ပထမဦးဆုံး Hash ဆိုတာ ဘာလဲပြောရအောင်…။ ကျွန်တော်တို့ Forum တစ်ခုထဲကို
ဝင်လိုက်တဲ့အခါ
Password ရိုက်သွင်းလိုက်ရင် အဲ့ဒီ့ Password ဟာ Web Server
ကသတ်မှတ်ထားတဲ့ Table
တစ်ခုထဲကို
ဒီလိုပေါ့ f5d1278e8109edd94e1e4197e04873b9 ဗျာ သာမန်
ကျွန်တော်တို့ရိုက်လိုက်တဲ့ ရိုးရိုး
Password ကို Plain Text လို့
ခေါ်ပြီး Hash Table က ထွက်လာတဲ့ ဟာကိုတော့ Hash လို့ခေါ်ပါတယ်
ဥပမာ Plain
Text ဟာ tester ဖြစ်ရင် Hash ကတော့ လူဖတ်မရတဲ့
f5d1278e8109edd94e1e4197e04873b9 ပေါ့ Hash ကို ဘယ်သောအခါမှာ Plain Text
အဖြစ်ပြောင်းလဲလို့မရတော့ပါဘူး Hash ကို Decrypt လုပ်နိုင်တယ်ဆိုတာ
တစ်ကယ်တော့လုံးဝ
မဟုတ်ပါဘူးPlain Text အဖြစ်ပြောင်းတာဟာလည်း Decrypt
လုပ်တာမဟုတ်ဘဲ Brute Force
လုပ်တာပါ နောက်မှ အဲ့ဒီ့ အပိုင်းကို
သေချာရှင်းပြပါ့မယ်.။ ဒါဆို ဘယ်လို Access
Gratiented ဖြစ်သလဲဆိုတော့
ကျွန်တော်တို့ Plain Text အဖြစ်ရိုက်သွင်း လိုက် တဲ့ Pass ဟာ Hash
Table
ကို ဖြတ်ပြီး Hash ဖြစ်သွားပါတယ် အဲ့ဒီ့ Hash နဲ့ နဂို Password
ကိုသတ်မှတ်တုန်းက Data Base
ထဲမှာ သိမ်းထားတဲ့ Hash တိုက်စစ်လို့တူတဲ့
အခါမှာ Access Gratiented ဖြစ်ပြီး မတူညီတဲ့အခါမှာတော့
Access Denied
ပေါ့ဗျာ (တကယ်လို့ ခင်ဗျားသာ Web Server ထဲက Password တွေကို Hijack
လုပ်ယူနိုင်တယ်ဆိုရင် Plain Text နဲ့ ထွက်ပေါ်လာဖို့ ခဲယဉ်းပါတယ် Web Server
အများစုက Hash
Table များနဲ့ Crypt ထားတဲ့အတွက် Hash တွေပဲ
ထွက်ကျလာမှာဖြစ်ပါတယ် ဒီလို Hash တွေကိုဖြည်ဖို့
Hash Type တွေ ကို
သိဖို့လိုပါလိမ့်မယ် ) ကဲ ဒါဆို Hash ဆိုတာ ဘာလဲ သိလောက်ပါပြီ Type of
Hash
ဆိုတာလေးစရအောင် ပထမဆုံး အသုံးအများဆုံး Hash ဖြစ်တဲ့ MD5 Hash
အကြောင်းစပါ့မယ် MD5
Hash MD5 Hash မှာ အလုံးပေါင်း
သုံးဆယ့်နှစ်လုံးပါဝင်ပါတယ် ( 128 Bit Encryption ပေါ့ဗျာ ) a-z နဲ့
0-9
ပါဝင်ပါတယ် ဥပမာ – f5d1278e8109edd94e1e4197e04873b9 တကယ်လို့ အထက်က အချက်
တစ်ခုခုနဲ့မတူရင် MD 5 Hash မဟုတ်ပါဘူး
SHA1 SHA1 Hash ဟာလည်း အသုံးများတဲ့ Hash Type တွေထဲမှာပါဝင်ပြီး ပိုမို
လုံခြုံမှုရှိပါတယ် SHA1
Hash မှာ အလုံးပေါင်းလေးဆယ်ပါဝင်ပါတယ် ( 160 Bit
ပေါ့ ) အရင်အတိုင်းပဲ a-z , 0-9 ပါဝင်ပါတယ်
ဥပမာ –
ab4d8d2a5f480a137067da17100271cd176607a1 MySQL < 4.1 ဒီ Hash Type
ကတော့
MySQL Version 4.1 အောက်က Server တွေမှာ အသုံးများပြီးတော့ ဒီ Type
ကို မြင်တာနဲ့
Defacer ပေါက်စတွေဟာ ပျာယာ ခပ်တတ်ကြပါတယ် သူ့ မှာ Character
16 လုံးပဲရှိပါတယ် ( 64 bits
ရှိပါတယ် ) ထုံးစံအတိုင်း a – z , 0 – 9
ရှိပါတယ် ဥပမာ – 606727496645bcba MySQL5
အရင်တုန်းက ကျွန်တော့်ကို ဒုက္ခ
အပေးဆုံး Type တစ်ခုပါ အဲ့ဒီ့ တုန်းက Hash
Type တွေကိုလည်းသေချာမသိ Skill
ကလည်းချာသေး ( ခုလည်းချာတာပါပဲ ) တော့ ဟိုလူကယ်ပါ
ဒီလူကူပါပေါ့ဗျာ ဟီး
ပိုဆိုးတယ်ဗျ Character ၄ဿ လုံးရှိတယ် အားလုံးက Capital
Latter တွေချည်း
ပြီးတော့ ခရပွင့် Star ( * ) နဲ့ စသဗျာ ဥမာ –
*C8EB599B8E8EE7BE9F1A5691B7BC9ECCB8DE1C75 MD 5 ( WordPress ) ကျွန်တော်
အကြောက်ဆုံး Hash ပါ ဘယ်လောက်ထိလဲဆို SQL Injection လုပ်လို့ Pass ကို ဒီ
Hash ထွက်ရင်
လှည့်ကိုမကြည့်တော့ဘူး အဲ့ဒီ့ ဆိုဒ်ကို လက်လျှော့ပစ်တယ်
အဲ့ဒီ့အထိဆိုးပါတယ် ဟီး သူ့ မှာ $P$
နဲ့စပါတယ် 0-9 A-Z a-z အစုံကိုပါပါတယ်
သုံးဆယ့်လေးလုံးရှိပါတယ် ကြည့်လိုက်ပါ
$P$9QGUsR07ob2qNMbmSCRh3Moi6ehJZR1
MD 5 (phpBB3 ) phpBB3 နဲ့ဆောက်ထားတဲ့
Forum တွေမှာအသုံးပြုပါတယ်
$H$ နဲ့စပါတယ် MD 5 WordPress လိုပါပဲ အစုံပါပါတယ် Character
သုံးဆယ့်လေးလုံးရှိပါတယ် ဥပမာ
– $H$9xAbu5SruQM5WvBldAnS46kQMEw2EQ0 ကဲ
ဒါဆို Hash Type အစုံကို သိလောက်ပါပြီ
Credit To, itdroupmyanmar
0 comments:
Post a Comment