Subscribe For Free Updates!

We'll not spam mate! We promise.

Saturday, November 30, 2013

ကမ္ဘာ့ဈေးအကြီးဆုံး လပ်တော့

နောက်ထပ် Laptop တစ်မျိုးကလည်း ကမ္ဘာ့ဈေးအကြီးဆုံး Laptop ဖြစ်ကြောင်း ကြေညာလိုက်ပြန်ပြီ ဖြစ်ပါတယ်။ Tulip အမည်ရ နယ်သာလန် ကွန်ပျူတာပစ္စည်းကုမ္မဏီမှ ထုတ်လုပ်တာ ဖြစ်ပါတယ်။
Tulip E-Gold Diamond လို့အမည်ပေးထားတဲ့ Notebook ဖြစ် ပါတယ်။ ရွေဖြူ Pallidium ကိုယ်ထည်နဲ့လုပ်ထားပြီး ၉၀ ကာရပ်အဆင့် သန့်စင်တဲ့ စိန်လည်း ထည့်သွင်းထားပါသေးတယ်။ Tulip ရှေ့ နဲ့ နောက်လိုဂို နှစ်ခုကို လေးထောင့် ပုံသဏ္ဍန် ပတ္တမြား နှစ်လုံး ထည့်သွင်း ထားပြီး ယင်းတန်ဖိုးသီးသန့်တောင် ယူရိုငွေ ၂၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ အပြည် မျက်နှာပြင်ကို သားရေ၊ ဖိုက်ဘာ၊ သစ်သား၊ သတ္တု အားလုံး အချိုးညီ ပေါင်းစပ်ထည့်သွင်း တည်ဆောက်ထားပါတယ်။
Notebook ဆိုတာထက် ဖက်ရှင်ကျကျ ပစ္စည်းတစ်ခုပုံ ပေါက်နေပါတယ်။ အတွင်းက နည်းပညာဆိုင်ရာ Hardware နဲ့ software ကတော့ ဝယ်သူ စိတ်တိုင်းကျ ထည့်သွင်းပေးပြီး နောက်ဆုံးပေါ် ပစ္စည်းများ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ အပိုအိတ်တစ်ခုလည်း ပါဝင်ပါသေးတယ်။ integrated web camera, Bass reflex sound system တို့ ပါရှိပါတယ်။ အပြင်ဘက်၊ အတွင်းဘက် အလင်းအမှောင်မျိုးစုံမှာ အသုံးပြုနိုင်မယ့် Anti-glared display ၁၂လက်မ အရွယ်အစားကို အသုံးပြု ထားပါတယ်။
လက်ရှိ Tulip E-Gold Diamond -Notebook တစ်လုံးရဲ့ ပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၃သိန်းခွဲ ရှိတဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး လပ်(ပ်)တော့ ဖြစ်တယ်လို့ Tulip တို့ ကြေညာထားပါတယ်။
 
 
Ref:zurmat.

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment