Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, November 26, 2013

Conflicting/ Collisions of the Hard Disk Unique ID

External Hard disk ၂ လုံးရဲ့ unique id တွေ တူနေပြီး Windows က ၁ လုံးကိုပဲ သိတော့တဲ့ ပြဿနာ ကိုဘယ်လိုဖြေရှင်းမလည်း။
ဒီဖြစ်စဉ်က ဖြစ်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့် အလုပ်မှာ ဖြစ်ခဲ့တာလေးကို ဘယ်လို ဖြေရှင်းခဲ့တယ်ဆိုတာလေးကို ပြောပြပေးသွားမှာပါ။
WD 1.5 TB hard disk ၂ လုံးပိုင်တဲ့ project manager ကသူ့ကွန်ပျူတာက hard disk ၂ လုံးတပ်လိုက်တဲ့ အခါ တစ်လုံးပဲ ပြပါတယ်ကူညီပေးပါဦးတဲ့။ ဒါနဲ့ ၂ လုံးလုံးကို ကွန်ပျူတာရဲ့ disk management ထဲဝင်ကြည့်တဲ့ အခါ ပေါ်နေပါတယ် ဒါပေမယ့် My Computer ထဲမှာ ကျ၁ လုံးပဲပြနေတယ်။ ဒါနဲ့ Google လုပ်ကြည့်တဲ့အခါမှ ဒါဟာ disk unique id conflict/collisions ဖြစ်နေတာတဲ့။
hard disk unique id ဆိုတာ သူ့ကို ထုတ်လုပ်တဲ့ ကုမ္ပဏီက hard disk တွေထုပ်လုပ်လိုက်တိုင်းမှာ စီးရီးအမည်တွေနဲ့ ထုပ်လိုက်တာပေါ့။ ဥပမာ WD ကနေထုတ်တဲ့ hard disk အခု တစ်ထောင်ဆို WD1 ကနေ WD1000 ပေါ့။
ဒါပေမယ့် ရှား၂ပါး၂ ပဲ စက်ချို့ယွင်းမူကြောင့်သော်လည်းကောင်း WD55 က နှစ်ခုဆင့်ပြီး အမည်ပေးမိလိုက်တယ်ဆိုပါဆို့ ဒါကို Disk unique id collisions ဖြစ်သွားတယ်လို့ဆိုပါတယ်။
ဒါဆို ကျနော်တို့ သုံးနေတဲ့ Windows OS က ၂ လုံး တစ်ပြိုင်နက်တဲ့ တပ်လိုက်တဲ့ အခါ Windows CPU က တစ်လုံးကိုပဲ သိပါတော့တယ်။ ဒီလိုအခါမျိုးမှာ hard disk တစ်လုံးရဲ့ unique id ကိုပြောင်းပေးမှသာ Windows က သိရှိဖော်ပြပေးမှာဖြစ်ပါတယ်။ unique id ဆိုတာ hard disk ကို ကိုယ်ပေးချင်သလို Rename လုပ်ပြီးပေးတဲ့အမည်မဟုတ်ဘူးနော်။ (ကျနော်ပထမထင်သလို အမည်ပြောင်းလိုက်ရင်ရတယ်လို့ ထင်နေမှာဆိုးလို့ :P )
ကဲဒီလိုပြဿနာဖြစ်လာပြီဆိုရင် အမည် ပြောင်းဖို့ အတွက် ကိုယ်တိုင် က Administrator of Windows ဖြစ်ရပါမယ်။ အမည်တူနေတဲ့ hard disk ၂ လုံးကိုလည်း တပ်ထားပါ။
၁။ command line ကိုသွားပါ။ (start menu\run\cmd or start menu\command poromt)
၂။ diskpart ဆိုပြီးရိုက်ပါ။ yes or no မေးရင် yes ပေါ့။
၃။ list disk ဆိုပြီးထပ်ရိုက်ပါ။ ဒါဆို ကိုယ့် ကွန်ပျူတာမှာရှိတဲ့ partitions နဲ့ hard disk တပ်ထားသမျှကို ဖော်ပြပေးမှာပါ။ (ကျနော်ကတော့ 1.5 GB ၂ လုံးနဲ့ ကျနော် ကွန်ပျူတာက hard disk ကို အမှတ်စဉ် disk 0, disk 1 ၀ ၊ ၁ ၊ ၂ ဆိုပြီး အစဉ်အတိုင်းတွေ့ရပါတယ်)
၎။ အဲ့အထဲမှာ 1.5 GB တစ်လုံးက disk 1 မှာရှိနေတယ်ဆို select disk 1 ဆိုပြီးရိုက်ပါ။ အဲ့အခါသူက Disk 1 is now the selected disk ဆိုပြီးပေါ်နေပါလိမ့်မယ်။
၅။ ထပ်ပြီး uniqueid disk ကိုရိုက်ပါ ။ ဒါဆို disk id:21735800 စသဖြင့် ပေါ်လာပါလိမ့်မည်။ အဲဒါက အဲ့ hard disk ရဲ့ uniqueid ပါပဲ။
၆။ ကျနော်တို့က အဲ့ အမည်တွေကို ကျန်တဲ့ တစ်လုံးနဲ့ မတူအောင် တစ်လုံးတိုး တစ်လုံးလျော့ လောက်ပြောင်းလိုက်ရင်ကို အဆင်ပြေပါပြီ။ ဒီတော့ uniqueid disk ID=21735801 ဆိုပြီး အတိအကျ တစ်လုံးတိုးပြီး ရိုက်လိုက်ပါ။ ဒါဆို ကျနော်တို့ အဲ့ hard disk ရဲ့ uniqueid ကိုအောင်မြင်စွာ ပြောင်းလည်းပြီးသွားပါပြီ။
ပြီးတာနဲ့ exit ဆိုပြီးထွက်လိုက်နိုင်ပါပြီ။ ပြန်ပြီးစစ်ချင်ရင်တော့ ပြောခဲ့တဲ့ အဆင့်တွေအတိုင်း ပြန်သွားပြီး ပြောင်းမပြောင်း စစ်နိုင်ပါတယ်။ ဒါဆို သင့်Windows က Hard Disk ၂ လုံးစလုံးကို My Computer မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 
 
Credit to >>>>  ITGROUPMYANMAR

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment