Subscribe For Free Updates!
We'll not spam mate! We promise.
Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts
Wednesday, December 11, 2013
- - - - - ဖုန်း Notification Bar ပေါ်မှ အင်တာနက် သင်္ကေတများ - - - - -
ဖုန်းအသုံးပြုသူ တွေအနေနဲ့ မိမိဖုန်းရဲ့ Noti Bar ပေါ်မှာ အင်တာနက်ဖွင့်လိုက်တာနဲ့ အင်တာနက် သင်္ကေတလေးကို တွေ့ဖူးကြမှာပါ ။ အဲဒိ အင်တာနက် သင်္ကေတလေးတွေဟာ အမြဲတမ်း ပြောင်းလဲနေတာကို သတိထားမိပါလိမ့်မယ် ( E , G , 3G , H , H+ ) စသဖြင့်ပေါ့ ။ ဒါဟာဘာ့ကြောင့်လဲဆိုတော့ သင်အသုံးပြုနေတဲ့ Network Operator ရဲ့ Connetion ကောင်း ၊ မကောင်း ပေါ်မူတည်ပြီး သင်္ကေတလေးတွေ အမြဲတမ်းပြောင်းလဲနေပါတယ် ။ အဲဒိ သင်္ကေတလေးတွေရဲ့ အဓိပ္ပါယ်နဲ့ လိုင်းဆွဲအားကို ဖော်ပြပေးပါ့မယ် ။
Meaning Of ‘ G ’
G = 1G ( GPRS ) - G ဆိုရင်တော့ Connection အရမ်းညံ့ပါတယ် ။ ဘာမှလုပ်လို့မရအောင်ကို လိုင်းမကောင်းပါ ။
Meaning Of ‘ E ’
E = 2.5G ( EDGE ) - E ကတော့ အတော်အသင့်ကောင်းတဲ့ သင်္ကေတပါ ။ တစ်ခုခုကို ဒေါင်းလုတ်ဆွဲမယ်ဆိုရင်တော့ အနည်းငယ် ကြာပါလိမ့်မယ် ။
Meaning Of ‘ 3G ’
3G = 3G ( 3rd Generation ) - 3G ပေါ်နေရင်တော့ လိုင်းဆွဲအားကောင်းပါတယ် ။ အားလုံးအဆင်ပြေပြေ သုံးလို့ရတဲ့ အနေအထားပါ ။
Meaning Of ‘ H ’
H = 3.5G ( HSDPA - High Speed Download Packet Access ) - 3G ထက်ပိုပြီး ကောင်းမွန်တဲ့ Connection ပါ ။ အထူးသဖြင့် ဒေါင်းလုတ်ဆွဲဖို့ အကောင်းဆုံး သင်္ကေတ တစ်ခုပါ ။
Meaning Of ‘ H+ ’
H+ ကတော့ H ထက်အနည်းငယ်ကောင်းပြီး 4G မတိုင်ခင်တော့ Connection Symbols တွေအားလုံးထဲမှာ အကောင်းဆုံးဖြစ်ပါတယ် ။ ပြီးတော့ သင့်ရဲ့ဖုန်းဟာ ဘယ်တုန်းကမှ H ( or ) H+ မပေါ်ဘူးဆိုရင်တော့ သင့်ရဲ့ဖုန်းမှာ 4G System ကိုတပ်ဆင်အသုံးပြုလို့ရမှာ မဟုတ်ပါဘူး ။
Meaning Of ‘ 4G LTE ’
4G = Long Term Evolution ( နောက်ဆုံးပေါ် အင်တာနက် Connection လိုင်းပဲဖြစ်ပါတယ် ။ အင်တာနက်ကို အထစ်အငေါ့မရှိဘဲ အသုံးပြုနိုင်မယ့် 4G စနစ်သစ်ပါ ။
ဒီသင်္ကေတတွေ အားလုံးရဲ့ ဒေါင်းလုတ်ဆွဲအားနှုန်းကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် ။
G = 114 Kb
E = 368 Kb
3G = 3.1 Mb
H = 14 Mb
H+ = 168 Mb
4G / LTE = 299.6 Mb
Saturday, December 7, 2013
***လုပ်ငန်းအတွက် (၇) ချက်***
(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။
(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )
(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။
(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )
(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )
မင်းသိင်္ခ ၏ “ရေမျောကမ်းတင် အောင်ဗဒင်” စာအုပ်မှ ပြန်လည်ဖော်ပြပါသည်။
Sunday, December 1, 2013
လူမှုကွန်ယက် Facebook မှသိမှတ်ဖွယ်ရာများ
၁။ ကျွန်တော်တို့တွေ အခုခေါ်ခေါ်နေတဲ့ Facebook ကိုယခင်တုန်းက
thefacebook လို့ခေါ်တယ်လို့ဆိုတယ်ဗျာ၊အဲဒီတုန်းကတော့
ဟားဗတ်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ တွေရဲ့  ကိုယ်ရေးအချက်
အလက်တွေနဲ့ မှတ်တမ်းများကိုသိမ်းဆည်းရန်သာ အသုံးပြုဖို့ ဖြစ်တယ်
လို့ဆိုတယ်၊၂၀၀၅ ခုနှစ်ရောက်မှ ကျွန်တော်တို့တွေခေါ်နေကျအသံ
ဖွဘွတ်(ခေါ်)Facebook လို့စတင်ခေါ်ဆိုတယ်လို့သိရတယ်ခင်ဗျ။
၂။ ဟားဗက်မှာအသုံးပြုတဲ့ thefacebook ကိုလူတွေကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနိုင်ဖို့ Zuckerburg ကလုပ်ဆောင်ပေးခဲ့တယ်ဆိုပေမယ့်
စိတ်ကူးနဲ့အကြံဥာဏ်တွေကို ကူးချတယ်လို့ဆိုပြီး Facebook ကို အပိတ်ခံ
ရလုနီးတောင် ဖြစ်ခဲ့တယ်ဆိုပဲ၊
"အင်း....တကယ်လို့အပိတ်သာခံခဲ့ လို့က တော့ အခုလောက်ဆိုရင်
ကျွန်တော်တို့တွေ တွယ်တာလို့ခေါ်တဲ့ Twitter,LikeIn တို့နဲ့နှစ်ပါးသွား
နေလောက်ပြီ"
၃။ Facebook ကိုအခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ Social Network ရုပ်ရှင်ကား Golden Globes ဆုလေးဆုတောင်ရခဲ့တယ်ဆိုပဲ။ အဲဒီကားထဲမှာဆိုရင် Facebook နဲ့ပတ်သက်တဲ့နောက်ကြောင်းရာဇဝင်တွေ တရားရင်ဆိုင်ရပြီး အပိတ်ခံရလုနီးဖြစ်ခဲ့တဲ့ အကြောင်းတွေ စုံစုံလင်လင် ပါတယ်လို့ကြည့်ဖူးတဲ့ သူတိုင်းကတော့ ပြောကြတာပဲ။
"ကျွန်တော်ကတော့ မကြည့်ဖူးသေးဘူး အသံဖမ်းတရားနာလုပ်ထားတာ...
......"
၎။မြန်မာပြည်မှာ Facebook ကိုတစ်လ မိနစ်ဘယ်လောက်သုံးတယ်ဆိုတာ
တော့သိဘူး...တစ်ကမ္ဘာလုံးအတိုင်းတာနဲ့ မိနစ် ၇၀၀ တောင်သုံးကြတယ်
တဲ့....
၅။နိုင်ငံတကာမှာ Facebook ကြောင့်မို့လို့ ရာဇဝတ်မှုများစွာကိုတောင်
ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်တဲ့။
"မြန်မာပြည်မှာ Facebook နဲ့ရာဇဝတ်သားတွေကိုလိုက်ဖမ်းတယ်လို့တော့
ကြားဖူးသေးဘူး....ဘာလို့လည်းဆိုတော့ ဒီကရာဇဝတ်သားတွေက
ဖွဘွတ်ကို သိမှသိပဲကို..."
၆။Facebook ကိုအမြဲတမ်းနေ့စဉ်အသုံးပြုနေသူ ၁ ဘီလီယံတောင်ရှိတယ်
ဆိုပဲ၊ ကျွန်တော်တို့လို နေ့စဉ် Facebook မှာရေးနေရတဲ့သူတွေကိုဆိုလိုတာ
နေမှာ....
၇။လူဦးရေ သန်း ၆၀၀ လောက်က Facebook ကိုဖုန်းနဲ့အသုံးပြုတဲ့။
"သူတို့များ ကွန်နက်ရှင်ကောင်းလို့ထင်ပါရဲ့ "
၈။အမေရိကန်မှာ Facebook ကိုလူဦးရေ ၁၆၆ သန်းကအသုံးပြုပြီး
ကမ္ဘာမှာသုံးစွဲမှုအများဆုံးဖြစ်၊
"အင်း....သိပ်တော့လည်း မထူးဆန်းပါဘူး...သူတို့ဆီမှာက လူဦးရေကများ
တာကိုး....မြန်မာပြည်မှာတောင် သုံးတဲ့သူ ယခင်-၇ သိန်းကနေအခု ၁ သန်းကျော် သွားပြီလို့တော့ကြားသိရတာပဲ။.
ဟုတ်ဖူးလား...နောက်ဆိုရင်ဒီထက်တောင်များအုန်းမှာ..အတည်ပြောနေ
တာနော်.."
၉။အဲ......ဖွဘွတ်မှာ အမျိုးသမီးတွေက အမျိုးသားတွေကိုတောင်ကျော်ပြီး
ဦးဆောင်နေပြီတဲ့ဗျ၊အမျိုးသမီးတွေက ပျမ်းမျှတစ်လကို Status Update
၂၁ ကြိမ်ပြုလုပ်လျက်ရှိပြီး အမျိုးသားတွေက ပျမ်းမျှ ၆ ကြိမ်သာရှိတဲ့။
"မီးနှုတ်ခမ်းနီးချိုးတာ လှရားဟင်....ဒီနေ့ ချော့ပင်ထွက်တယ်....."
ထွက်ပဲထွက်နိုင်လွန်းတဲ့ ချော့ပင်...Status Update မှာတွေ့နေရတာတွေကို
ပြောတာ.....ငှိငှိ
၁၀။ပြောလို့မဆုံးသေးဘူး Facebook မှာ Photo Uploaded ပေါင်း
သန်း ၂၅၀ တောင်ရှိတယ်တဲ့၊အဲဒါက နေ့စဉ်တဲ့နော်...နေ့စဉ်..
ဒီလိုဆိုရင် မနည်းဘူးပဲ.....တင်လိုက်တဲ့ Photo တွေ...
၁၁။အမေရိကန်မှာ အွန်းလိုင်းအရောင်းအဝယ်တွေကို ဖွဘွတ်နဲ့အသုံးပြု
တာက ၉၅%ရှိပြီး တွယ်တာနဲ့က ၆၂% ပဲရှိတယ်တဲ့....
"ငါတို့ ဖွဘွတ်ကိုလာယှဉ်လို့ဘယ်ရမလည်း....ဟွန်း...."
၁၂။အဲဒါကတော့ အဆန်းဗျ...အဆန်း...နေဆန်းဟုတ်ဘူးနော်........
ကျွန်တော့်အတွက် ထူးဆန်းလွန်းလို့ပါဗျာ...တစ်ကမ္ဘာလုံး
လွတ်လပ်စွာအသုံးပြုလို့ရနေတဲ့ Facebook ကိုတရုတ်၊ဗီယမ်နမ်၊အီရန်
တို့တွင်ပိတ်ပင်ထားတဲ့......
" မြန်မာပြည်မှာသုံးလို့ရတယ်ဆိုတော့ အတော်လေးကိုပျော်နေလို့ မဖြစ်
သေးဘူးဗျ...ဖွဘွတ်ကိုတချို့က တလွဲတွေချည်းလုပ်နေလို့
ပိတ်မယ်လို့တော့ သဲ့သဲ့ လေးကြားနေရတယ်ဗျ..."ဒါကလည်း ဖြစ်သင့်
တယ်ပဲဆိုရမှာလားပဲ...အဲလိုဆိုရင်တော့ ကျွန်တော်တို့တော့ ငှက်ပီ....
ရေးစရာရှိတော့ဘူး....."
၁၃။ဘီလီယံ ၈၀ တောင်တန်တယ်တဲ့....လက်ရှိ Facebook ရဲ့ တန်ဖိုးက
"ကယ်.....မှုပိုင်ဝယ်ချင်တဲ့ သူရှိတယ်ဆိုရင်တော့ စဉ်းစားလို့ရတာပေါ့
ဟုတ်ဘူးလား...."
၁၄။အလုပ်အရှုပ်ဆုံး ဝက်ဆိုဒ်အဖြစ် Google ပြီးရင် ဒုတိယနေရာမှာ
ကျွန်တော်တို့ရဲ့ ဖွဘွတ်ကြီးတဲ့ဗျာ...
"မြန်မာပြည်မှာတော့ လာမယှဉ်နဲ့ ဖွဘွတ်ကအလုပ်ရှုပ်ဆုံးပဲ...."
၁၅။ကမ္ဘာပေါ်မှာ ဖဲသမားတွေ၊လောင်းကစားသမားတွေ အများဆုံးဆိုတာ
Facebook ကငြင်းလို့မရအောင် သက်သေပြနေပြီ၊ဘာလို့လည်းဆိုတော့
Texas Hold’em Poker လို့ခေါ်တဲ့ဂိမ်းအမျိုးစားက Fan page အဖွဲ့ဝင်
သန်း ၇၀ ကြီးများတောင်ရှိတယ်တဲ့.....နေ့စဉ်တိုးနေတာနော်...
Fan Page အဖွဲ့ဝင်အများဆုံးပေါ့ဗျာ.......
၁၆။အောင်မငီး....အိုင်စလန်နိုင်ငံရဲ့  ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့
Facebook ကိုအသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်.....
"လန်ထွက်နေတာပဲ....ဝှီး......"
၁၇။Facebook ရဲ့  URL အဆုံးသတ်မှာ အင်္ဂလိပ်အမှတ်စဉ်(4)ကိုပါရိုက်ထည့်
မယ်ဆိုရင် တည်ထောင်သူ Mark Zuckerberg ရဲ့  Wall Page ကို
ဒါရိုက်ရောက်ရှိတယ်လို့ ပြောထားတယ်ဗျ...
"ကျွန်တော်လည်း ဘယ်ရမလည်း....စမ်းကြည့်တာပေါ့...ဒါပေမယ့်မရဘူး
ဖြစ်နေတယ်...ကျွန်တော်လုပ်တာပဲမဟုတ်လို့လား...သိတဲ့သူများရှိရင်...
ပြောခဲ့နော်...."
၁၈။ ဒါကတော့ ကြေငြာချက်ဗျ..Facebook ကအသုံးပြုသူကိုယ်ရေးအချက်
အလက်တွေကို Hack နိုင်ရင် အကောင့်တစ်ခုအတွက် ဒေါ်လာ ၅၀၀
ချီးမြင့်မယ်တဲ့(ဒီကြေငြာချက်က နည်းနည်းတော့ပြောစရာ အဟက်ခံရတဲ့ အကောင့်တွေ တစ်နေ့၊တစ်နေ့ နည်းမှမနည်းတာ တကယ်သာပေးရမယ် ဆိုရင် ကျွန်တော်ပါသွားထုတ်လို့ရလောက်တယ် ငှိငှိ..:D)
" အဲ....ခုမှသတိရတယ် မင်းသမီးအကောင့်တွေ အဟက်ခံရတယ်လို့ ဟိုတစ်
လောကကြားတယ်...အဲဒါသွားထုတ်လိုက်အုန်း...ဒေါ်လာ ၅၀၀..အဆင်ပြေ
ရင်တစ်ဝက်ခွဲပေး..."
ကဲ....ဒါတွေကတော့ ဖွဘွတ်နဲ့သိမှတ်ရသလောက် ဝေငှထားတာပါ...
ဖတ်ရှုတဲ့သူတွေ ကျေနပ်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
လုပ်ငန်းခွင် စိတ်ဖိစီးမူကင်းဝေးပြီး ရယ်မောပျှော်ရွှင်နိုင်ပါစေလို့ ဆန္ဒပြု
လျက် ဗဟုသုတအနေနဲ့ သိပြီးသူကော၊မသိသေးတဲ့ သူအတွက်ပါ မျှဝေလိုက် ပါတယ်။
Credit to -- ခွန်နေ(AMMG)
ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့သူ
ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-
(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။
(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။
(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။
(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။
(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။
(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။
(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။
(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။
(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။
(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။
(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။
(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။
(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။
(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။
(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။
(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။
ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။
သူဘာလို့ ငါ့ထက်သာနေရတာလဲ ?
တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။
" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။
" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"
သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။
မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "
မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 
Credit-> Nyein Chan
သွားတိုက်ဆေးလေး အသုံးဝင်ပုံ
(အလှအပ အတွက်)
သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊
ရောင်ရမ်းမှုတွေကိုပါ သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။
(၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေး အသာတို့ ပြီး အိပ်လိုက်ပါ။
တညလုံး အိပ် စက်ပြီးနောက်နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။
(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ
့စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို
့သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊
လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ
သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။
(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့
ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။
ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ
့ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။
(ဆေးမြီးတို အတွက်)
သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊
အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက်
ဆောင်ထားပေးလိုက်ပါ။
(၄) အရေပြားကွဲရှနာအမျိုးမျိုး၊
ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့်
အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက်
သွားတိုက်ဆေးအုံထားနိုင်ပါတယ်။ သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊
ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။
(၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့်
ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား
တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊
နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ
သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ
မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။
(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့်
အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ်
စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့်
သွေးခဲများကိုချေပေးနိုင်ပါတယ်။
(ဖက်ရှင် အတွက်)
လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ
သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။
(၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊
သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး
ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို
့သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။
(ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )
(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့ 
ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။
(၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက
သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း
အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍
အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊
ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။
(လူသုံးကုန်းပစ္စည်း အတွက်)
ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန်
့စင်ပေးနိုင်ပါတယ်။
(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း
ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊
သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍
ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။
(၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။
ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး နောက်
ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ
အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့
လိုတယ်နော်)
(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ
့စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊
အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။
(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ
စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး
ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန်
့ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက်
ပေးလိုက်ရုံပါဘဲ။
(၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့
အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး
အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန်
နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။
(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ
့များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ
ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး
ရေလောင်းချပေးလိုက်ပါ။
 (မှီငြမ်း American Daily Health Tips on 10th Oct ’13)
သင့် ရှုးဖိနပ် အနံ့ထွက်နေသလား
လူအများစုဟာ ရှူးဖိနပ်စီးတဲ့ အခါ ခြေထောက်ရော ဖိနပ်ပါ အနံ့ဆိုးထွက် တတ်ပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်း တစ်ခုက တချို့လူတွေရဲ့ ခြေထောက်က ချွေးအလွန်အမင်း ထွက် တာကြောင့်ပါ။ လူအများစုဟာ လက်ဖ ဝါးနဲ့ ခြေဖဝါးချွေးထွက်များ တတ်ပါ တယ်။ ဒါကြောင့် ခြေဖဝါးရှိ ချွေးတွေကို ခြေအိတ်က စုပ်ယူလိုက်တာကြောင့် ခြေ အိတ်နဲ့ ထိနေတဲ့ ရှူးဖိနပ်မှာပါ ချွေးတွေ ကပ်ငြိပြီး အနံ့ဆိုးထွက်ရတာ ဖြစ်ပါ တယ်။ ခြေထောက် အနံ့ဆိုးထွက်ရတဲ့ ဒုတိယအကြောင်းရင်းက အနံ့ထွက်နေ တဲ့ ခြေအိတ်တွေကို ရေရှည်အသုံးပြုတာ ကြောင့်ပါ။ ခြေထောက် အနံ့ဆိုးထွက်ရတဲ့ တတိယ အကြောင်းရင်း ကတော့ ရှူးဖိနပ် ဟာ စိုစွတ်နေပြီး ခြောက်သွေ့အောင် မထားဘဲ ပြန်စီးမိတာကြောင့်ပါ။ ခြေ ထောက်နဲ့ ရှူးဖိနပ်တွေ အနံ့ဆိုးထွက်တဲ့ အခါ စိတ်အနှောင့် အယှက်ဖြစ်ရတာ ကြောင့် အနံ့ဆိုး မထွက်အောင် လုပ် ဆောင်နိုင်မယ့် နည်းတချို့ကို ရေးသား လိုက်ရပါတယ်။
- ခြေဆီ အထွက်များ တာကြောင့် အနံ့ ဆိုးထွက်နေရင် ရှူးဖိနပ်ကို ဆပ်ပြာနဲ့ သေချာဆေးကြော သန့်စင်ပြီး ခြောက် သွေ့အောင် ထားဖို့ အရေးကြီး ပါတယ်။ အဲဒီလိုမလုပ်ရင် ရှူးဖိနပ်ထဲမှာ ဘက်တီး ရီးယား ဒါမှမဟုတ် ဖန်းဂပ်စ်မှိုပေါက် ဖွားပြီး ခြေသည်းဝဲစွဲတာကို ဖြစ်စေနိုင် ပါတယ်။
- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို နေ ပူထဲမှာ လှန်းထားပေးပါ။ နေရောင်ခြည် နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် ဘက်တီး ရီးယားပိုးတွေကို သေစေနိုင်ပြီး အနံ့ဆိုး ကိုလည်း ပပျောက်စေပါတယ်။
- အနံ့ဆိုးထွက်နေတဲ့ ရှူးဖိနပ်ကို ဆော် ဒါမှုန့်နဲ့ အနံ့ကင်းအောင် လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့် (Sodium Bicarbonate) ကို ရှူးဖိနပ်ရဲ့ အတွင်းသားထဲ ဖြူးလိုက် ပါ။ ပြီးရင် တစ်ညလောက် ထားပြီး နောက်တစ်နေ့ မစီးခင်မှာ ဆော်ဒါမှုန့် တွေကို ခါချလိုက်ပါ။
- ရှူးဖိနပ်ကို ဖျန်းနိုင်တဲ့ အနံ့အသက် ပျောက်ဆေးတွေ ရှိပါတယ်။ ရှူးဖိနပ်ကို ချွတ်ပြီး အနံ့အသက်ပျောက်ဆေးဖျန်း ကာ တစ်ညထားလိုက်ပါ။
- အနံ့ထွက်နေတဲ့ ဖိနပ်ကို အနံ့ပျောက် သွားအောင် အယ်လ်ကိုဟော သုတ်ပေး ရမှာ ဖြစ်ပါတယ်။ အယ်လ်ကိုဟောက အနံ့ဆိုးတွေကို စုပ်ယူသွားနိုင်ပါတယ်။
- ခြေထောက်အနံ့ဆိုးမထွက်အောင် လုပ်သင့်တဲ့ နောက်တစ်နည်းက ခြေ အိတ်ကို နေ့စဉ်မှန်မှန်လဲပါ။ ခြေအိတ် အနံ့အသက် မကောင်းရင်လည်း ရှူးဖိ နပ်ကို အနံ့ဆိုးကပ်ငြိစေပါတယ်။
- ချွေးထွက်များတာကြောင့် ရှူးဖိနပ် အနံ့ဆိုးထွက်နေရင် ပေါင်ဒါမှုန့်ဖြူးပေး နိုင်ပါတယ်။
- လူအများစုအတွက် တင်းကျပ်တဲ့ သားရေရှူးဖိနပ်တွေက ချွေးအလွန်အ မင်းထွက်စေနိုင်ပါတယ်။ ဒါကြောင့် လေ ဝင်လေထွက်ကောင်းတဲ့ ရှူးဖိနပ်ကို ရွေး ချယစ်ီး သငပ့်ါတယ။
ကြယ်စင်
Good Health
USB အတွင်းရှိ အစိတ်အပိုင်းများ အကြောင်း
သတင်းအချက်အလက်တွေကို Memory stick တစ်ချောင်းထဲမှာ အားလုံး သိမ်းဆည်းနိုင်တယ်ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ အမှန်တော့ အချက်အလက်များကို
အတတ်နိုင်ဆုံး ရှုံပြီး Chip ထဲသွင်းလိုက်ခြင်း ဖြစ်ပါ တယ်။ USB memory key လို့ခေါ်ပါတယ်။ သူ့ဆီမှာ ပါဝင်တဲ့ ပစ္စည်းအစိတ်အပိုင်း အားလုံး အကြမ်းဖျင်းကတော့
အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 
1 USB Standard, Male A-plug
ကွန်ပြူတာက USB port ကိုထိုးမယ့်အပိုင်း ဖြစ်ပါတယ်။ Male လို့ခေါ်တဲ့ အကြောင်းကတော့ အလွယ်နည်းနဲ့ပြောရင် ထိုးရလို့ ဖြစ်ပါတယ်။ Motherboard တွေမှာ ပါတဲ့ အပေါက်ကတော့ Female plug ဖြစ်ပါတယ်။
2 USB mass storage controller device
သိုလှောင်သိမ်းဆည်းမှု အနည်း၊အများကို ထိန်းချုပ်ပေးမယ့် အီလက်ထရောနစ် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
3 Test points
 test point ကတော့ သူ့နာမည်အတိုင်း test လုပ်ပေးပါတယ်။ စီးဝင်တဲ့ လျှပ်စစ် ကြိမ်နှန်းအနည်းအများ ကို test လုပ်ပေးခြင်း၊ ပစ္စည်းချို့ ယွင်းချက် ဖြစ်ပေါ်လျှင် signal testing
ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ပါတယ်။
4 Flash memory chip
အဓိက သိုလောင်သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။ သိမ်းတယ်ဆိုလို့ ဘာတွေ သိမ်းတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ အမှန်တော့ အီလက်ထရောနစ် ဒေတာတွေကို အီလက်ထရောနစ် ဒေတာ အနေနဲ့ပဲ သိမ်းဆည်းလိုက်တာ ဖြစ်ပါတယ်။ ဥပမာ - ကွန်ပြူတာထဲက ပုံ၊သီချင်း တို့ဟာ အီလက်ထရောနစ် ဒေတာ ဖြစ်ပြီး ၎င်း ကို transfer လုပ်ပေးရုံသာ ဖြစ်ပါတယ်။ သီချင်းဆိုရင်တော့ amplifier တို့လို ကြားခံ device အသုံးပြုပြီး ပြန်ဖွင့်ရပါတယ်။ ဒါကတော့ မဆိုင်ပါဘူး။ ဒီမှာ သိရင် လုံလောက်တာပါ Flash memory chip ဆိုတာ အချက်အလက်တွေကို လျှပ်စစ် signal နဲ့ အနည်းနိုင်ဆုံး ဖြစ်အောင် ရှုံ့ ပြီး ထည့်ထား၊ သိမ်းဆည်း ပေးတာ ဖြစ်ပါတယ်။
5 Crystal oscillator
သူက အီလက်ထရောနစ် Signal ဖန်တီးပေးပါတယ်။ သူသာ ပျက်ရင် Memory ကီးက ဘာမှ လုပ်ဆောင်လို့ မရတော့ပါဘူး။ ရေဒီယိုတို့မှာဆိုရင် အသံဖမ်းမှန်အောင် ကြိမ်နှုန်းမှန်အောင် Crystal oscillator က လုပ်ဆောင်ပေးရတာမျိုး ဖြစ်ပါတယ်။
6 LED (Optional)
 LED မီးလုံးကတော့ ပါတဲ့ဟာလည်း ပါပြီး မပါတဲ့ဟာလည်း မပါပါဘူး။ အဓိက ကတော့ အသုံးပြုနေရင် မီးလင်းပြီး အချက်ပေးနေတာမျိုး ဖြစ်ပါတယ်။
7 Write-protect switch (Optional)
 Write protect ကတော့ Memory key ထဲကို ဝင်ရေးလို့မရအောင်၊ ဝင်သိမ်းဆည်းလို့မရအောင်၊ အတွင်းက အချက်အလက်များအား ပြောင်းလဲလို့ မရအောင် တားဆီးပေးပါတယ်။ ဒါလည်း ပါတဲ့ဟာက ပါပြီး မပါတဲ့ဟာ မပါပါဘူး။
8 Space for second flash memory chip
အကြမ်းအားဖြင့်ကတော့ memory သိမ်းဆည်းဖို့ နောက်ထပ် chip အပေါ်မှာ ထပ်ခွဲထားတဲ့ အခန်း တစ်ခုလိုပဲ ဖြစ်ပါတယ်။
Wednesday, November 27, 2013
Autorun ဆိုတာဘာလဲ ??????
Autorun ဆိုတာကတော့ လွယ်လွယ်ပြောရရင် Program တစ်ခုကို အလိုအလျောက်လုပ်ဆောင်နိုင်ရန် ရေးထားသော ဖိုင်တစ်ခုဖြစ်ပါတယ်။ဥပမာ A.exe ဆိုသော Program ကို USB
သို့မဟုတ် CD/DVD တို့မှ ကွန်ပျူ တာသို့ချိတ်ဆက်လိုက်သောအခါ ၄င်း Device များထဲမှ အသက်ဝင်စေချင်သော ဖိုင်များကို အကြမ်းဖျဉ်း ‘Open=A.exe” ဆိုပီး ရေးသည့်အတွက်
ကြောင့်ကွန်ပျူတာမှ Autorun Services ဖွင့်ထားသည့်အခါ အလိုအလျှောက်လုပ်ဆောင်နိုင်ပါတယ်။အဲဒီ Autorun ဖိုင်တွေထဲမှာမှ
 [autorun]
 icon=H41.ico
 label=H4RR15
 open=A.exe
 action=Click ok to run ptach update for windows
 shell\open\command=A.exe
 [OR]
 shell=start shell\start\command=path/A.exe
 shell\start=Run Application
 shell\read\command=notepad.exe files/readme.txt
 shell\read=open readme.txt
 စဖြင့် Shell command များဖြင့်တွဲရေးထားတာမျိုးတွေလည်းရှိပါတယ်။ဒီတော့ ဆိုလိုချင်တာက မည်သည့် Viurs မဆို သူတစ်ဦးတည်းတစ်ယောက်တည်း (ဗိုင်းရပ်စ) က ဘယ်လိုမှ မလုပ်ဆောင်နိုင်ပါဘူး…သူ့ကို (ဗိုင်းရပ်စ်) အသက်ဝင်ဖို့အတွက် ၄င်းဗိုင်းရပ်စ်ဖိုင်နဲ့၎င်း Autorun File နှစ်ခုကို တစ်တွဲတည်းထားမှ (ကွန်ပျူ တာအတွင်း Autoplay Policy မှာလည်း Autorun Serivces ပွင့်နေရမှာဖြစ်ပါတယ်။) USB/CD-DVD Devices များမှတဆင့် ကွန်ပျူတာကိုချိတ်ဆက်လိုက်သောအခါမှာအလိုအလျောက်လုပ်ဆောင်မှာဖြစ်ပါတယ်။အဆုံးသတ်ဆိုလိုရင်းကိုပြောရသော်ကွန်ပျူတာအသုံးပြုသူတိုင်း မိမိကွန်ပျူတာမှာ Group Policy Editor ထဲမှAutorun Services ကိုပိတ်ထားသင့်ပါတယ်။ ဒါမှလည်း သင့်စက်ထဲကို သင်ကိုယ်တိုင်က ဗိုင်းရပ်ကို Double Click မနှိပ်မချင်း သင့်စက်ထဲသို့ဗိုင်းရပ်ဝင်နိုင်ဖို့အခြေအနေက ၂၅% နှုန်းလောက်သာရှိပါမယ်။
ကွန်ပျူတာ ဗိုင်းရပ်စ် များအကြောင်း
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ် ဥပမာ.. chrome.exe, system.bat, flashy.com စသဖြင့်ပေါ့သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick (flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေစသဖြင့်ပေါ့…
Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲ့ဒီ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင်ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer Virus , Worms, Trojan Horses, Most Rootkits, Spyware, Dishonest Adware, Crimeware and Other Malicious and Unwanted Software တွေပါဝင်လေ့ရှိပါတယ်..
Worm
 Worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ ရပါတယ် သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ် အကြီးမားဆုံး အန္တရာယ်ကတော့ သူက သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို Not Responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ Worm ကတော့ Blaster worm ပါ.. Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..
Trojan Horse
 Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒီ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်..  ♦ Remote Access
♦ Data Destruction
♦ Downloader/dropper
♦ Server Trojan (Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
♦ Disable security software
♦ Denial-of-serviceattack(Dos)
Spyware
သူကတော့ သူခိုးပေါ့နော်.. သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ … Spyware ကိုကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့linkတွေကိုရှောင်တာကောင်းပါတယ်...
Adware
 Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...
Crimeware
 Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေး ကြတာများပါတယ်..သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်.. ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲ ဖြစ်ပါတယ်.. အထက်ပါ ComputerVirus အကြောင်းများကို စာဖတ်သူများ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
Quick Format နဲ့ Regular Format ကွားခြားပုံ
ကျွန်တော်တို့ Windows တင်တဲ့ အခါမှာ Format အတွက် ရွှေးချယ်ရတဲ့ Quick နှင့် Regular ဆိုပြီး ရှိပါတယ်။ Quick နှင့်တင်ရင်ဘယ်လိုဖြစ်မယ် Regular နဲ့တင်ရင်ဘယ်လို
ဖြစ်မယ်ဆိုတာကို သိပြီးတင်တာနဲ့ ဒီအတိုင်း တင်နေတာထပ်စားရင် အဓိပ္ပာယ်ပိုရှိမှာပါ။ ဒါကြောင့် အခုလို တင်ပြ ပေးလိုက်တာ ဖြစ်ပါတယ်။ကျွန်တော်တို့ Windows တင်တဲ့
အခါမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ကိုဘဲ ပါပါတော့တယ်။နောက်ပြီး no Changes လဲ
ပါမလာတာတွေ ရှိပါတယ်။ အဲဒါက အရေးမကြီးပါဘူး။ Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။
• Format the partition by using the NTFS file system (Quick)
• Format the partition by using the FAT file system (Quick)
• Format the partition by using the NTFS file system
• Format the partition by using the FAT file system
• Leave the current file system intact (no changes)
Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သာနဲ့ bad Sectors ကို Scan မလုပ်ဘဲကောင်း တဲ့နေရာမှာဘဲ တင်သွားခဲ့မည်ဆိုလျင် Drive က မပျက်စီးဘူးလို့
ထင်ပြီး Quick Format ဘဲ ရွေးချယ်သင့်သလား။ ကိုယ်တိုင်း စဉ်းစားပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေးမဲ့ bad Sectors တွေကို Scan မလုပ်တာ
ဖြစ်တဲ့အတွက်ကြောင့်မိမိ Drive မှာ Bad Sectors ရှိရဲ့သာနဲ့မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်းရှား နိုင်သလာ: ကိုယ်တိုင်စဉ်းစားပါ။
Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့အပိုင်းက Regular လို့ ခေါ်ပါတယ်။Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက
bad Sectors တွေကိုပါ Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
Device Manager အကြောင်း
Device Manager ဆိုတဲ့ အတိုင်း Device များကို ထိန်းသိမ်း ပြုပြင်ရာမှာအကောင်းဆုံး Tool ပါ အမှန်တကယ်သာ အသုံးချ တက်မယ်ဆိုရင် Device&Drive ဆိုင်ရာပြသာနာများကို
လွယ်ကူချောမော စွာဖြေရှင်းနိုင်ပါလိမ့်မယ် ..ကွန်ပျူတာအသုံးပြုနေကြသူတိုင်း “Device Error Messages “ များကို တစ်နည်းမဟုတ်တစ်နည်းတော့ တွေ့မြင်ဘူးကြမှာပါ ဒီလို Error
Messages လေးတွေပေါ်မှာအခြေခံပြီးတော့ Device ဆိုင်ရာ ပြဿနာများကို ဖြေရှင်း ထိန်းသိမ်း နည်းကိုဆွေးနွေးသွားပါမယ် ..
ပထမဆုံး အဆင့်ကတော့ Hardware တွေကို ထိန်းသိမ်းပြုပြင် ပေးမဲ့ နေရာလေးကို သွားကြရအောင် window logo key နဲ့ F1 ကို တွဲနှိပ်လိုက်ပါ Help and Support Center
ကျလာပါမယ် Fixing a problem ကိုက်ညီမဲ့ ဟာကို ရွေးချယ်ပြီး သူရဲ့ အစီအစဉ်လမ်းညွန်လေးတွေ အတိုင်း လုပ်ဆောင် သွားယုံပါပဲ “ Help and Support Center “ ရဲ့
အားသာချက်ကတော့ E book များလို ရှင်းပြရုံသာမကလိုအပ်တဲ့ tools တွေဆီကို တိုက်ရိုက် လင့်ခ် လုပ်ပေးထားလို့ အတော် လေးကို လွယ်ကူ အဆင်ပြေ ပါတယ်
Device တွေမှာ ပြဿနာ တစ်ခု ခု ရှိနေပြီဆိုရင် ကာလာ တစ်မျိုးမျိုး နဲ့ပြလေ့ ရှိပါတယ် လက်တွေ့စမ်းသပ်ကြည့်ရအောင် Device တွေရဲ့ ပင်မထိန်းချုပ်တဲ့ နေရာဖြစ်တဲ့
Device Manager ကို Run မှာ devmgmt.msc လို့ရိုက်ထည့်ပြီး ခေါ်ယူလိုက်ပါ အ၀ါရောင် Exclamationpoint လေးနဲ့ ပြသနေတာကတော့ Device မှာ ပြဿနာတစ်ခုခုရှိနေတယ်
အငြင်းပွားစရာလေးတွေ ရှိနေတယ် ဆိုတဲ့ သဘောပါ ...
အနီရောင် “X” နဲ့ပြသနေရင်တော့ သေချာပါတယ် Device ကို Disable လုပ်ထားလို့ပါ အပြာရောင် “ i “ လေးနဲ့ ပြနေတာကတော့ Device ရဲ့အစိတ်အပိုင်း ဖွဲ့စည်းပုံများကို
Change (or) Modify လုပ်ထားတဲ့ Information ပါ ဒီအပြာရောင် “i” လေးကတော့ တစ်ခုကို နှစ်ခုရွေးကြည့်နေ တဲ့ အခြေအနေမျိုးမှာ ပဲပေါ်ပါတယ် တစ်ခုကို နှစ်ခုကို
ကြည့်တယ်ဆိုတာကက View Menu လေးကို အသုံးပြုပြီးတော့ “Resource by type” or” Resoure by connection” ဆိုပြီး ကြည့်ရှုခြင်းမျိုးကိုဆိုလိုပါတယ်အတွေ့ရအများဆုံး
ကာလာဖြစ်တဲ့ အ၀ါရောင် “ ? “လေးနဲ့ Problem ပြနေရင်တော့ Device ကို double-click လိုက်ပါ Error mesaage နဲ့ ပြဿနာဖြစ်နေတဲ့ အခြေအနေကို ပြောပြနေပါလိမ့်မယ်
General tab\Troubleshoot ကို click လိုက်ပါ ကူညီပါရစေ( Help and support center)ကိုရောက်လာပါမယ် “ I’m having a problem with my …. ….” ဆိုတဲ့စာကြောင်းကို
Check ပေး ပြီး ရှာဖွေလိုက်ပါ လူတိုင်း အလွယ်တစ်ကူနားလည်နိုင်တဲ့ Instructions လေးတွေ ပေးပါလိမ့်မယ် Instructions များအတိုင်း Step by Step ပုံမှန်လုပ်ဆောင်သွား
မယ်ဆိုရင် အဆင်ပြေသွားပါပြီမေးခွန်းထဲမှာ အဖြေရှိဆို သလို Error Message များ ရဲ့ Information ကိုလိုက်ပြီး ဘယ်လို ပြုပြင်ထိန်းသိမ်း မှု့တွေ ပြုလုပ်နိုင် မလဲဆိုတာ ပါ
ဖြစ်ပေါ်တက်တဲ့ error codes,messages တွေနဲ့ ဖြေရှင်းနည်းတွေကို ကြည့်လိုက်ပါ....
1. “ This device is not configured correctly “
ဒီ မက်ဆေ့ကို တွေ့ရပြီး ဆိုရင်တော့ Drivers ကို Hard Update wizard ကို
 အသုံးပြုပြီး Update သာ လုပ်လိုက်ပါ(properties\drive\Update driver)
ဒါကနည်းလမ်း (၁) ပါ နည်းလမ်း(၂)ကတော့
Device ကို Remove လုပ်ပြီး ပြန် run ကြည့်ပါ
2. “The dvice loader(s) for this device could not load the device driver “
အမှတ်စဉ် (၁) မက်ဆေ့အတိုင်း ပါပဲ remove လုပ် ပြီးရင် install ပြန်လုပ် ဒါမှအဆင်မပြေရင် Update လုပ်ပါ
3.”The driver for this device might be corrupt or your system may be running low on memory or other resources”
My computer ကို right click လုပ် properties ဘာပြဿနာလဲဆိုတာ မြင်ရပါပြီ
RAM နည်းနေလို့ပါ RAM ပိုမို စိုက်လိုက်ခြင်းဖြင့် ဖြေရှင်းနိုင်ပါပြီ RAM
မစိုက်ချင်သေးဘူးဆိုရင်တော့ အပေါ်က အချက်တွေလိုပဲ Update\Remove\Add
ဒါမှမဟုတ် Troubleshotting wizard နဲ့ကြိုးစားကြည့် နိုင်ပါသေးတယ်
4.”This device is not working properly because one of its drivers may be bad ,or your Registry may be
 bad”
Update (or) Remove\Add နဲ့ဖြေရှင်းနိုင်ပါတယ်
5.”the driver for this device requested a resource that windows does not know how to handle”
Update\Remove\Add နဲ့ဖြေရှင်းနိုင် ပါတယ်
6. ”Another device is using the resources this device needs”
Properties ကို Click လိုက်ပါ
7.”The drivers for this device need to be reinstalled”
ဒါကတော့ ရှင်းပါတယ် Reinstall လုပ်လိုက်ပါ
8. ”Code 8 has many error messages associated with it”
Update \ Remove\Add
 9.”Code 9 has several error messages associated with it”
Remove\Add လုပ်ဖို့ ကြိုးစားကြည့်ပါ အဲဒါတွေ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်
Registry setting မှာသွားပြင်ရပါမယ် သင့်ရဲ့ BIOS ကိုလဲ Update လုပ်ဖို့လိုအပ်နေပါပြီ
10.”The device either is not persent ,is not working properly,or does
 not have allthe drivers installed.This code may also have a
 manufacturer-specific error message associated with it,depending on the
 device.”
ကွန်ပျုတာကို သေချာ ချိတ်ဆက်ထားခြင်းမရှိုလို့ပါ physically ပိုင်းကို သေချာ
 ပြန်လည် ချိတ်ဆက်လိုက်ပါ
11.”This device cannot find enough free resources that it can use .”
ဒီနေရာမှာ type ဆိုတာက resourse type ကိုပြောတာပါ (ဥပမာ- IRQ,DMA,Memory,or I/O)
ဒီပြဿနာကိုတော့ Troubleshoot ကို click ပြီး troubleshooting wizard ကို Run ခြင်းအားဖြင့်ဖြေရှင်းပါ
12.”This device either ie not present,is not working properly or does not have all the drivers installed.”
Detect hardware ကို click ပါ ၊ အဆင်မပြေသေးဘူးဆိုရင် Remove\Addလုပ်ဖြင်အားဖြင့်ကြိုးစားနိုင်ပါသေးတယ်
13.”This device cannot work properly until you restart your computer”
ကွန်ပျူတာကို Restart ချလိုက်ပါ
14.” This device is causing a resource conflict.”
Troubleshoot ကို click ပြီး troubleshooting wizard ကို Run လိုက်ပါ
15.” Windows cannot identify all the resources this device uses.”
Resourse tab ကို click ပါ Settings အောက် က detailed လေးတွေကို ကြည့်ပြီး
 ဖြေရှင်းပါ
16. “The driver information file is telling this child device to use a
 resource that the parent device does not have or recognize.”
ဒီနေရာမှာ name ဆိုတာကတော့ device ရဲ့ .inf file ကိုဆိုလိုတာဖြစ်ပါတယ်
Update drivers\Remove\Add တို့နဲ့ ဖြေရှင်းနိုင်ပါတယ်
17.” Reinstall the drivers for this device.”
Click reinstall driver.
 18.”Your Registry may be bad”
Click check Registry
 19.”windows could not load one of the drivers for this device”
Click update drivers
 20.”Windows is removing this device”
အချိန်တော်တော်ကြာအောင် စောင့်လိုက်ပါဦး ပြီးရင် Device manager ကို refresh လုပ်လိုက်ပါ
Device လေးပေါ်လာပြီဆိုရင်တော့ ကွန်ပျုတာကို Restart လုပ်လိုက်ပါ
21.”The device is disabled”
Click Enable Device
 22.”The device is disabled”
Click Start Device
 23.”Several error messages may appear with Code 23.”
Properties\update driver လုပ်လိုက်ပါ ပေါ်လာတဲ့ button
အပေါ်မှာမူတည်ပြီး လုပ်ဆောင်မှု့အဆင့် ကွဲပြားနိုင်ပါတယ်
24.” This device is not present, is not working properly, or does not have all its drivers installed.”
Detect hardware ကို click ပါ ပေါ်လာတဲ့ button အခြေအနေပေါ်မှာ မူတည်ပြီး လုပ်ဆောင်သွားရမှာပါ
25.” Windows is in the process of setting up this device.”
ကွန်ပျူတာကို Restart ပေးလိုက်ပါ
26.” Windows can't specify the resources for this device.”
Device Manager ကို အသုံးပြုပြီး Remove လုပ်လိုက်ပါ control panel မှ Add new Hard wizard နဲ့ ပြန် run လိုက်ပါ
 ဒီအဆင့်လုပ်ဆောင် ပြီးတဲ့ အချိန်ထိ ကောင်းကောင်း အလုပ်မလုပ်သေးဘူးဆိုရင် Update လုပ်လိုက်ပါ
27.” The drivers for this device are not installed.”
Reinstall drivers ကို click ပါ
28.” This device is disabled because the firmware for the device did not give it the required resources.”
BIOS မှာ စစ်ဆေးကြည့်လိုက်ပါ၊နောက်တစ်နည်းကတော့ CMOS seetings မှာ သွားပြီး
Device ကို Enable ပေးလိုက်ပါ
29.” This device is using an Interrupt Request (IRQ) resource that is
 in use by another device and cannot be shared. You must change the
 conflicting setting or remove the real-mode driver causing the
 conflict.”
Device Manager ကို ဖွင့်လိုက်ပါ IRQ တစ်ခုထဲမှာ ပဲနောက်ထပ် device
တစ်ခုသုံးထားသလားဆိုတာကို စစ်ဆေးကြည့်ပါ ဟုတ်တယ်ဆိုရင်တော့ Device ကို
Disable ပေးလိုက်ပါ တကယ်လို့များ IRQ မှာ နောက်ထပ် device
တစ်ခုသုံးထားတာကို မတွေ့ဘူးဆိုရင် Config.sys (or) Autoexex.bat မှာ
drivers ကိုရှာပြီးတော့ disable ပေးလိုက်ပါ
30.” This device is not working properly because Windows cannot load the drivers required for this device.”
Properties ကို click ပါ ဒါကိုတောင် click လို့မရဘူးဆိုရင်တော့ Remove\Add လုပ်ပါ
 ပြန်စမ်းကြည့်လိုက်ပါဦး ဒါမှ အဆင်မပြေသေးဘူး ဆိုရင်တော့ Update သာလုပလိုက်ပါတော့
31.” Windows cannot install the drivers for this device because it
 cannot access the drive or network location that has the setup files on
 it.”
Restart ချ လိုက်ပါ..
32.” Windows cannot determine which resources are required for this device.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေသေးဘူးဆိုရင်တော့ Device change ရတော့မှာပါ
33.” Windows cannot determine the settings for this device. Consult the
 documentation that came with this device and use the Resource tab to
 set the configuration.”
Hardware settings ကို change လိုက်ပါ ပြီးရင် Resources tab ကိုသွားပြီး
Configure လုပ်လိုက်ပါ
34.” Your computer's system firmware does not include enough
 information to configure and use this device properly. To use this
 device, contact your computer manufacturer to obtain a firmware or BIOS
 update.”
Troubleshooting wizard နဲ့ကြိုးစားကြည့်လိုက်ပါ အဆင်မပြေဘူးဆိုရင်တော့
BIOS ကို update ဒါမှမဟုတ် BIOS အသစ်လဲရပါတော့မယ်
35.” This device is requesting a PCI interrupt but is configured for an
 ISA interrupt (or vice versa). Please use the computer's system setup
 program to reconfigure the interrupt for this device.”
သင့်ရဲ့ BIOS မှာ IRQ settings ကိုဘယ်လိုပြန်လည်စီစဉ် ထားသလဲဆိုတာစစ်ဆေးကြည့်ပါ ပြီးရင် Troubleshoot !!!
 36.” Windows cannot initialize the device driver for this hardware.”
ကွန်ပျူတာကို restart အရင်ပေးလိုက်ပါ …ပြီးရင်တော့ Troubleshoot!!
 37.” Windows cannot load the device driver for this hardware because a
 previous instance of the device driver is still in memory.”
Driver ကို Uninstall လုပ်.. ပြီးရင် Reinstall ,Trobleshooting!!!!!!!!
 38.” Windows cannot access this hardware because its service key
 information in the registry is missing or recorded incorrectly.”
အမှတ်စဉ် 37 အတိုင်းလုပ်ဆောင်ရပါမယ်
39.” Windows successfully loaded the device driver for this hardware but cannot find the hardware device.”
Driver ကို Uninstall, Reinstall လုပ်လိုက်ပါ ပြီးရင် Troubleshoot!!!
တကယ်လို့ device က non-plug-and-play ဖြစ်နေမယ်ဆိုရင်
 အောက်ပါအတိုင်းလုပ်ဆောင် ပေးရပါဦးမယ်
Control Panel\Performance and Maintenance\System\Hardware\Add Hardware Wizard
 40.” Windows cannot load the device driver for this hardware because there is a duplicate device already running in the system.”
Restart ပေးလိုက်ပါ ,window ပြန်တက်လာတာနဲ့ Device Manager\General tab\Troubleshoot!!!!!!
 41.” Windows has stopped this device because it has reported problems.”
Hardware documentation ကို စစ်ဆေးကြည့်ပါ….ပြီးရင် Troubleshoot!!!!
 42.” An application or service has shut down this hardware device.”
Restart လုပ်ပါ ..ပြီးရင် Troubleshoot!!!!!!!!
 43.” Windows cannot gain access to this hardware device because the operating system is in the process of shutting down.”
ဘာမှ ပြုပြင်ပြောင်းလဲ စရာမလိုအပ်ပါဘူး….computer ကို ဖွင့်လိုက်တာနဲ့ ပုံမှန်အလုပ် လုပ်သွားမှာပါ
44.” Windows cannot use this hardware device because it has been
 prepared for "safe removal" but it has not been removed from the
 computer.”
Device ကို ဖြုတ်ပြီး ပြန်တပ်လိုက်ပါ..
45.” The software for this device has been blocked from starting
 because it is known to have problems with Windows. Contact the hardware
 vendor for a new driver.”
Driver update (or) New လိုအပ်နေပါတယ်
အားလုံး အဆင်ပြေချောမွေ့ကြပါစေ
File Format အမျိုးအစားများ အကြောင်း
ကွန်ပြူတာတွေမှာ ပရိုဂရမ်တစ်ခုခုကို ဖွင့်ဖို့အတွက် Application Layer မှာ Format တစ်ခုခုကို သုံးရပါတယ်။ Format အလိုက် ပါဝင်တဲ့ ဂုဏ်သတ္တိချင်း လည်း မတူပါဘူး။
Format ခွဲရတဲ့ရည်ရွယ်ချက်ကလည်းမတူကွဲပြားတဲ့ သတင်းအချက် အလက် တွေကို အလွယ်ကူဆုံးနည်းလမ်းနဲ့ ကြည့်ရှုလို့ ရနိုင် ဖို့ ဖြစ်ပါတယ်။ ဥပမာ Text file တွေက Doc file တွေလောက် UI မစုံပါဘူး။ ဥပမာ Graphic /Color ပါဝင်တဲ့ အချက်အလက်တွေ ထည့်သွင်းလို့ မရတာ မျိုး ဖြစ်ပါတယ်။ text လို့ခေါ်တဲ့ စာတွေချည်း သီးသန့် သိမ်းဆည်း တာပါ။
ဒီလိုပါပဲ သူ့အမျိုးအစားအလိုက် ကွဲပြားပါတယ်။ အလွယ်ဆုံးဆုံး ဖွင့်လို့ ရအောင်၊ ပို့လို့ရအောင်၊ အသေးငယ်ဆုံးဖြစ်အောင်၊ ကြီးမားအောင် အစရှိ သဖြင့် ရည်ရွယ်ချက်ပေါင်းများစွာနဲ့ Format မျိုးစုံ ပြုလုပ်ကြပါတယ်။ဒီတော့ လူသုံးများတဲ့ File format အမျိုးအစားပေါင်း မြောက်များစွာကို တစ်စုတစ်စည်းတည်း ရှာဖွေ မျှဝေ ပေးလိုက်ရပါတယ်။
1. TEXT FILES FORMATS:-
.txt Plain Text File
.doc Microsoft Word Document
.docx Microsoft Word Open XML Document
.msg Outlook Mail Message
.wps Microsoft Word Processor Document
.tex LaTex Source Document
.rtf Rich Text File
.log Log File
.pages Pages Document
.odt Open Document Text Document
.wpd Word Perfect Document
2. AUDIO FILES FORMAT:-
.wma Windows Media Audio File
.wav WAVE Audio File
.mid MIDI File
.mp3 MP3 Audio File
.mpa MPEG-2 Audio File
.m4a MPEG-4 Audio File
.m3u Media Playlist File
.iff Interchange File Format
.aif Audio Interchange File Format
.ra Real Audio File
3. VIDEO FILES FORMAT:-
.3gp 3GPP Multimedia File
.3g2 3GPP2 Multimedia File
.wmv Windows Media Video File
.swf Shockwave Flash Movie
.srt SubRip Subtitle File
.rm Real Media File
.mov Apple QuickTime Movie
.mp4 MPEG-4 Video File
.mpg MPEG Video File
.flv Flash Video File
.avi Audio Video Interleave File
.asf Advanced System File
.asx Microsoft ASF Redirector File
.vob DVD Video Object File
4. IMAGE FILES FORMAT:-
.bmp Bitmap File
.dds DirectDraw Surface
.dng Digital negative Image File
.gif Graphical Interchange File Format
.jpg JPEG Image
.png Portable Network Graphic
.psd Adobe Photoshop Document
.pspimage PaintShop Pro Image
.tga Targa Graphics
.thm Thumbnail Image File
.tif Tagged Image File
.yuv YUV Encoded Image File
5. 3-D IMAGE FILES FORMAT:-
.3dm Rhino 3D Model
.3ds 3D Studio Scene
.max 3ds Max Scene File
.obj WaveFront 3D Object File
6. EXECUTABLE FILES FORMAT:-
.apk Android Package File
.app Mac OS X Application
.bat DOS Batch File
.cgi Common Gateway Interface Script
.com DOS Command File
.exe Windows Executable File
.gadget Window Gadget
.jar Java Archive File
.pif Program Information File
.vb VBScript File
.wsf Windows Script File
7. WEB FILE FORMAT:-
.asp Active Server Pages
.aspx Active Server Pages Extended
.cer Internet security File
.cfm ColdFusion Markup File
.csr Certificate Signing Request File
.css Cascading Style Sheet
.html HyperText Markup Language
.js JavaScript File
.jsp Java Server Pages
.php PHP source Code File
.rss Rich Site Summary
.xhtml Extended HyperText Markup Language
8. COMPRESSED FILE FORMAT:-
.7z 7-zip Compressed File
.cbr Comic Book RAR Archive
.deb Debian Software Package
.gz Gnu Zipped Archive
.pkg Mac OS X Installer Package
.rar WinRAR Compressed Archive
.rpm Red Hat Package Manager File
.sit Stufflt Archive
.sitx Stufflt X Archieve
.tar.gz Compressed Tarball File
.zip Zipped File
.zipx Extended Zipped File
Tuesday, November 26, 2013
Facebook logout remote from other Computer or Phone
Telnet ဆိုတာ
Telnet တဲ့ …. သူက Port 23 နဲ့သွားပါတယ်… Port ဆိုလို့တော့ မရှိန်သွားကြပါနဲ့ဗျာ… ကျွန်တော်ကိုယ်တိုင်လဲ Port တွေအကြောင်းကောင်းကောင်းကြီးမသိပါဘူးဗျ :) …
… အဲဒီတော့ Telnet ဆိုတာပြောရမယ်ဆိုရင်တော့ Ethical Hacking တစ်မျိုးလို့ပဲပြောရမှာပေါ့… Target Computer တစ်လုံး ရှိ ရပါမယ်.. Network တစ်ခုထဲဖြစ်ရမယ်ပေါ့… သူ့ရဲ့ IP, User Name, Password တို့သိရပါမယ်… Telnet Command ကို အသုံးပြုမယ့် Computer ကော Target Computer ကော Telnet Service ပွင့်နေဖို့လဲလိုပါမယ်ဗျ… Window XP ဆိုရင် အလိုအလျောက်ပွင့်နေပြီးသားဖြစ်ပေမယ့် Window 7 မှာဆိုရင်တော့ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်… Control Pannel > Program and Features ကိုသွားပါ Run ထဲမှာ appwiz.cpl လို့ရိုက်ထည့်လဲ Program and Features ပွင့်ပါတယ်ဗျ… Turn Windows Features on or off ကို ဖွင့်လိုက်ပါ… Window Features ဆိုတဲ့ Window လေးပွင့်လာပါမယ်… အဲဒီမှာ အောက်ဘက်နားမှာ Telnet Client နဲ့ Telnet Server ဆိုတဲ့ Check Box နှစ်ခုကို Check လုပ်ပြီး OK နှိပ်လိုက်ရင် Telnet ကို Install လုပ်သွားပါလိမ့်မယ်… ပြီးရင်တော့ services.msc မှာ Telnet Service ကို Automatic Start လုပ်ပေးပါ… ဒါဆို Telnet ကိုသုံးလို့ရပြီပေါ့..
အသုံးများတဲ့ပုံစံကတော့ CMD မှာ —
telnet 192.168.147.1 23
အဲလိုလေးရိုက်လိုက်ပါ IP ကတော့ Target IP ပေါ့ 23 ကတော့ Space ခြားပြီး မပါမဖြစ်ပါရမှာပါဗျ Port No ကို ညွှန်းတာမို့ပါ… ပြီးရင်… အောက်ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်…
y – နှိပ်ပြီး Enter နှိပ်လိုက်ရင် User Name & Password တစ်ဆင့်ချင်းစီ တောင်းပါလိမ့်မယ်.. ထည့်ပြီးရင်တော့ :) တစ်ခုရှိတာက ကိုယ်ထည့်တဲ့ User က Administrator Group ထဲမှ ဖြစ်ရပါမယ်ဗျ…
*========================
Microsoft Telnet Server
*========================
C:\User\Administrator>
အဲလိုပေါ်လာရင်တော့ Target Command Line ထဲကို ရောက်သွားပါပြီ လုပ်ချင်သလိုလုပ်နိုင်ပါတယ် ကိုယ့်စိတ်ပေါ်မှာပဲမူတည်ပါတယ်ဗျာ …တစ်ခြား Port No တွေလဲ ထည့်သုံးလို့ရပါတယ်… အဲဒီ Telnet နဲ့ပဲ Anonymous Email တွေပို့လို့ရပါသေးတယ်ဗျ… အဲဒါတွေလဲ ဆက်တင်ပေးဖို့ ရှိပါတယ်…
ကျွန်တော်ကတော့ Knowledge Sharing အနေနဲ့ Post တင်ပေးတာဖြစ်တဲ့အတွက် ဘာကိုမှမရည်ရွယ်ပါဘူး
Monday, November 25, 2013
ကိုယ်သူငယ်ချင်းတွေရဲ့ gallery တို့valutတို့ကျော်မယ်ခွမယ်
ဒီနည်းလေးကတော့အလွယ်လေးပါ။သိတဲ့ဆြာတွေအတွက်တော့ကလေးအထာလေးးတွေပေါ့။ကဲစလိုက်ကြရအောင်
settting ထဲကိုသွားလိုက်ပြီးရင်manage applications ထဲသွားပြီးတော့all tabကိုသွားလိုက်ပါlockချထားတဲ့app ကိုရှာပြီးclear dataလုပ်လိုက်ပါ။ပြီးရင်ရပါပြီapp lock ကdefalut passwordဖြစ်သွားပါပြီကဲအဆင်ပြေပါစေဗျာ။
Facebook ကိုလွမ်းမိုးခဲ့သူ - Chris Putnam
Facebook Comment Box ထဲမှာ :putnam: : putnam : လို့ ရိုက်လိုက်ရင် ထွက်လာတဲ့ ခေါင်းပုံကို ကျနော်ဆိုရင် အစက ဂျက်စတင်ဘီဘာခေါင်း လို့တောင် အနီးစပ်ဆုံး လျှောက်ထင် လိုက်ပါသေး တယ်။ သို့ပေမယ့် အဲဒါ မှားပါတယ်။ အဲ့ဒီ Emotion icon ပိုင်ရှင်က Chris Putnam လို့အမည်ရတဲ့ လူငယ်လေး ဖြစ်ပါတယ်။
Georghia Southern University မှာ တက္ကသိုလ်တက်နေစဉ် ၂၀၀၅ ခုနှစ်က Faceboook ကို ဟက်ခဲ့ပါတယ်။ အကောင့်ပေါင်း ၁ ထောင်ကျော်ရဲ့  Profile page ကို Myspace Social Network က ပုံစံ ဖြစ်အောင် ပြောင်း လဲခဲ့ပြီး Contat Detail အချို့ ကိုတောင် ဖျက်ခဲ့ပါသေးတယ်။ Cross-site scripting ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကို Facebook က ထောက်လှမ်းမိခဲ့ပြီး Co-founder ဖြစ်သူ Dustin Moskovitz က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ အလုပ်လုပ်ဖို့အတွက် အကမ်းလှမ်းခံရပြီး Facebook security နဲ့ Developing Team မှာ ထူးချွန်တဲ့ Engineer တစ်ယောက် ဖြစ်ခဲ့ ပါတယ်။
Facebook မှာ Photo Album တင်တာနဲ့ ဗီဒီယိုတင်တာတွေကို Chrit Putnam ဦးဆောင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကုမ္မဏီမှာ စုစုပေါင်း ၄ နှစ်ပဲ လုပ်ကိုင်ခဲ့သူပါ။ သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ကုမ္မဏီမှ ထွက်ခွာ ခဲ့ပါတယ်။ သူထွက်ပြီးနောက် Facebook chat, Comment မှာ :putnam: လို့ ရိုက်ရင် Chris Putnam ရဲ့  ခေါင်းပုံစံပေါ်စေဖို့ Facebook က အမှတ်တရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
Ref:wiki
အောင်ခမ်း ( TSJ Team )
Sunday, November 24, 2013
ဇာဂနာနှင့် တရားရုံးဟာသများ ( ဖြစ်ရပ်မှန်)
ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ
ဇာဂနာ – ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး – နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ – မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။
ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု
ဇာဂနာ – ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ – ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး … အုံး… မှာ…။
ဆွဲချနဲ့ အီးမေးပြဿနာ
အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
တစ်မှု့ တည်းနဲ့ ကြီးပါတယ်
နိုင်ငံကျော် လူရွှင်တော် ဇာဂနာအား အင်းစိန်ထောင်မှ ထောင်ဝင်းအတွင်းရှိ တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်အကြည်ညို ပျက်စေမှု အပါအ၀င် အမှုပေါင်း ၇မှုနဲ့ 
တရားစွဲဆို ပါမယ်။ မောင်မင်းဘာပြောစရာ ရှိပါသလည်း။
ဇာဂနာ။ ။ မရှိပါဘူး။
တရားသူကြီး။ ။ ဒါဆိုရင် နောက်လာမယ့် အပတ်မှာ စွဲဆိုထားတဲ့ အမှု ၇ မှုကို စတင်စစ်ဆေးပါမယ်။
နောက်တပတ်ကြာသော ဇာဂနာအား တရားရုံးသို့ ရောက်ရှိခဲ့ပါသည်။
တရားသူကြီး။ ။ မောင်မင်းကို နိုင်ငံတော်က အကြည်ညိုပျက်စေမှု အပါအ၀င် အမှုပေါင်း ၁၄ မှုနဲ တရားစွဲဆို ပါမယ်မောင်မင်း ဘာပြောချင်ပါသလဲ။
ဇာဂနာ။ ။ အရင်အပတ်က ၇မှုကနေ အခု ၁၄မှု ဘာဖြစ်လို့ ဖြစ်သွားရပါသလည်း။
တရားသူကြီး။ ။ ထပ်တိုးတဲ့မူအရ ……….အဲ မဟုတ်ပါဘူး။ နောက်တိုး ပုဒ်မများအရ စွဲဆိုရခြင်းဖြစ်ပါတယ်။ ထုချေလွှာ တင်သွင်းနိုင်ပါတယ်။
ဇာဂနာ။ ။ လူကြီးတွေကိုပြောလိုက်ပါ။ အမှုတွေအများကြီး စဉ်းစားစရာမလိုပါဘူး။ တစ်မှုတည်းနဲ့ ဘဲ သေဒဏ်ချမှတ်လို့ ရပါတယ်လို့ ။
ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား
ဇာဂနာ – အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန – ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။
Saturday, November 23, 2013
ယနေ့သည် အားကစားရွာဖွင့်ပွဲနေ့ဖြစ်သည်။
ယနေ့သည် အားကစားရွာဖွင့်ပွဲနေ့ဖြစ်သည်။
  ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားရောက်ရှိရန်
  ရက်ပေါင်း (၁၆)ရက်သာလိုပါတော့သည်။
 27th Sea Games, Myanmar 2013
Tuesday, November 19, 2013
ClockWorkMod (CWM) recovery အကြောင်း
ClockWorkMod (CWM) recovery ဆိုတာကတော့ Custom recovery တစ်မျိုးပါ။ သူက Stock Recovery ထက် လုပ်ဆောင်ချက်မြင့်မားတဲ့ Recovery အမျိုးအစားပါ။ Recovery တွေကိုတော့ပုံမှန် မမြင်ရနိုင်ပါဘူး။ ဖုန်းအမျိုးအစားပေါ်မူတည်၍ သီးသန့်  ခလုတ်များ နှိပ်ပေးရပါမှတက်လာတာပါ။ Stock recovery ကတော့ Factory reset နှင့် Update.zip ကို အသုံးပြုဖို့ လောက်ပဲအသုံးဝင်ပါတယ်။ CWM ကတော့ Stock Recovery မလုပ်ဆောင်နိုင်သော Restoration,Installation စတာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Back Up option ဆိုရင်လဲ ဖုန်းရဲ့ Stock Rom တစ်ခုလုံးကို Back up လုပ်နိုင်ပါတယ်။ထိုကဲ့သို့  Rom တစ်ခုလုံးကို Back up လုပ်ခြင်းဖြင့် ဖုန်း Settings,Games,Apps etc..
တွေကို သိမ်းဆည်းထားနိုင်ပါတယ်၊ CWM သွင်းထားခြင်း ဖြင့် Custom rom များကိုလည်း အလွယ်တစ်ကူ Install လုပ်နိုင်ပါတယ်။
1. Reboot System now
2.  Apply update from SD card
3.  Wipe data/Factory reset
4.  Wipe cache partition
5.  install zip from SD card ◦ apply/ SD card / update.zip
◦ choose zip from SD card
◦ toggle signature verification
◦ toggle script asserts
◦ +++Go Back+++
6.  Back and Restore ◦ Back up
◦ Restore
◦ Advanced Restore
7.  Mount and Storage ◦ Mount /unmount/system/data/cache/sdcard or sd-ext
◦ format boot /system/data/cache/sdcard or sd-ext
◦ mount USB
8.  Advanced  ◦Reboot recovery
◦ Wipe dalvik cache
◦ Wipe battery stats
◦ Report Error
◦ Key Test
◦ Partition SD card
◦ Fix permisions