Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, October 30, 2013

မပြောင်ရင် စားမယ်

ဖုန်စုပ်စက် အရောင်း/မာကဲတင်း တစ်ဦးဟာ အိမ်တစ်အိမ်ရဲ့  တံခါး ပေါက်ကို သွားခေါက်ပါတယ်။

အိမ်ရှင်မ အမျိုးသမီးက တံခါးပေါက်ဖွင့်ပေးရုံပဲ ရှိသေးတယ်။ အရောင်း အမျိုးသားက အိမ်ထဲ

တန်းဝင်လာပြီး ဧည့်ခန်း အလယ်တည့်တည့်မှာပဲ အသင့်ပါလာတဲ့ နွားချေးထုပ် ကို ဖြေလို့

သွန်ချလိုက်ပါတယ်။ ပြီးတော့ အောက်ပါအတိုင်း စကားဆိုပါတယ်။

အရောင်းဝန်ထမ်း - အစ်မကြီး မျက်စိရှေ့ မှာ မြင်နေရတဲ့ ဒီနွားချေးကို ဒီဖုန်စုပ်စက်နဲ့ ၃ မိနစ်အတွင်း   

                       ကျနော်ရှင်းမယ်။ မရှင်းနိုင်ရင်၊ မပြောင်ရင် ကျန်တဲ့နွားချေးကော၊ ရှင်းပြီးသားကော

                        ကျနော်အကုန်စားမယ်။

အိမ်ရှင်မ           - အင်း. ငရုတ်ဆီလိုသေးလား.။

အရောင်းဝန်ထမ်း - ဘာဖြစ်လို့လဲ အစ်မကြီးရဲ့  ။

အိမ်ရှင်မ           - ကျမအိမ်မှာ အခုချိန်ထိ မီးမလာတာ ၂ ရက်ရှိပြီ။


သင်ခန်းစာ - မည်သည့် စီမံကိန်း /Project ကိုပဲ ဖြစ်ဖြစ် စတင်မလုပ်ကိုင်မှီ လိုအပ်တဲ့ အရင်းအမြစ်

                 (Resource) ရှိမရှိ စုဆောင်း၊ စစ်ဆေး ရပါမယ်။

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment