Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, November 26, 2013

Telnet ဆိုတာ

Telnet တဲ့ …. သူက Port 23 နဲ့သွားပါတယ်… Port ဆိုလို့တော့ မရှိန်သွားကြပါနဲ့ဗျာ… ကျွန်တော်ကိုယ်တိုင်လဲ Port တွေအကြောင်းကောင်းကောင်းကြီးမသိပါဘူးဗျ :)
… အဲဒီတော့ Telnet ဆိုတာပြောရမယ်ဆိုရင်တော့ Ethical Hacking တစ်မျိုးလို့ပဲပြောရမှာပေါ့… Target Computer တစ်လုံး ရှိ ရပါမယ်.. Network တစ်ခုထဲဖြစ်ရမယ်ပေါ့… သူ့ရဲ့ IP, User Name, Password တို့သိရပါမယ်… Telnet Command ကို အသုံးပြုမယ့် Computer ကော Target Computer ကော Telnet Service ပွင့်နေဖို့လဲလိုပါမယ်ဗျ… Window XP ဆိုရင် အလိုအလျောက်ပွင့်နေပြီးသားဖြစ်ပေမယ့် Window 7 မှာဆိုရင်တော့ သွားဖွင့်ပေးဖို့လိုပါလိမ့်မယ်… Control Pannel > Program and Features ကိုသွားပါ Run ထဲမှာ appwiz.cpl လို့ရိုက်ထည့်လဲ Program and Features ပွင့်ပါတယ်ဗျ… Turn Windows Features on or off ကို ဖွင့်လိုက်ပါ… Window Features ဆိုတဲ့ Window လေးပွင့်လာပါမယ်… အဲဒီမှာ အောက်ဘက်နားမှာ Telnet Client နဲ့ Telnet Server ဆိုတဲ့ Check Box နှစ်ခုကို Check လုပ်ပြီး OK နှိပ်လိုက်ရင် Telnet ကို Install လုပ်သွားပါလိမ့်မယ်… ပြီးရင်တော့ services.msc မှာ Telnet Service ကို Automatic Start လုပ်ပေးပါ… ဒါဆို Telnet ကိုသုံးလို့ရပြီပေါ့..
အသုံးများတဲ့ပုံစံကတော့ CMD မှာ —
telnet 192.168.147.1 23
အဲလိုလေးရိုက်လိုက်ပါ IP ကတော့ Target IP ပေါ့ 23 ကတော့ Space ခြားပြီး မပါမဖြစ်ပါရမှာပါဗျ Port No ကို ညွှန်းတာမို့ပါ… ပြီးရင်… အောက်ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်…
y – နှိပ်ပြီး Enter နှိပ်လိုက်ရင် User Name & Password တစ်ဆင့်ချင်းစီ တောင်းပါလိမ့်မယ်.. ထည့်ပြီးရင်တော့ :) တစ်ခုရှိတာက ကိုယ်ထည့်တဲ့ User က Administrator Group ထဲမှ ဖြစ်ရပါမယ်ဗျ…
*========================
Microsoft Telnet Server
*========================
C:\User\Administrator>
အဲလိုပေါ်လာရင်တော့ Target Command Line ထဲကို ရောက်သွားပါပြီ လုပ်ချင်သလိုလုပ်နိုင်ပါတယ် ကိုယ့်စိတ်ပေါ်မှာပဲမူတည်ပါတယ်ဗျာ …တစ်ခြား Port No တွေလဲ ထည့်သုံးလို့ရပါတယ်… အဲဒီ Telnet နဲ့ပဲ Anonymous Email တွေပို့လို့ရပါသေးတယ်ဗျ… အဲဒါတွေလဲ ဆက်တင်ပေးဖို့ ရှိပါတယ်…
ကျွန်တော်ကတော့ Knowledge Sharing အနေနဲ့ Post တင်ပေးတာဖြစ်တဲ့အတွက် ဘာကိုမှမရည်ရွယ်ပါဘူး

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment