယ်။

တရားစီရင်ချက်အရ Eric ကို နှစ်နှစ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၃,၀၀၀ ပေးဆောင်စေခဲ့ပါတယ်။ အဆိုပါ ငွေကြေးပမာဏဟာ Hack ခံရတဲ့ ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ Website ပြန်ရအောင်လုပ်ဖို့ ကုန် ကျခဲ့တဲ့စရိတ်ပါ။ ပြီးခဲ့တဲလကလည်း ပြစ်ဒဏ် ကြီးကြီးမားမားနဲ့ အလားတူဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။

‘Jeremy Hammond’ ဆိုသူ အသက် ၂၈ နှစ်အရွယ် (Anonymous Hacker အဖွဲ့ဝင်တစ်ဦး) ဟာ Stratfor (Intelligence Contractor Strategic Forecasting) ကိုHacking လုပ်လို့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ နည်းပညာပိုင်းဆိုင်ရာတွေမှာ သိပ်မသိသာပေ မယ့် တိုးတက်တဲ့နိုင်ငံတွေမှာက ‘Hacking’ ခေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရာဇ၀တ်မှုကဲ့သို့ တရား ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တင်းကျပ်ထားပါတယ်။ အဆိုပါနိုင်ငံတွေမှာ Hack လုပ်ခံရပြီဆိုရင် ဆုံရှုံး မယ့်ပမာဏကလည်း များသလို Hack/ ကာကွယ်ရတာတွေကလည်း မလွယ်ပါဘူး။ လက်ရှိမှာတော့ ကမ္ဘာမှာ နာမည်ကြီးနေတာက ‘Anonymous’ Hacker အုပ်စု ဖြစ်ပါတယ်။

မကြာသေးမီကလည်း စင်ကာပူ ၀န်ကြီးချုပ်က ဟက်ကာတွေကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ ကြွေးကြော် လိုက်တာ စင်ကာပူအစိုးရ ၀က်ဘ်ဆိုဒ်နဲ့ ၀န်ကြီးချုပ် ၀က်ဘ်ဆိုဒ်တို့ဟာAnonymous Hacker တွေရဲ့Control အောက် ရောက်သွားခဲ့ပါတယ်။

Mizzima - News in Burmese

Saturday, November 30, 2013

ပင်တဂွန်နှင့် နာဆာကို ဟက်ခဲ့သူ

Jonathan James လို့အမည်ရတဲ့ လူငယ်တစ်ဦးပါ။ ပင်တဂွန်စစ်ဌာနချုပ်က ကွန်ပြူတာတွေကိုဟက်ခဲ့ပြီး နာဆာက ဆာဗာကွန်ပြူတာကိုပါ ၂၁ ရက် Down သွားအောင် ဟက်သွားခဲ့သူ ဖြစ်ပါတယ်။ အဲ့တုန်းက အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်ပြီး အထက်တန်းကျောင်းသားဘဝမှာတင် ကျောင်းက ကွန်ပြူတာလုံခြုံရေး စနစ်တွေကို ဖျက်ဆီးမှုကြောင့် လူသတိထားခံလာရသူ ဖြစ်ပါတယ်။ ဗာဂျီနီးယား ပြည်နယ်က ပင်တဂွန်စစ်ဌာနချုပ်အခွဲ သုတေသနစစ်စခန်း တစ်ခုက ကွန်ပြူတာပေါင်းမြောက်များစွာကို ၁၉၉၉ ခုနှစ် အောက်တိုဘာလက စဟက်ပါတယ်။ သူ့ကြိုးစားမှုကြောင့် စစ်တပ်က ကွန်ပြူတာ များ ပျက်ဆီးခဲ့ပြီး နောက်ထပ်ခြေလှမ်းအနေနဲ့ နာဆာက ဂြိုလ်တုထိန်းချုပ် ကွန်ပြူတာ ဆာဗာကို လှမ်း Hack ပါတယ်။

Backdoor ကိုအသုံးပြုပြီး လုံခြုံရေးအတားအဆီးအားလုံးကို bypass လုပ်သွားတာပါ။ နောက်တော့ ကွန်ပြူတာပေါင်း ရာကျော် လျှို့ ဝှက်ကုဒ်နံပါတ်များ ပျောက်ဆုံးရပြီး ကမ္ဘာ့အပြင်ရောက်နေတဲ့ ဂြိုလ်တု နဲ့အကာသ စခန်းများကို ထိန်းချုပ်ရန် အခက်အခဲများ ဖြစ်စေပါတော့တယ်။ ယင်းအတွက် အဖြေရှာဖို့နာဆာတို့ ၃ ပတ်အချိန်ယူလိုက်ရပြီး ပြုပြင်မှုအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄၁၀၀၀ ကုန်ကျခဲ့ပါတယ်။ Server Down တဲ့ ၂၁ ရက်အတွင်း ဆုံးရှုံးရတဲ့ ငွေကြေး ပမာဏ မပါရှိသေးပါဘူး။

ဒါနဲ့ IP Source ကိုရအေင်ယူပြီး ဖလော်ရီဒါက ၁၅ နှစ်သား james ကို ကွန်မန်ဒိုများ ဝင်စီးပါတောတယ်။ ၆ လ အချုပ်ထဲ နေခဲ့ရပြီး အိမ်အကျယ်ချုပ်ကို နှစ်နဲ့ချီချ ပါတယ်။ ယင်းအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ Jonathan James ဟာ တရားရုံးတော်ချိန်းဆိုချက်ကို ၂၀၀၈ ခုနှစ်မှာ နောက်တစ်ခါ ထပ်သွားရမှာ ဖြစ်ပါတယ်။ ကြားထဲ ကာလမှာ သူဟာ အမြဲစောင့်ကြည့်ခံရပါတယ်။ ကွန်ပြူတာကိုလည်း ဘယ်အကြောင်းအမျိုးမျိုးနဲ့မှ အသုံးပြုခွင့် မပေးပါဘူး။ သို့ပေမယ့် စောင်ကြည့်ကာလမှာတင် James ဟာ ဝါသနာကို မစွန့်လွတ်ပြီး Hacking ကို ဆက်လိုက်စားပါတယ်။

အမေရိကန်က နာမည်ကြီးဟက်ကာများနဲ့ ပူးပေါင်းမိလာပြီး ဟက်ကာ လောကမှာ အချင်းများစရာများ ဖြစ်လာပါတယ်။ ဒီလိုနဲ့ Hacking နဲ့ပက် သက်လို့ စိတ်အနှောင့်အယှက်ဖြစ်လာပြီး စိတ်ကျရောဂါဝေဒနာ ခံစားလာရပြီး ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်နေ့မှာ သေဆုံးနေတဲ့ Jonathan James ကိုတွေ့ရှိခဲ့ပါတယ်။

ရေချိုးခန်းထဲမှာ သေနတ်တစ်လက်နဲ့ ကိုယ့်ခေါင်းကိုယ်ပစ်ပြီး လုပ်ကြံ ခဲ့တာ ဖြစ်ပါတယ်။ စာလည်းချန်ခဲ့ပါတယ်။ သူချန်ထားတဲ့ စာမှာ သူအစွပ်စွဲခံရတဲ့ Hacking အမှုတစ်ခုပါဝင်ပါတယ်။ စပါမားကတ် Network တစ်ခုကို ဟက်ကာများ Hack ထားတဲ့အမှုတစ်ခုပါ။ သူပါဝင်တယ်ဆိုတဲ့အချက် မဟုတ်ကြောင်း တရားမျှတမှုဟူသည့်အချက်အပေါ်မှာ သူအယုံအကြည် မရှိတော့ကြေင်း ဘာညာနဲ့ စာတစ်စောင်ချန်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီတော့ အသက် ၁၅ နှစ်အရွယ်မှာတင် ပင်တဂွန်စစ်ဌာနချုပ်နဲ့ နာဆာကို Hack နိုင်တယ်။ သိုပေမယ့် ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တဲ့ James ဟာ ကမ္ဘာ့ Hacker လောကမှာ ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်တစ်ခု အဖြစ် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။
..

Thursday, November 28, 2013

Interview with the Founder of DEF CON and Black Hat Part 1

Dark Tangent ဆိုတာကတော့ နာမည်ကျော် DEF CON Hacker Conference နဲ့  Black Hat Hacker Conferences တို့ကို စတင်တည်ထောင်သူ ဖြစ်ပါတယ် ။ နာမည် အရင်းကတော့ Jeff Moss ဖြစ်ပြီး အမေရိကန်နိုင်ငံသား ဟက်ကာ တစ်ယောက်ဖြစ်ပါတယ် ။
jeff moss
အခုဟာကတော့ CNN သတင်းဌာန နဲ့  Dark Tangent လို့ လူသိများတဲ့ Jeff Moss တို့ရဲ့  Interview ဖြစ်ပါတယ် ။

CNN : Black Hat နဲ့  DEF CON ကို ဘယ်လို စလုပ်ဖြစ်သွားတာလဲ?
 
MOSS : တကယ်တော့ Black Hat နဲ့ DEF CON က အချင်းချင်း ချိတ်ထားပြီးသားဗျ ။ DEF CON ကတော့ Black Hat ထပ် နည်းနည်း စောတာပေါ့နော ။ အဲ့ဒီ့တုန်းက အရာအားလုံး က Underground ဆန်တယ် ။ Formal မဖြစ်ဘူး ။ Internet ခေတ်မှာ Company တွေက Security နဲ့ ပတ်သတ်တဲ့ Information တွေ လိုလာတယ် ။ အဲ့ဒီ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်က DEF CON ကို Professional ဆန်ဆန် လုပ်ပါလားဆိုတာနဲ့ လုပ်ဖြစ်သွားတာ
DEFCON ကတော့ Hacking နဲ့ပတ်သတ်တာ အားလုံးပါတယ် ။ သော့ဖွင့်တာ ပါမယ် ။ XBOX Hacking . Electronic hacking အကုန်ပါတယ် ။
Black Hat ကတော့ Information Security ကိုပဲ အဓိကထား သွားတယ် ။
DEF CON အတွက်ကော  Black Hat အတွက်ပါ ကြော်ငြာတွေ တစ်ခုမှမလုပ်ဘူး ။ တစ်ဆင့်စကား တစ်ဆင့် နားနဲ့ပဲ သွားတာ ။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်ကိုကိုယ် Security သမား တစ်ယောက်အနေနဲ့ မမြင်ဘူး ။ လူတွေ လာချင်တဲ့ Conference တစ်ခု လုပ်တဲ့လူ လို့ပဲ မြင်တယ် ။

CNN : Hacking နဲ့ပတ်သတ်ပြီး ခင်ဗျားရဲ့ အတွေ့ အကြုံလေးတွေကို ပြောပြပါ့လား?
 
MOSS : ကျွန်တော့်ကို ကွန်ပျုတာ ၀ယ်ပေးတာ ကျွန်တော် ၁၀ နှစ်လား ၁၁ လားတော့ သေချာမမှတ်မိတော့ဘူး ။ ဒါပေမယ့် အဲ့ဒီအရာက လုံးဝ အံ့သြဖွယ်ရာ ပဲ ။ ဘာကြောင့်လဲ ဆိုတော့ ကားမောင်းခွင့်မရသေး မဲပေးခွင့်မရသေး ၁၈ နှစ် မပြည့်သေးတဲ့ အားလုံးက ကလေးလို့ သတ်မှတ်ထားတဲ့ အရွယ်မှာ လူကြီးတွေ စကားဝိုင်းထဲ ၀င်ပါခွင့်ရတယ် ။ ကျွန်တော့် အမေတွေ အဖေတွေ ဆီက မကြားဖူးတဲ့ စကားလုံးတွေကို ကြားခွင့်ရတယ် ။ Internet ပေါ်မှာ ခင်ဗျား အသက်အရွယ် ယောကျာင်္းလား မိန်းမလား ဆိုတာ ဘယ်သူမှ သိတာမဟုတ်ဖူးလေ ။
အဲ့ဒီ့ ခံစားချက်က ကျွန်တော့်ကို ငယ်ငယ်တုန်းက တော်တော်လွှမ်းမိုးခဲ့တာဗျ ။

CNN : Facebook ပေါ်လာတော့ အဲ့ဒီ့လို အရာတွေ ပျောက်သွားပြီလို့ ထင်လားဗျ?
 
MOSS : ပြောရရင် Hacking Culture ရဲ့ အရေးကြီးဆုံး အရာတစ်ခုက Hacker တစ်ယောက်ရဲ့ Handle ပဲ ပြောရရင် Indentity ပေါ့ ။ ကောင်းတာ လုပ်လုပ် ဆိုးတာလုပ်လုပ် အဲ့ဒီ့ ID ကပဲ ကိုယ်စားပြုတယ် ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျား ဘယ်သူဆိုတာ ခင်ဗျားကလွဲပြီး တခြားလူ သိမှာမှ မဟုတ်တာ ။  Facebook ရဲ့  Terms & Conditions တွေကို အတိအကျ လိုက်နာမယ်ဆိုရင်တော့ ဒီလို ဖြစ်မှာမဟုတ်ဘူး :)

CNN : ဒါဆိုရင် ခင်ဗျားကရော
 
MOSS : အင်း ကျွန်တော့်  နာမည်က အစက Dark Tangent နောက်တော့ တခြားတစ်ခုဖြစ်သွားတယ် 

CNN : အဲ့ဒီ့နောက် ဘာတွေ ဆက်ဖြစ်လဲ?
 
MOSS : ဒါတော့ ခင်ဗျားကို ဘယ်လိုလို့ ပြောလို့ ဖြစ်မလဲဗျ :D အဓိကကတော့ လူတစ်ချို့ နဲ့ မပတ်သတ်ချင်တော့တာရယ် လူတချို့ကို ကျွန်တော်မှန်းမသိစေချင်တော့တာရယ်ပဲ 

CNN : ခင်ဗျား Hacking ကို စလုပ်ဖြစ်တဲ့ အချိန်တုန်းက ဘာတွေ လုပ်ဖြစ်လဲ?
 
MOSS : အစတော့ Copyright တွေကို ကျော်ဖို့ လုပ်ဖြစ်တယ် ။ ပြောရရင် Reverse Engineering ပေါ့ဗျာ ။ အဲ့ဒီ့ တုန်းက Copyright ခေတ်ဗျ ။ Company တွေကလည်း သူတို့ ခွေတွေကို လူတွေ ဘယ်လို ကူးလို့ မရအောင် လုပ်ရမလဲ ဆိုတာ ကြံကြတယ် ။ လူတွေကလည်း ခွေတွေ Copy ကူးပြီး ဖြန့်ချင်ကြတယ် ။ 

CNN : ဒါဆို ခင်ဗျား အတွက် Hacking ဆိုတာက ဘယ်လို အဓိပ္ဗာယ် သက်ရောက်သလဲ?
 
MOSS : အင်း ဥပမာ Sony Playstation တွေကို Reserve Engineering လုပ်တဲ့ geohot ဆိုပါစို့ သူ့ အတွက် Hacking ရဲ့ အဓိပ္ဗာယ် ဘာလို့ထင်လဲ လူတွေ ဘာကြောင့် iPhone ကို Hack ချင်တယ်လို့ ထင်လဲ?
အဓိက ကတော့ ကျွန်တော်တို့ သူပေးတဲ့ နည်းအတို်င်းမဟုတ်ပဲ ပိုသုံးချင်လို့ပဲ AT & T ဆိုတာထက် ပိုပြီး Iphone ကို သုံးချင်တယ် ။ အဲ့လိုပဲပေါ့ ကျွန်တော့် အတွက်လည်း အရာတချို့ကို ပုံမှန်ထပ် ပိုပြီး သုံးချင်လို့ပေါ့ 

CNN : ခုနောက်ပိုင်း Hacktivist ဆိုပြီး Hacker အရေးလှုပ်ရှားသူတွေ အဖြစ်နဲ့  Data တွေ Leak လုပ်တယ် ။ တခြား နိုင်ငံရေးနဲ့ ပတ်သတ်ပြီး ဆန္ဒ ထုတ်ဖော်တယ် ။ ဒါကို ကောင်းတယ်လို့ လက်ခံထားတဲ့သူတွေက လက်ခံနေတယ် ။ ခင်ဗျား အမြင်ကရော?

MOSS : ကျွန်တော့် အမြင်ပြောရရင် သူတို့ ပြောနေပုံတွေက သိပ်ပြီး ကျိုးကြောင်းဆီလျော်တဲ့ ပုံ 
မပေါက်ပါဘူး တိတိကျကျလည်း မရှိဘူး ပြောရရင် Hacktivism ဆိုတဲ့ ခေါင်းစဉ် ကြီးအောက်မှာ နေပြီး သူတို့ ကိုယ် သူတို့ အကြောင်းရှာ ကာကွယ်နေတယ်လို့ပဲ မြင်တယ် ။ ခင်ဗျား တကယ်လို့ Hacktivist ဆိုတဲ့လူ ငါးယောက်ကို သူတို့ရဲ့  ရပ်တည်မှုပုံစံ ဆိုတဲ့ အကြောင်းသွားမေးကြည့်ပါ့လား အဖြေ ငါးမျိုး ထွက်လာမှာသေချာတယ် ။ ကျွန်တော့် အမြင်အရပြောရင် အဲ့ဒါ တံဆိပ် နဲ့တူတယ် ။ ဘယ်သူနေနေ ကိုယ့်ဟာကိုယ် နာမည်ပေးပြီး တံဆိပ်ကောက်တပ်ပလိုက်လို့ရတာပဲ ။ 

CNN : ဘာပဲပြောပြော သူတို့က တဖြည်းဖြည်း အင်အားကြီးမားလာတာတော့ အမှန်ပဲ ဥပမာ Anonymous လိုပေါ့ ။ ခင်ဗျား အနေနဲ့ ဒီကိစ္စ နဲ့ပတ်သတ်ပြီး စိုးရိမ်မှုများရှိမလား?
 
MOSS : လုံးဝ မရှိပါဘူး ။ သူတို့ လုပ်နေတယ် ဆိုတာ ကျွန်တော်တို့ Conference တွေမှာ လာပြောနေတဲ့ Speaker တွေလောက်တောင် မဟုတ်ဘူး ။ ပြောရရင် Media တွေရဲ့ မျက်လုံးအောက်ကို ရောက်နေလို့ နာမည်ကြီးနေတာလို့ တောင်ပြောရမယ် ။  

Re >>Ghost Area

Wednesday, November 27, 2013

ကမ္ဘာ့အချောဆုံး အမျိုးသမီး ဟက်ကာ ငါးဦး



Adenna Cooke

ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ မော်ဒယ် ဖြစ်ပြီး ကွန်ပြူတာ ဟက်ကာ တစ်ဦး ဖြစ်ကြောင်းတော့ လူသိနည်းပါတယ်။ အိပ်ယာပေါ်မှာ သူမ ဓာတ်ပုံတွေကို တင်လိုက်တဲ့ ဝဘ်ဆိုဒ်တစ်ခုကို တစ်ညအတွင်း ဟက်နိုင်ခဲ့ ပါတယ်။ ပြီးတော့ သူမရဲ့  ဓာတ်ပုံကို အသုံးပြုပြီး ဝင်ငွေရှာနေတဲ့ ဝဘ်ဆိုဒ်တစ်ခုကိုလည်း သက်ဆိုင်ရာက အရေးမယူ ရသေးခင် သူမ ကိုယ်တိုင် Remove လုပ်နိုင်ခဲ့ ပါတယ်။

Anna Chapman

ရုရှား စပိုင်လို့ လူသိများပြီး အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့ မှာနေထိုင်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ သူမနဲ့ အတူ အပေါင်းပါ ၉ ဦးကို ရုရှားအတွက် သူလျှို လုပ် သတင်းအချက်အလက် ခိုးယူမှုနဲ့ FBI တို့ ဖမ်းဆီးခဲ့ဖူးပါတယ်။ အဲ့နောက်ပိုင်း သူမရဲ့ အလှဓာတ်ပုံတွေ၊ ဂုဏ်သတင်း ပြန့်နှံ့ခဲ့ ပါတယ်။ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ အမေရိကန် ဟက်ကာ Edward Snowden ကို လက်လက်လိုကြောင်း တရားဝင် ပြောဆိုပြီးနောက် မီဒီယာနဲ့ ကမ္ဘာက အာရုံစိုက်လာတဲ့ Celebrity တစ်ဦး ဖြစ်လာ ပါတယ်။

Kistina Svechinskya

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံများက ဘဏ်တွေကို ဖောက်တဲ့ ဟက်ကာ ဖြစ်ပါတယ်။ အကောင့်အတု၊ လျှို့ ဝှက် ကုဒ် အတုနဲ့ ဝင်ရောက်ပြီး စုစုပေါင်း ငွေထုတ်ခဲ့တာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ပါတယ်။ ဘဏ်ပေါင်း ထောင်ချီကို ဟက်ပြီး ရခဲ့တဲ့ငွေ ဖြစ်ပါတယ်။ ယခုတော့ သူမဟာ အမေရိကန်မှာ အဖမ်းဆီး ခံထားရပါတယ်။

Joanna Rutkowska

ပိုလန်နိုင်ငံက Ethical Hacker တစ်ဦး ဖြစ်ပြီး Low level security and stealth malware တီထွင်ဖန်တီးနိုင်မှု နဲ့ လူသိများ အောင်မြင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့  Windows Vista System က လုံခြုံရေး နည်းပညာများကို ဖောက်နိုင်ခဲ့ပြီး ကမ္ဘာက အံ့သြလေးစားတဲ့ ဟက်ကာ တစ်ဦး ဖြစ်ခဲ့ပါတယ်။ ယခုတော့ သူမဟာ ပိုလန်မှာပဲ ကိုယ်ပိုင် အိုင်တီ လုံခြုံရေး ဝန်ဆောင်မှု ကုမ္မဏီ တည်ထောင်ပြီး အောင်မြင်နေကြောင်း သိရ ပါတယ်။

Ying Cracker

တရုတ်မလေး Ying က ဟက်ကာ အခြေခံ ပညာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမ တစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် အထင်မသေးလိုက်ပါနဲ့။ ကမ္ဘာမှာ သူ Crack လို့မရတဲ့ ဆော့ဖ်ဝဲ မရှိဘူးလို့ ပြောစမတ် ပြုကြ ပါတယ်။ ဒါကြောင့်ပဲ သူ့နာမည် နောက်ဆုံးမှာ Cracker ဆိုတာလေး ပါဝင်လာခြင်း ဖြစ် ပါတယ်။ ဆော့ဖ်ဝဲ Crack တဲ့ ပညာနဲ့ အသက်မွေးပြီး ငွေလျှံ၊ ရုပ်လှတဲ့ တရုတ်ဟက်ကာမလေး ဖြစ်ပါတယ်။

Monday, November 25, 2013

Facebook ကိုလွမ်းမိုးခဲ့သူ - Chris Putnam

Facebook Comment Box ထဲမှာ :putnam: : putnam : လို့ ရိုက်လိုက်ရင် ထွက်လာတဲ့ ခေါင်းပုံကို ကျနော်ဆိုရင် အစက ဂျက်စတင်ဘီဘာခေါင်း လို့တောင် အနီးစပ်ဆုံး လျှောက်ထင် လိုက်ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါတယ်။ အဲ့ဒီ Emotion icon ပိုင်ရှင်က Chris Putnam လို့အမည်ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။


Georghia Southern University မှာ တက္ကသိုလ်တက်နေစဉ် ၂၀၀၅ ခုနှစ်က Faceboook ကို ဟက်ခဲ့ပါတယ်။ အကောင့်ပေါင်း ၁ ထောင်ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့ ကိုတောင် ဖျက်ခဲ့ပါသေးတယ်။ Cross-site scripting ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို Facebook က ထောက်လှမ်းမိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အလုပ်လုပ်ဖို့အတွက် အကမ်းလှမ်းခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန်တဲ့ Engineer တစ်ယောက် ဖြစ်ခဲ့ ပါတယ်။

Facebook မှာ Photo Album တင်တာနဲ့ ဗီဒီယိုတင်တာတွေကို Chrit Putnam ဦးဆောင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုမ္မဏီမှာ စုစုပေါင်း ၄ နှစ်ပဲ လုပ်ကိုင်ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီးနောက် Facebook chat, Comment မှာ :putnam: လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံပေါ်စေဖို့ Facebook က အမှတ်တရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref:wiki
အောင်ခမ်း ( TSJ Team )

Saturday, November 23, 2013

Gmail Account Hacking Exploit ( Fixed )

မည့်သည့် Gmail Account ကို မဆို Password Reset လုပ်သည့် နည်းလမ်းမှ တစ်ဆင့် တိုက်ခိုက်နိုင်သည့် Vulnerability ကို နည်းပညာ လုံခြုံရေး သုတေသီ တစ်ဦးဖြစ်သူ Oren Hafif က ရှာဖွေတွေ့ ရှိခဲ့သည် ။
ယင်းသို့ တိုက်ခိုက်ရာတွင် Attacker အနေနှင့် Victim ထံသို့  Google မှ ပေးပို့သော Official Email ဟန်ဆောင်ထားသော Email အတု တစ်စောင် ပေးပို့ရမည် ဖြစ်သည် ။
 ထို Link ကို နှိပ်လျှင် https://google.com ဟု ခေါ်သော Google Website သို့ ရောက်ရှိသော်လည်း Password Reset လုပ်လိုက်ရာတွင် CSRF Vulnerability ကြောင့် Attacker ဆီသို့သာ ရောက်ရှိသွားမည် ဖြစ်ပါသည် ။

 ယင်းသို့ တိုက်ခိုက်ပုံကို အောက်ပါ Video တွင် ကြည့်ရှုနိုင်ပါသည် ။

ASUS website ကို တိုက်ခံလိုက်ရပါပြီ

#‎ASUS‬ website defaced by Pakistani Hackers :


http://homecio.asus.com/tw/



Monday, November 18, 2013

Mark With FB Web Hacker


..::ပြည်ပအင်တာနက်စာမျက်နှာ ၈ခုအားတိုက်ခိုက်::..

#OP_OIC ဟု အမည်ပေးထားသော နည်းပညာ စစ်ဆင်ရေးတွင် Anonymous Myanmar Hacker တစ်ဦးဖြစ်သော Babypunkghost မှ ၎င်းသည် ပြည်ပ အင်တာနက် စာမျက်နှာ ၈ခုအား တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။။ ၎င်းတိုက်ခိုက်ခဲ့သော အင်တာနက်စာမျက်နှာများတွင် OIC မြန်မာနိုင်ငံသို့လာသည်ကို အလိုမရှိကြောင်း အဆိုပါတိုက်ခိုက်ခဲ့သော အင်တာနက်စာမျက်နှာများပေါ်တွင်ရေးသားထားခဲ့ကြောင်းသိရှိရသည်။

#OP_OIC အမည်ရှိသော နည်းပညာစစ်ဆင်ရေးတွင် အခြားသော Anonymous Myanmar Hacker များလည်း ပြည်ပ အင်တာနက်စာမျက်နှာများကိုတိုက်ခ
ိုက်ကာ မြန်မာနိုင်ငံသာများသည် OIC အား အလိုမရှိကြောင်းကို ရေးသားရန် ကြိုးပမ်းလျက်ရှိသည်ဟုလည်းသိရှိရသည်။

တိုက်ခိုက်သော ပြည်မှအင်တာနက်စာမျက်နှာ ၈ခု -

1
www.tamburix.com
http://www.hack-mirror.com/498590.html
http://hack-db.com/900605.html
http://www.zone-h.org/mirror/id/21216731
2
http://www.ilike-case.com/
http://www.zone-h.org/mirror/id/21216736
http://hack-db.com/900626.html
http://www.hack-mirror.com/498668.html
3
http://www.yerkirtv.org/
http://www.hack-mirror.com/498709.html
http://hack-db.com/900631.html
http://www.zone-h.org/mirror/id/21216744

4
http://www.nonprofitintegrator.org/
http://www.hack-mirror.com/498764.html
http://hack-db.com/900633.html
http://www.zone-h.org/mirror/id/21216750

5
www.1cnna.com
http://hack-db.com/900635.html
http://www.hack-mirror.com/498770.html
http://www.zone-h.org/mirror/id/21216753

6
http://nofaxing-paydayloans.info/
http://www.hack-mirror.com/498792.html
http://www.zone-h.org/mirror/id/21216827
http://hack-db.com/900654.html

7
http://www.rozemaan.com/
http://www.zone-h.org/mirror/id/21216838
http://www.hack-mirror.com/498799.html

8
http://www.arkangel-ve.com/
http://www.zone-h.org/mirror/id/21216887
http://www.hack-mirror.com/498815.html
http://hack-db.com/900756.html

vBulletin Zero Day Exploit

လွန်ခဲ့တဲ့ အင်္ဂါနေ့က နာမည်ကျော် Mac Forum တစ်ခုဖြစ်တဲ့ MacRumor ဖိုရမ် အတိုက်ခိုက်ခံရပြီးနောက် User ပေါင်း ၈ သိန်း ၆ သောင်းကျော်ရဲ့  Username , Email နဲ့ Password တို့ ကို တိုက်ခိုက်သူတို့က ရယူသွားခဲ့ပါတယ် ။

အဲ့ဒီ့နောက်မှာတော့ Inj3ct0r Team ကနေ သူတို့ရဲ့  1337Day Website က တစ်ဆင့် vBulletin Forum ကို တိုက်ခိုက်နိုင်တဲ့ Zero Day Exploit ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ် ။

ယင်း Exploit ဟာ vBulletin version 4.x.x နဲ့ 5.x.x တို့ ကြားမှာ ဖြစ်ပေါ်လျှက်ရှိပြီး Remote Code Execution Vulnerability ဖြစ်ကြောင်း သိရှိရပါတယ် ။

Inj3ct0r ရဲ့ Exploit Market မှာတော့ Shell Upload payload ကို US Dollar ၇၀၀၀ နဲ့ ရောင်းချထားတာကို တွေ့ရပါတယ် ။

ဒီ Vulnerability နဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံသား လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်တဲ့ အကိုတစ်ယောက်က
ဒီနေ့ VB သုံးတဲ့သူတွေကြား တော်တော်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတာ သတိထားမိလေရဲ့
RCE ကြောင့်ဆိုလားပဲ
VB team ကလည်း အသည်းအသန်လိုက်ရှာနေတယ် ပြောသံကြားတယ် အခုလိုပြောကြားထားတာ တွေ့ရပါတယ် ။ 
ကိုယ်လိုလူပြိန်းအနေနဲ့ကတော့ လူပြိန်းလိုပဲတွေးမိတယ်
RCE က ဘာကြောင့် အန္တရာယ်ရှိတာလဲ
ရှင်းပါတယ် RCE ဆိုမှတော့ code execution ပေါ့
malicious user တွေအနေနဲ့ backdoor တွေ run သွားမယ် kernel exploit တွေ run ပြီး rooting လုပ်မယ်
အဲဒီတော့ လက်ပူတိုက်ပြီး ဘယ်လိုရှင်းမလဲ?
ရှင်းပါတယ် သူက code execute လုပ်လို့ရလို့ ဖြစ်တာကြောင့်ဆိုတော့ လွယ်လွယ်တွေးရင် patch မထွက်ခင်မှာ code execute လုပ်လို့မရအောင် ရှော့ရှိတဲ့ command တွေကို ခဏလောက် ပိတ်ထားလိုက်ပေါ့
(vps တွေ dedicated တွေဆိုရင်ပြောပါတယ်။ shared hosting တွေဆိုရင်တော့ file permission တွေကိုလိုက်ပိတ်ပေရော့)
ls, ln, cat, touch, rm, mv, cp, wget, uname, lsb_release စတဲ့ နည်းနည်းရှော့ရှိတဲ့ command တွေကို permission ပိတ်ထားလိုက်ပေါ့
လိုလိုမယ်မယ်အနေနဲ့ /proc/version, /etc/ အောက်က release file တွေ ကိုပါ သွားပိတ်ထားလိုက်ပေါ့
ဒါဟာ နည်းလမ်းကျတဲ့ဖြေရှင်းနည်းမဟုတ်ပေမဲ့ patch မထွက်သေးခင်မှာတော့ လက်ပူတိုက်ထားလို့ရတဲ့ ဆေးမြီးတိုတစ်ရပ်အနေနဲ့တော့ အသုံးဝင်ပါတယ်
ဒီထက်ပိုပြီးလုံချင်သပဆိုရင်တော့ dns မှာ 127 ကိုသာညွှန်းပေးထားလိုက်ပေရော့ပဲ
 
 
Re ghost area

Monday, July 29, 2013

ATM စက်များကို ခိုးဖောက်နိုင်ကြောင်း ပြသခဲ့သူ ဟက်ကာ သေဆုံး


လာ့စ်ဗီးဂတ်စ်၊ ဇူလိုင် ၂၈

ATM စက်များကို မည်သို့ ခိုးဖောက်နိုင်ကြောင်း လက်တွေ့ ပြသနိုင်ခဲ့သည့် ဟက်ကာ တစ်ဦးဖြစ်သူ ဘာနာဘီဂျက်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ က ကွယ်လွန်သွားကြောင်း Guardian သတင်းတွင် ရေးသား ဖော်ပြ ထားသည်။

Friday, July 26, 2013

တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး


တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး

ဝါရှင်တန်၊ ဇူလိုင် ၂၅

တရုတ်ဟက်ကာ များသည် အင်တာနက်နှင့် ကွန်ရက်ဆိုင်ရာ လုပ်ငန်းများတွင် မကောင်းမှုများ လုပ်ရန်အတွက် ခိုးဖောက် ဝင်ရောက်မှုများကို Android ဆော့ဖ်ဝဲများအား သုံးကာ အဓိက လုပ်ဆောင်နေ ကြကြောင်း ကွန်ပျူတာလုံခြုံရေး ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Symantec ကပြောကြားသည်။