Subscribe For Free Updates!
We'll not spam mate! We promise.
Wednesday, November 27, 2013
သစ္စာရှိသောမြင်း
တခါက ရည်းစားနှင့် ချိန်းတွေ့ ရန် လူငယ်တစ်ယောက်သည် လူကဲ့သို့စကားပြောဆိုနားလည်သော
မြင်းတစ်ကောင်ကိုစီးကာ ရည်းစားဖြစ်သူ အမျိုးသမီး၏ နေအိမ်သို့ သွားလေသည်။
ထိုအမျိုးသမီး သည် ငါးထပ်တိုက်တစ်တိုက် ပေါ်တွင်နေထိုင်သူဖြစ်၏။
လူငယ်လည်း ငါးထပ်တိုက်ပေါ်မတက်ခင် မြင်းအားသေချာမှာလေသည်။
" ဟေ့..ဟိုက..ငါးထပ်တိုက်ကိုတွေ့တယ်မဟုတ်လား။အဲဒီမှာ ၀ရန်တာပါတဲ့ အခန်းကိုသေချာကြည့်နေ။
 သူ့အဖေ ပြန်လာရင် အဲဒီ ငါးထပ် ၀ရန်တာကနေ ငါခုန်ဆင်းလာခဲ့မယ်။
 ပြီးရင် ငါတို့ ဒုန်းဆိုင် လစ်ကြမယ်..ဟေ့...အိုကေနော်..."....လို့ မှာကြားလေ၏။
 မြင်းမှလည်း တချက်ဟီကာ" စိတ်ချပါသခင်...သခင့်ကို ကာကွယ်ဖို့အသင့်ပါ..."...ဟု ပြောလေ၏။
ထို့နောက် လူငယ်လည်း သူ၏ ရည်းစားရှိရာ ငါးထပ်တိုက်ပေါ်သို့ လျင်မြန်စွာ တက်သွားလေသည်။
နာရီ အနည်းငယ်ကြာသော်....ငါးထပ်တိုက် အခန်းတွင်းရှိ လူခေါ်ခေါင်းလောင်းသံမြည်လာလေသည်။
လူငယ်လည်း သူ့ယောက်ခမ ခေါင်းလောင်းသံကြောင့်အလျင်အမြန် ငါးထပ်တိုက် ၀ရန်တာသို့..ထွက်
ကာ တိုက် အောက်ကို ခုန်ချလိုက်၏။
ထိုအခါ တဦးတည်း ကျန်ရှိသော လူငယ်၏ ရည်းစား အမျိုးသမီးမှ အိမ်တံခါး ကို သွား၍ဖွင့်ပေးလိုက်၏။
ထိုအခါ တံခါးဝ တွင်ရပ်နေသည်မှာသူမ၏ အဖေ မဟုတ်ပဲ မြင်း ဖြစ် နေသည်ကို တွေ့လိုက်လေသည်။
သူ့အဖေမဟုတ်ပဲ...မြင်းဖြစ်နေ၍ အမျိုးသမီးမှ အံ့သြ သင့်နေစဉ်....မြင်း မှ ပြောလိုက်တာက...
" သခင်မ ခင်ဗျာ.....အပြင်မှာ မိုး အရမ်း ရွာ နေ ပါတယ်....၊ အဲဒါကြောင့်.....ကျနော်
  တိုက်အောက်ကဆင်ဝင်မှာ မိုးခိုရင်း ......
 စောင့်နေမယ်လို့ ကျနော့် သခင်ကို ပြောပြပေးပါ ဗျာ..." ......တဲ့
 တိန်
Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →
0 comments:
Post a Comment