Subscribe For Free Updates!

We'll not spam mate! We promise.

Showing posts with label Love Poem. Show all posts
Showing posts with label Love Poem. Show all posts

Saturday, December 7, 2013

အချိန်တိုလေးအတွင်းမှာအရာရာကိုတန်ဖိုးထားတတ်ပါစေ



ဆင်းရဲသားတစ်ယောက် သူဌေးသမီးတစ်ယောက်ကို ချစ်မိသွားတယ် ။ တစ်နေ့တော့ ဆင်းရဲသားလေးက သူမ ကို လက်ထပ်ခွင့်တောင်းတယ် ။ ဒီတော့ သူဌေးသမီးကပြန်ပြောတယ် ။

“ ဒီမယ် နားထောင် ရှင့်ရဲ့ တစ်လစာ ၀င်ငွေရဲ့ ကျွန်မရဲ့ တစ်နေ့စာ အသုံးစရိတ်ပဲရှိတယ် အဲဒီလိုလူမျိုးနဲ့ ကျွန်မ ပတ်သတ်ရမလား ရှင်ဘယ်လိုအတွေးမျိုးကိုတွေးနေတာလဲ ကျွန်မ ဘယ်တော့မှ ရှင့်ကိုမချစ်နိုင်ဘူး ဒါကြောင့် ကျွန်မ ကိုမေ့ပြီး ရှင်နဲ့အဆင့်အတန်းခြင်းတူတဲ့တစ်ယောက်ကိုရွေးချယ်လိုက်ပါ ” တဲ့ ။

အဲဒီလို ရင့်ရင့်သီးသီးပြောခဲ့ပေမယ့် ဆင်းရဲသားလေးက သူဌေးသမီးလေးကို လွယ်လွယ်နဲ့ မေ့မရနိုင်ခဲ့ဘူး ။

ဆယ်နှစ်ကြာပြီးနောက်-------

တစ်နေ့မှာ သူတို့ နှစ်ယောက် ရှော့ပင်းစင်တာကြီးတစ်ခုမှာ မျက်နှာချင်းဆိုင်ဆုံမိကြတယ် ။ သူဌေးသမီး ကပြောတယ် “ ဟေး...ရှင် အဆင်ပြေလား အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ကျွန်မ အမျိုးသားလစာက တစ်လ ဘယ်လောက်ရတယ်လို့ ရှင်ထင်သလဲ ? တစ်လကို ၃ သိန်းတောင်ရတယ်ရှင့် ရှင်အံ့သြသွားသလား သူက အရမ်း စ မတ်ကျတယ် ”

ကောင်လေးရဲ့ မျက်ဝန်းမှာ အဲဒီလိုစကားတွေကြားပြီးတော့ မျက်ရည်တွေနဲ့စိုစွတ်သွားတယ် ။

နောက်မိနစ်အနည်း ငယ်မှာတော့ သူမရဲ့ ယောင်္ကျားထွက်လာပါတယ် ။ သူဌေးသမီးက ကောင်လေးကို ဘာမှ မပြောသေးခင် သူ့ခင်ပွန်းက နေပြီး ကောင်လေးကို စတင်နှုတ်ဆက်လိုက်တယ် ။

“ ရောက်နေပြီလားဆရာ ဒါကျွန်တော့်ဇနီးပါ ” တဆက်တည်းမှာပဲ ကောင်လေးက သူ့မိန်းမ ကိုလှည့်ပြော လိုက်တယ် ။ “ ငါက ဒီဆရာရဲ့ ပရောဂျက်မှာ အကူဝင်လုပ်နေတာပေါ့ ဆရာက ငါတို့ သူဌေးလေ သန်းပေါင်း များစွာ ချမ်း သာတယ် ဟိုးအရင်က ဆရာက ကောင်မလေးတစ်ဦးကို ချစ်ခဲ့တယ် ဒါပေမယ့် သူ မရခဲ့ဘူး အခုချိန် ထိ ဆရာက လူပျိုကြီးလေ လက်မထပ်ရသေးဘူး မဖြစ်နိုင်ဘူးမဟုတ်လားမိန်းမရ အခုလို ချိန်မှာ ဆရာ့လို ချစ်တတ် တဲ့သူ ရှိနိုင်ပါဦးမလား ”

############################################

ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ ဒါကြောင့် သင့်ကိုယ်သင် အထင်မကြီးလွန်းပါနဲ့ တခြားသူတွေ အပေါ် နှိမ့် ချ မဆက်ဆံပါနဲ့ ။ အချိန်တိုင်းမှာ အရာရာဟာ အမြဲပြောင်းလဲနေတယ် ။ လူတိုင်းလူတိုင်းဟာ တ ဖက်သား က ကိုယ့်ကို ချစ်တဲ့အချစ်ကို တန်ဖိုးထားသင့်တယ် ။

သက်တန့်ချို

Monday, December 2, 2013

December အလွမ်း



ဒီဇင်ဘာည………
ကြယ်တွေစုံတဲ့
ကောင်းကင်လွှာကို
တစ်ခါကြည့်မိတိုင်း
နာကျင်လွန်းလို့
နောင်တရတယ်………l

အကြိမ်ခါမနည်း
ခွင့်လွှတ်ခဲ့ပြီးမှ
ဒီတစ်ကြိမ်ခွင့်မလွှတ်နိုင်တာ
ဘာကြောင့်ရယ်မသိ
ရင်ထဲမှာတဆစ်ဆစ်နဲ့
နာကျင်မိတယ် ချစ်သူ………l

မင်းကလည်းမာနနဲ့
ငါ့မှာလည်းအတ္တနဲ့
တစ်ယောက်နဲ့တစ်ယောက်
ဟန်ဆောင်ကျောခိုင်းရင်း
တကယ်ဝေးသွားမှာကို
အရမ်းစိုးရိမ်မိတယ်………l

ကူညီနိုင်မယ်ဆို
ကူညီပေးပါ
ဒီဇင်ဘာ ကြယ်စင်လေးရယ်
……ချစ်ဦးကို လွမ်းလှပါတယ်………။ ။


Credit tO --အဲအဲ



Monday, July 29, 2013

"*"*"*" သင့်ကိုတစ်ကယ်ချစ်တဲ့သူမို့ "*"*"*"

# သင့်ကိုတကယ်ချစ်တဲ့သူမို့ 
သူ့ဖုန်းထဲမှာ သင့်ဓါတ်ပုံတွေအပြည့်ဖြည့်ထားတာပေါ့။

# သင့်ကိုတကယ်ချစ်တဲ့သူမို့ 
သင့်ကြောင့် သူ့မျက်ရည်တွေအကုန်ခံနေတာပေါ့။

Wednesday, July 24, 2013

တိုက်အိုလေး ခေါင်မိုးမလုံးတော့လို့ပါ


ဆက်ပြီးမလိမ်နိုင်တော့ဘူးလား...

ထပ်ပြီးယုံနေပေးမယ်လေ....။

အချစ်တခုတည်မြဲဖို့အတွက်ချစ်နေယုံနဲ့မပြီးပါဘူး...

အချစ်တခုတည်မြဲဖို့အတွက်ချစ်နေယုံနဲ့မပြီးပါဘူး...

နားလည်မှုလိုတယ်...ယုံကြည်မှုတွေလိုတယ်...

သေးငယ်တဲ့အပြစ်တွေကိုလစ်လျှူရူတတ်ဖို့လိုတယ်...

စစ်မှန်စွာချစ်တတ်ဖို့နှလုံးသားတစုံလိုအပ်တယ်...

ရိုလာကိုစတာနဲ့ တူတဲ့အချစ်

တစ်ကယ်တော့် အချစ်ဆိုတာ
ရိုလာကိုစတာ စီးရသလိုပါပဲလား
ဘယ်သူမှ အတင်းအကြပ်
မစီးစေပါပဲ
တက်စီးဖြစ်သလို
ပြုတ်မကျလောက်ပါဘူး
တွေးထားပေမယ့်လဲ
ကြောက်နေတတ်ပြန်ရော
ကိုယ်ကိုင်ထားတဲ့ လက်တန်း
ခိုင်ခံမှုကိုလဲ ကိုယ်တိုင် မဆုံးဖြတ်နိုင်ဘူးလေ
ဟုတ်ပါတယ်
အချစ်ကို 
ဘယ်သူမှ ချစ်ပါ အတင်းအကြပ်မပြောပေမယ့်
ချစ်မိတတ်ကြပါတယ်
ကိုယ်ချစ်တဲ့ချစ်သူကလဲ 
ကိုယ့်ကိုပြန်ချစ်နေပါတယ်တွေးပေမယ့်