ယောက်ျား ပီသတယ် ဆိုတာ
ကိုယ်နိုင်တဲ့လူကို ဖိတွယ် တတ်တာ ဆိုရင် ....
ရိုးသားတယ် ဆိုတာ
သူများ မကောင်းကြောင်းနဲ့ ကိုယ်ကောင်း ကြောင်းကို
မကွယ်မ၀ှက် ဖွင့်ပြော တတ်တာ ဆိုရင် ....
ကြိုးစားတယ် ဆိုတာ
ကိုယ့် မိသားစု ကောင်းစားရေး တစ်ခုတည်း အတွက်
ကြံစည်တာ ဆိုရင် ....
ဂုဏ်သရေ ရှိတယ် ဆိုတာ
သူတစ်ပါး အပေါ် အထက်စီးက ဆက်ဆံခွင့် ရတာ ဆိုရင် ...
အားကိုးရတယ်ဆိုတာ
ညွှန်ကြားရေးမှူး နဲ့ ပီအေနဲ့
ခင်တယ် ဆိုတာကို ပြောတာ ဆိုရင် ....
မင်းရဲ့ဧည့်သည်တော် စာရင်းထဲက ငါ့နာမည် ရဲ့ဘေးမှာ
ရာသက်ပန် ဖျက်သိမ်း ဆိုတာလေး
တဆိတ်လောက် တေးမှတ် ထားလိုက် စမ်းပါ ကွယ် ..........
0 comments:
Post a Comment