ကိုအောင်မောင်း က သရဲအရမ်းကြောက်တတ်သည် ။ ခက်တာက ခု သချိုင်္င်းအနားကို ဖြတ်မောင်းရမည် ။
..ဒီသချိုင်္င်းကလဲသရဲအရမ်းခြောက်ဟု ...နံမည်ကြီးသည်။
သူ့ ခပ်သွက်သွက်လေး မောင်းလာ၏ ။
သိပ်မကြာ .. အပင်ကြီးတစ်ပင်အောက်မှာ မိန်းမ တစ်ယောက် ဆံပင်ဖားလျား ချလျက်
အန်ီရောင်ဂါဝန်ကြီးနှင့်လက်တားနေတာတွေ.သည်။
သူ ကြောက်စိတ်က ၀ုန်းဆိုထသည်။ " ကားကြုံလေး လိုက်ပါရစေကွယ် "ဟု ငြင်ငြင်သာသာ ပြော၏။
ကူညီမည်ဟုတွေးမိပီး သူမအားကား အထဲကိုပထမ..
ထိုင်ခိုင်းပြီးမှ ကြောက်စိတ်ကြောင့် ပြန်နှင်ထုတ်ပစ်လိုက်သည် ။ပြီး မောင်းထွက်လာ၏။
" ဟူး တော်ပါသေးရဲ့ " ဟု သက်ပြင်းချကာစ
ရှိသေးအနောက်မှာ ပြေးလိုက်လာတာတွေ.ရလေတော့သည်။
ဆံပင်ဖားလျားကြီးမှာလဲ ကြောက်မက်ဖွယ် ဖွာလျက် ၊အသံနက်ကြီးဖြင့် ပါးစပ်ကလဲ
ပလုံးပထွေးအော်လာသည် ။
ကျောထဲစိမ့်သွား၏ ။သူ သရဲခြောက်ခံရပြီဟုတွေးရင်းလီဗာကိုမြှင့်သည် ။ မရပါ....ထပ်ချပ်မကွာ....
သူမ.. ကလဲ ဇွဲကောင်းစွာ လိုက်လာဆဲ ။ အောင်မောင်းတစ်ယောက် အရမ်းထိတ်လန့်နေပြီ ။
နောက်ဆုံး ရဲစိတ်တင်ပြီးကားကိုရပ်လိုက်သည် ။
မျက်လုံးစုံမှိတ်ကာ ကြောက်လန့်စွာဖြင့်သရဲမအား မေးလိုက်သည် ။
" ခင်ဗျား ....ခင်ဗျား ဘာ..ဘာလို့......ကျူပ်နောက်ကို လိုက်နေတာလဲဗျ ? "
သရဲမ.. မှ.... မောဟိုက်စွာနှင့် ပြန်ဖြေသည် ။
" ဟဲ့ သေနာရဲ့ ငါ့ဂါဝန်နဲ့ နင့်ကားနဲ့ ညိနေတာကိုးဟဲ့ "...တဲ့
ရီမောပျော်ရွှင်ပါစေ(..အမှတ်တရ..သူငယ်ချင်းတဦးသို့)
0 comments:
Post a Comment