ခေါင်းစဉ်ကြည့်ပြီးလဲ လန့်မသွားနဲ့ ဦးနော်
ဒီ ဂိမ်း လေးက သေနတ်တွေကို တစ်စစီ ဖြုတ်ပြီး ကလိလို့ရလို့ ကလိချင်တဲ့သူတွေအတွက်လို့ပြောတာပါ
ဒီဂိမ်းလေးက ပြောရမယ်ဆိုရင် ပစ်ခတ်ဆော့ကစားရတဲ့ သေနတ်ပစ်ဂိမ်းတော့ မဟုတ်ပါဘူး ။
သူက သေနတ် တစ်လက်ဘယ်လိုပြုလုပ်ထားတယ်ဆိုတာကို သင်ကြားပေးမှာဖြစ်ပါတယ်။
သေနတ် အမျိုးအစားတွေလဲ များစွာ ပါဝင်ပါတယ် ။ကြိုက်နှစ်သက်တဲ့ လက်နက်ကို တစ်စစီ ဖြုတ်/တပ် လုပ်လို့ရပါတယ်။
သေနတ်ပစ်ခတ်ရင် ကျည်ဆံက ဘယ်လိုထွက်သွားတယ်ဆိုတာကအစ အသေးစိတ် အနှေးကြည့်ရှုနိုင်ပါတယ် ။
ကြိုက်နှစ်သက်တဲ့ လက်နက်ကို ရွေးချယ်ပြီးတော့ Demo / Operation / Disassembly / Assembly / Game ဆိုပြီး ရွေးချယ်နိုင်ပါတယ်။
Demo မှာ ဆိုရင်တော့ သူက သေနတ်ကို တစ်စချင်း သူ့ဘာသာသူဖြုတ် ပြပါတယ် ။ဖြုတ်ပြတဲ့နေရာမှာလဲ လုံးဝ အသေးစိတ်ပြသထားပါတယ် ။
ပြီးရင်တော့ start assembly ဆိုတာလေးပြပါလိမ့်မယ် ။
Start Assembly ကိုနှိပ်လိုက်ရင်တော့ သူက အကုန် auto ပြန်တပ်ပြသွားမှာပါ ။
Operation မှာတော့ သေနတ်ပစ်ခတ်ရင် ကျည်ဆံ ထွက်တာက အစ အသေးစိတ် ကြည့်ရှုနိုင်ပါတယ် ။ စိတ်ကြိုက်လေ့လာနိုင်ပါတယ် ။
Disassembly မှာတော့ ကိုယ့်စိတ်ကြိုက် တစ်စစီ ဖြုတ်နိုင်ပါတယ် ။ဖြုတ်ရမယ့် အကြိမ်အရေ အတွက်ကိုလည်း ဖော်ပြပေးထားပါတယ် ။
ဘယ်လိုဖြုတ်ရမလဲမသိရင်တော့ computer ကို ဖြုတ်ခိုင်းနိုင်ပါတယ် ။ အကုန်လုံးကို အသေးစိတ် ပြုလုပ်နိုင်ပါတယ် ။
Assembly မှာတော့ သူက တစ်စစီဖြုတ်ပေးထားတာကို သေချာပြန်လည်တပ်ဆင်ပေးရမှာပါ ။
ဘယ်နှစ်ခု တပ်ဆင်ဖို့ ကျန်တယ်ဆိုတာ ကိုလဲ ဖော်ပြပေးထားမှာပါ ။
ကျန်တာကိုတော့ ဘော်ဘော်တို့ ခုပဲ ဒေါင်းပြီး ကလိကြည့်တော့နော် ……. ။

လိုချင်တဲ့ သူတွေကတော့ File Size – 49MB လောက်နဲ့ အောက်မှာဒေါင်းသွားနိုင်ပါတယ် ။
Download
0 comments:
Post a Comment