Subscribe For Free Updates!

We'll not spam mate! We promise.

Tuesday, November 19, 2013

Android os ရဲ့ သမိုင်းကြောင်း

Android Operating System ဆိုတာ Linux ကို အခြေခံထားတဲ့ Operating System တစ်ခုဖြစ်ပြီး Smart Phone တွေနဲ့ Tablet တွေမှာ အသုံးပြုဖို့ရည်ရွယ် ထားတာဖြစ်ပါတယ်။
Android Inc. ဆိုတဲ့အဖွဲ့အစည်းတစ်ခုက 2003 ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2005 ခုနှစ်မှာတော့ Google ကဝယ်ယူခဲ့ပါတယ်။Android OS စနစ်ပထမဆုံးအသုံးပြုထားတဲ့
ဖုန်းကတော့ HTC Dream ပဲဖြစ်ပါတယ်။ iPhone ထက် ၁ နှစ်ခန့်နောက်ကျပြီးမှ ထွက်လာတာဖြစ်ပါတယ်။Android ဟာ open source OS တစ်ခုဖြစ်ပါတယ်။ Open Source
ဆိုတာကတော့ Source Code တွေကို ရယူခွင့်၊ ပြင်ဆင်ခွင့်ရရှိပါတယ်။ တစ်ခါတစ်ရံ အခကျေးငွေပေးရပေမဲ့ Google ရဲ့ Android ကတော့ Free And Open Source ဖြစ်ပါတယ်။
Apache License ကတော့ Android ရဲ့လိုင်စင်ပဲဖြစ်ပါတယ်။ Mobile Developer တွေအတွက်လည်း Android ဟာ စွဲဆောင်မှုရှိတဲ့ Platform တစ်ခု ဖြစ်ခဲ့ပါတယ်။ Mobile Developer
တွေရဲ့ 71% ဟာ Android Developer တွေဖြစ်တယ်လို့ စစ်တမ်းတစ်ခုအရသိရပါတယ်။ ဒါပေမဲ့ crack တွေများတဲ့ အတွက် developer တွေအတွက်အမြတ်အစွန်း များများစားစား
မရရှိပါဘူး။Google Play Store ကဝင်ငွေကို Google ကမှီခိုနေရတာမဟုတ်တဲ့အတွက် Google အနေနဲ့ Google Play ကမဟုတ်တဲ့အတွက်တခြား Google Play မှာမရှိတဲ့ software
တွေကိုပေးသွင်းထားပါတယ်။ အဲ့ဒါကလည်း Developer တွေကိုစွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။  2010 နှစ်ကုန်ခါနီးမှာတော့ Symbian OS ကိုကျော်တက်ခဲ့ပါတယ်။
Smart Phone ကုမ္ဗဏီ တွေအနေနဲ့လည်း ပြုပြင်ပြောင်းလဲလွယ်တဲ့ Android OS ကိုနှစ်ချိုက်သဘောကြပါတယ် (Nokia တော့မပါဘူးပေါ့ဗျာ)။ Android ဟာအခုဆိုရင် ဈေးကွက်ဝေစု
64% ရရှိထားပါပြီး Apple iOS ရဲ့ အဓိက ပြိုင်ဖက်ဖြစ်နေပါတယ်။ Apple ကတော့ Device ရောင်းတာအပြင် Software ရောင်းတဲ့ အမြတ်အစွန်းရတော့ Android ကိုကောင်းကောင်း
ယှဉ်ပြိုင်နိုင်ပါတယ်။Blackberry OS နဲ့ Windows OS ကတော့ Mobile OS မှာတတိယနေရာကိုလုနေတာဖြစ်ပြီးယခုဆိုလျှင် Ubuntu OS ကပါတတိယနေရာအတွက်ဝင်ရောက်လာ
တာကိုတွေ့နိုင်ပါတယ်။နောက်ပိုင်းဆိုရင်တော့ဘယ်သူတွေထိပ်ရောက်မလဲမသိပေမဲ့ Android OS ကတော့အခုလောလောဆယ်လူအသုံးများဆုံး OS ဖြစ်နေပါတယ်။Android OS ကို
လူသုံးအများဆုံးဖြစ်စေတဲ့ Samsung ဟာ Android နဲ့လမ်းခွဲတော့မယ်လို့သိရပါတယ်။သေချာတာကတော့နောက်ပိုင်း Mobile OS တွေဟာတိုက်ပွဲပိုပြင်းထန်လာနိုင်ပြီးအသုံးပြုသူတွေ
အနေနဲ့လည်း Features အသစ်တွေမြောက်များစွာ မြင်ရနိုင်ပါတယ်။ဒါကတော့ Android OS အဆင့်ဆင့်ပါ။

1.Cupcake
2.Donut
3.Eclair
4.Froyo
5.Gingerbread
6. Honeycomb
7.Ice Cream Sandwich
8.Jelly Bean
9.Key Lime Pie

Socializer Widget By Blogger Yard
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment