Subscribe For Free Updates!

We'll not spam mate! We promise.

Wednesday, October 30, 2013

တူ.......


တရားရုံးတစ်ခုတွင်ဖြစ်သည်။

နှစ်လောင်းပြိုင်လူသတ်မှုရဲ့တရာခံကို ပြစ်ဒဏ်ချမှတ်ဖို့ တရားသူကြီးက အမိန့်စာကို ဖတ်ကြားနေပါတယ်… …

“မောင်မင်းဟာ…ဇနီးဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုက တစ်ခု…”

ထိုစဉ်အသံတသံထွက်လာ၏။

“ခွေးသူတောင်းစား”

တရားခွင်ရဲ့ နောက်ပိုင်းနားမှာထိုင်နေတဲ့ ကိုထုံက တရားခံကို ထ ဆဲလိုက်ခြင်းဖြစ်၏။

တရားသူကြီးက ကိုထုံ့ကို လှမ်းကြည့်သည်။

ဒါပေမယ့် ဘာမှမပြောဘဲ အမိန့်စာကို ဆက်ဖတ်လိုက်တယ်… …

“မောင်မင်းရဲ့ ယောက်ခမဖြစ်သူကို မသေမချင်း တူနဲ့ထုသတ်ခဲ့တဲ့ ပြစ်မှုကတစ်ခု…”

“မအေပေး အမျိုးယုတ်” .. ကိုထုံ က ထ ဆဲပြန်တယ်။

ဒီတခါမှာတော့ တရားသူကြီးက လှမ်းပြောတယ်… ..

“လူကြီးမင်း၊ ဒါတရားရုံးဖြစ်ပါတယ်၊ ဒီလို ရက်စက်စွာ အသတ်ခံရတဲ့ လူတွေအတွက်

ခင်ဗျား ဘယ်လောက်ခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်၊

ဒါပေမယ့် နောက်ထပ် တရားရုံးကို နှောင့်ယှက်မယ်ဆိုရင်တော့ ခင်ဗျားကို အရေးယူရပါလိမ့်မယ်”

“ဟုတ်ကဲ့…နောက်မဆဲတော့ပါဘူး” ဟု ကိုထုံက ဖြေ၏။

တရားသူကြီးက အမိန့်စာ ဆက်ဖတ်မလို လုပ်ပြီးမှ စိတ်ထဲမှာမရှင်းတာနဲ့ ကိုထုံကို လှမ်းမေးပါတယ်… …

တရားသူကြီး။ ။ “ဒါနဲ့ နေပါအုံး၊ ခင်ဗျားနဲ့ သေဆုံးသူတွေဟာ ဘယ်လိုများ ပတ်သက်ပါသလဲ”

ကိုထုံ။ ။“ဘယ်လိုမှ မပတ်သက်ပါဘူး”

တရားသူကြီး။ ။ “ဟင်… ဒါဆို ဘာလို့ ဒီလောက်တောင် ဒေါသတွေ ထွက်နေရတာလဲ”

ကိုထုံ။ ။ “ထွက်တာပေါ့ဗျ၊ ဒီကောင်နဲ့ကျနော် အိမ်ချင်းကပ်လျက်နေလာတာ ၁၀ နှစ် ကျော်ပြီ၊

သူ့ဆီမှာ တူ သွားငှားတိုင်း မရှိဘူးချည်း ပြောပြောလွတ်နေတာ....လေ..”..........တဲ့

တိန်

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment